ဘာခေါင်းစဉ် ကြီး လဲ ဆိုပြီး ဝင်လာကြတယ်လား။ :-)))

အလျှောက်ကောင်း တဲ့ ရှေ့နေနို ကို ပုံလေး တစ်ပုံပြချင် လို့ တင်လိုက်ပါတယ်။
ဒီ သတင်းလေး ကို ဖတ်ပြီးပြီချင်း သဘောကျလွန်းလို့ ဖဘ ထဲ မှာတောင် မျှခဲ့ဘူးတာပါ။

လေယာဉ်မှူးကြီး က သူ့ရဲ့ လက်ထောက် Co-pilot က သူ့သမီး ပါလို့ ဂုဏ်ယူစွာကြေငြာ ခဲ့တဲ့ လေယာဉ် ခရီးစဉ် ရဲ့ သတင်းလေးပါ။
သူတို့ပုံလေးကလဲ အလုပ်ထဲ မှာပါဘဲ။
ဒါပေမဲ့ မျက်နှာ ပုံစံ ကို ကြည့်ပါ။
အဲဒီ သားအဖ အတွက် သူတို့ အမေ ဘယ်လောက် ဂုဏ်ယူလိုက်လေမလဲ မှန်းကြည့်မိသေး။
နောက်ပြီး ကလေး တွေ နဲ့ ခရီးသွားတိုင်း “မရောက်သေးဘူးလား” မေးကြတာ ကို သတိရပြီး
အဲဒီ ကလေးမ လေးကလဲ သူ့ အဖေကို “Are we there yet? ” လို့ နောက်ပြီး မေးနေမလား တွေးပြီး ပြုံးမိခဲ့တဲ့ ပုံလေးပါ။

  • Captain Peter Elliott has worked as pilot for Thomas Cook for over 30 years
  • He inspired his daughter Laura to join and learn to fly herself in 2009 
  • She flew Airbus and her father Boeings so working together was unlikely
  • Fluke in the roster meant father and daughter shared cockpit this month 
  • Mr Elliott made announcement to passengers that it was a special flight 
  • He told those travelling to Tenerife he was flying with his daughter  

After 30 years as a pilot, Captain Peter Elliott got to fly with a co-pilot he knew more than most.

The pilot, who has clocked up more than 15,500 hours of flying during his career, made a special announcement to passengers travelling from Birmingham to Tenerife to tell them he was flying with his daughter.

Senior First Officer Laura Elliott has been flying for six years but has never before got to work her father who first inspired her to fly when she was 18.

Read more: http://www.dailymail.co.uk/news/article-2956983/Father-59-30-year-old-daughter-finally-fly-pilots-Thomas-Cook-flight-Tenerife.html#ixzz3aWWTtFOd

TC Pilots
ရှင်တို့ ရဲ့ ခေးမလေး ကိုလဲ လေယာဉ်မောင်းနေချိန် ဓာတ်ပုံရိုက် တာ ကို မပြောပါဘူး။
သူ့ရဲ့ မျက်နှာပေး ကို ဝေဖန်ခဲ့တာပါ။

အပြင် အဝတ်အစား နဲ့ ဘယ်လို ပုံစံ ရိုက်ရိုက်၊ ဘယ်လောက်ဘဲ public  ကို ထုတ်ပြပြ အကြောင်းမဟုတ်ပါဘူး။
ပေါ့ဆဆ ကလူသလို မြူသလို လုပ်တတ်တဲ့ စရိုက်မျိုး ကို  မိန်းကလေး တစ်ယောက် ပညာရှင် အဆင့် ယူနီဖောင်းဝတ် ထားချိန်မှာ မလုပ်သင့်ဘူး။
ပညာရှင် မိန်းကလေး တစ်ယောက် ကို တည်တည်ကြည်ကြည် မျက်နှာလေး နဲ့ တင့်တယ်စေလိုပါတယ်။

တကယ်တော့ အဲဒီလို ယူနီဖောင်းဝတ် Good looking powerful woman ပုံစံ ဖြစ်ဖို့ မျက်နှာ က တင်း နေသင့်တယ်။ အဲဒါက ဆွဲဆောင်မှု ပိုပြီးရှိပါတယ်။ :-)))
ဒီလို ယောကျာင်္းတွေ နဲ့ ရင်ဘောင်တန်း နိုင်တဲ့ အလုပ်ကို ကြိုးစားပြီး လုပ်နိုင်တဲ့ မိန်းကလေးတိုင်း ကို ချစ်လဲချစ်တယ်၊ လေးစားလဲ လေးစားတယ်။ အားလဲပေးတယ်။ ချီးလဲချီးကျူးတယ်။ အားလဲကျပါတယ်။
ဒီ အရီး က ဆရာမ အဖြစ်ကျင်လည်ခဲ့ဘူး တော့ ကလေး တွေ ကို ဟန်ကျ ပန်ကျ ဖြစ်စေချင်လွန်းလို့ အားမရတဲ့ အခါ နဲနဲ တွန်း တတ်တဲ့ အကျင့် က ပါနေလို့ ပြောမိတာပါ ရှေ့နေကြီး ရယ်။
အသေအချာရှင်းပြ ပြီး ရှေ့နေလိုက် ပေးထားလို့ ကျေးဇူးတင်ပါတယ်။
ဒီ ဓာတ်ပုံလေး က အမှတ်တရ လက်ဆောင်ပါ။ တစ်နေ့ ကျ နမူနာ ဖြစ်နိုင်မလားလို့။ :-)))

ရှေ့နေဇာတ်လမ်း နဲ့ ဒါ့ပုံ ပြီးတော့ ကောင်းကင်လေး ရဲ့ အစိမ်းရောင် ဇာတ်လမ်း ဆက်ပါ့မယ်။
. ရွှေတိဂုံကိုကယ်ဖို့စာ တွေ ဖတ်နေရင်း ဒီလောက် မြေကြီးပေါတဲ့ ရာသီကောင်းတဲ့ တိုင်းပြည်မှာ ပူအိုက်လွန်းလှတာ ကောင်းကင်ထောက်ပြသလို သစ်ပင်တွေ ရှားကုန် လို့ပါဘဲ။
အရင်က အရီး တို့ လမ်းထဲ အိမ်တွေတိုင်း နီးပါး အရှေ့ နဲ့ အနောက် ရှိတဲ့ မြေလေးတွေ ပေါ်မှာ သစ်ပင်ကြီး တွေ ရှိတယ်။
သရက်၊ ပိန္နဲ၊ မန်ကျည်း၊ ဒန့်ဒလွန်၊ မာလကာ သနပ်ခါးပင်၊ ဇီဇဝါပင် အစုံပါဘဲ။
၈၈ နောက်ပိုင်း တိုင်းပြည်ကြီး ကို ကယ်တင်ခံလိုက်ရပြီး နောက် အဲဒီ တစ်ချို့အပင် တွေ အခုတ်ခံရတယ်။ တစ်ချို့ ကတော့ အိမ်ပြင်ဆောက်ရင်း ခုတ်လိုက်ကြတယ်။
အစိုးရ ရဲ့ သစ်ပင်ခုတ် ရင် ထောင် ၃နှစ် ဆိုတာ က သစ်ပင်တွေ ပြုန်းမှာထက် သူခိုး လက်က သူဝှက်လု မှာကြောက်လို့။
ဒါနဲ့ဘဲ မြန်မာပြည် ထဲ အစိမ်းရောင် တစ်မျိုး ကြီးစိုးလိုက်တာ တစ်ခြား အစိမ်းရောင် တွေ ပျောက်ရော။ (ကျောက်စိမ်း ဆိုတာလဲ ပြောင်ပြီ ထင်ရဲ့)

. နောက် အရီးလဲ စိန်ပန်းကို ကြိုက်တယ်။
အထက်တန်းကျောင်းမှာတုန်းက ကျောင်းရှေ့ ပါတ်ပါတ်လည် စိန်ပန်း နီ တွေ၊ ကျောင်းထဲ မှာ အဝါ တွေ၊ တစ်အားလှတယ်။
စိန်ပန်း အပွင့်မှာ အထပ်လေး ကို ခွါပြီး လက်သဲအတု လုပ်ပြီး ကစားကြတယ်။
. နွေကျောင်းပိတ်ချိန် နီးရင် စိန်ပန်း ပွင့် နီနီ တွေ မြေမှာ ပြန့်နေပြီ။ တစ်အားလှတယ်။
သူကြီးမင်း က “ငု” ကို အမျိုးသားပန်း လို့ ရွေးထား တော့ အရီးကတော့ စိန်ပန်း ကို  ကို နိုင်ငံ ရဲ့ အမျိုးသမီးပန်း အဖြစ်ထားချင်တယ်။

အောက်မှာ ပုံလေး တွေ က သူများမြေ က အင်မတန်အေးချမ်းတဲ့ အစိမ်းရောင် မြင်ကွင်း တွေပါ။
အရီးတို့ အိမ်နောက်မှာလဲ အပင်ကြီး တွေ ရှိတယ်။
အပင်အသစ် လေး တွေလဲ အများကြီး စိုက်ထားတယ်။

F01

အစိမ်းရောင် ကို ကြိုက်တဲ့ ကြောင်

F02

အိမ်နားက အစိမ်းရောင်များ – Ash (Fraxinus excelsior) – British tree လို့ ခေါ်တဲ့ အပင် တွေ

F03

Ash အပင် ရဲ့ အရွက် နဲ့ ရော နေတဲ့ အပွင့်

F04

အလုပ်သွားတဲ့လမ်း က အစိမ်းရောင်များ – acorn, or chestnut trees တောက်လျှောက် အဲဒီ အပင်တန်းကြီး ခရေပင်လမ်း လိုဘဲ

F05

အလုပ်သွားတဲ့လမ်း က အစိမ်းရောင်များ

F06

အလုပ်သွားတဲ့လမ်း က အစိမ်းရောင်များ

F08

အလုပ် နားက အစိမ်းရောင်များ

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..