ရွာသူတဦးဖြစ်တယ့် ဆရာမဒေါ်မေအေးဦးရဲ့ လှုပ်ရှားမှုလေးတွေပါ။

ပြန်လည်တင်ဆက်ပေးခွင့်ပြုပါခင်ဗျာ။

မှတ်စု (၈၄)

ကျမ ရဲ့ Program လေး တစ်ခု . ..

 

 x x x x x x x x x x x x x x x x x x x x x x xx x x x x x x x x x x x x x x x

 

ငွေပမာဏ သိပ်မများပေမဲ့ မိသားစု တစ်ခု ကို စားသောက်ဖို့ အဆင်ပြေစေမယ်..၊ ထမင်းငတ်ခြင်းဘေး က လွတ်စေမယ် ..ဆိုရင်  .. . လုပ်သင့်တဲ့ အလုပ်ကလေး မဟုတ်လား..ရှင် .. ။

 

x x x x x x x x x x x x x x x x x x x x x x xx x x x x x x x x x x x x x x x

 

ကျမမှာ လူ သိပ်မသိကြတဲ့၊ ပြီးတော့ သိပ်လည်း တွင်တွင် ကျယ်ကျယ် မလုပ်နိုင်သေးတဲ့  program လေး တစ်ခုရှိပါတယ်..။ အဲ့ဒါလေးကိုမျှဝေရင်း . ကုသိုလ် အမျှလည်း ဝေချင်တာပါ ..။

 

 

အဲ့ဒါ ကတော့ ကျမတို့ 2000GROUP ရဲ့  မေတ္တာ အခြေခံတဲ့ “Escape from poverty”   program  လေး  ပါ ..။ ဒီ program ကို စ ချင်ခဲ့တာတော့ ကျမရဲ့ အလှူရှင်တစ်ဦးပါ ..။ သူက ဒီ program ကို စ လုပ်ချင်တယ်..ဆိုတော့ ကျမဖြင့် သူ့ကိုတောင် ကြောက်မိပါတယ်..။ ကြောက်တယ်.. ဆိုတာ သူ့ရဲ့ အလှူ ရဲရင့်မှု ကိုပါ ..။ ပြီးတော့ ကျမလည်း တာဝန်ကြီးတာရယ်ကို တွေးပြီး ကြောက်မိတာပါ..။

 

ကျမတို့ ချို့တဲ့ပေမဲ့ ပညာထူးချွန်တဲ့ ကလေးတွေကို ကျောင်းထားပေးတဲ့ program တွေ စတော့ သူက၊ တစ်လ ပြီး တစ်လ ကုန်ကျ စရိတ်ကို ပေးမဲ့အစား၊ ဥပမာ ဆေးတက္ကသိုလ် ၆နှစ်စာ တစ်လ ၅သောင်း သူလှူမယ်ဆို ၅ နှစ် ဆိုရင် သိန်း ၃၀၊  သူက သိန်း ၃၀ အဲ့ဒီကလေး မိဘ ကိုပေးမယ်..။ ကလေး မိဘက စီးပွားရေး တစ်ခုခု လုပ်၊ ရတဲ့ ၀င်ငွေ နဲ့ ကလေးကိုကျောင်းထား၊ ကလေးလည်း ဘွဲ့ရ၊ မိဘတွေလည်း စီးပွားရေးတစ်ခုအဆင်ပြေ၊ ငွေကိုတော့ ၃ နှစ် အတွင်းပြန်ဆပ်၊ ဆိုတဲ့ အစီအစဉ်ပေါ့..။ ဒါပေမဲ့ အဲ့ဒီ အတိုးမဲ့ ငွေချေးပေးတဲ့ အခါမှာ တကယ်လဲ အလုပ်လုပ်ချင်သူ၊ လုပ်လည်း လုပ်တတ်သူ၊ ရိုးသားသူ ဖြစ်ဖို့ကိုတော့ ကျမက ရွေးချယ်ပေးရမယ် လေ..။

 

အဲ့လိုမျိုး ပေးသူ ရှိပေမဲ့ လူတိုင်းက အဲ့လို မလုပ်နိုင်ပါဘူး..။ ပြီးတော့ ယုံကြည်ရဖို့..၊ ရိုးသားမှုရှိဖို့  နဲ့ အောင်မြင်အောင် လုပ်နိုင်ဖို့ ဆိုတဲ့ အရည်အချင်းပြည့်မှီတဲ့ သူ .. ။ အဲ့ဒါက ပိုမလွယ်သေးတာပေါ့ ..။ ဒါကြောင့် သူက အမရေ .. လူရှာပါ လို့ပြောရင် ကျမမှာ ခေါင်းစားရတာပေါ့ ..။ တချို့ ကလည်း အဲ့လို ပေးမယ်..ဆိုတာတောင် ရိုးသားစွာ ငြင်းကြပါတယ်..။ မယူဝံ့ပါဘူး..တဲ့ သူတို့ မလုပ်နိုင်လို့ပါ .. ။ ဆုံးရှုံးသွားမှာ စိုးလို့ပါ..တဲ့  .. ။

 

ဒါပေမဲ့ ကျမတို့ အဲ့ဒီ program လေး လုပ်ဖြစ်ခဲ့ပါတယ်..။ ဆေးတက္ကသိုလ် ကျောင်းသား တစ်ယောက် ရဲ့ မိဘတွေကို သိန်း ၃၀ အတိုးမဲ့ ချေးပေးခဲ့တာ..။ ၂ နှစ်မှာ ပြန်ဆပ်ခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းလေး အခုတော့ လည်ပတ်နေပါတယ်..။ ဒုတိယ မိသားစု တစ်ခု ကိုတော့ ငွေ ၅ သိန်း နဲ့ စ လုပ်ပေးခဲ့တာ မအောင်မြင်ပါဘူး..။ ပထမ ပိုင်းမှာ အောင်မြင်ခဲ့ပြီး  ..  မိသားစု က ငွေကိုမြင်တော့ မစုနိုင်ဘဲ သုံးပစ်တာမို့ အကုန်ပြန်ဆုံးရှုံးသွားပါတယ်..။ တတိယ ကတော့ အရင်းလေး ၁ သိန်းခွဲ နဲ့ အိမ်ဆိုင်လေး ဖွင့်ပေးတာပါ ..။ အဆင်ပြေပါတယ်..။ တစ်နှစ်အတွင်း ငွေကို ပြန်ဆပ်နိုင်ပါတယ်..။

 

အဲ့ဒီတုန်းကတော့ အဲ့ဒီ အလှူရှင်က ဒီ program ကို စိတ်ဝင်စားတာကြောင့် ကျမက စီစဉ်ပေးတာပါ..။ အခုတော့ သူ့ကိုလည်း မ တည်ငွေ တွေ ပြန်ပေးလိုက်ပြီ ဆိုတော့ ဒီလို program တွေ မလုပ်ဖြစ်တော့ပါဘူး..။

 

ဒါပေမဲ့ ဒီနှစ်ထဲမှာ ညီမလေး တစ်ယောက် နဲ့ ပတ်သက်ပြီး မိသားစု တစ်ခုကို အဲ့လိုမျိုးလေး ကူညီဖို့ ကြုံလာပါတယ်..။ အဲ့ဒီမိသားစုက မုဆိုးမ အမေ နဲ့ ကလေး ၃ ယောက်ပါ။ ကလေး ၃ ယောက်က ၁၀ နှစ်၊ ၈ နှစ်၊ ၆ နှစ်ပေါ့ ..။ ကျောင်းနေအရွယ်ကလေးတွေပါ..။ မိသားစု မှာ အဖေ လုပ်သူ ကွယ်လွန်သွားတော့ ဒုက္ခရောက်ပြီး ကျန်ခဲ့တာမှာ အခု စား၊၀တ်၊ နေ၊ ရေး ၀င်ငွေရအောင် တစ်ခုခု လုပ်ချင်ရင် ပြောပါ.. ဆိုတော့ ။ လာတွေ့ပါရစေ ..တဲ့ ..။ လာမတွေ့နဲ့အုံး၊ အရင် ဘာလုပ်ချင်လဲ၊ ဘယ်လောက် ရင်းနှီးဖို့ လိုလဲ ..၊ ဘယ်တော့ ပြန်ဆပ်မလဲ ..။ စဉ်းစားခဲ့ပြီးမှ လာပါ..လို့ပြောလိုက်တယ်..။ (ကျမကလည်း သင်တန်းတွေနဲ့ ခရီးတောက်လျှောက် ထွက်နေရတာကြောင့်မို့ပါ..)

 

တစ်နေ့ကတော့ ရောက်လာပါတယ်..။ မုန့်ဆိုင်နဲ့ အအေးဆိုင် တွဲဖွင့်မယ်..တဲ့ .. ။ တဲလေးဆောက်ဖို့က ၆ သောင်း၊ (တဲလေး ရှိတော့ ကလေးတွေ ကျောင်းကအပြန် အမေ့ဆိုင် ၀င်ပြီး ခဏ ခွေချင်ခွေ၊ စာလုပ်ချင်လုပ် .. လို့ရတာပေါ့) ၊ အအေး အတွက် အရင်းက ၄ သောင်း တဲ့ ..။ မုန့်ရောင်းဖို့ အရင်းအနှီးကတော့ ၇ သောင်းကျော်လောက် လိုမယ်..တဲ့ ..။

 

“ဒါဆိုရင် တဲလေးက ၆ သောင်း၊ အအေး အတွက် က ၄ သောင်း၊ မုန့်အတွက် က ၈ သောင်း ထား = ၁သိန်း ၈ သောင်းပေါ့..။ အလုပ် ဆိုတာ လုပ်ရင် တွက်ထားတာထက် ပိုကုန်တတ်ပါတယ်..။ ကျမ ၂ သိန်းပေးလိုက်မယ်.. ။ ဘယ်တော့ အလုပ် စ, မလဲ ..။ ဘယ်လို ပြန်ဆပ်မလဲ၊ ဘယ်အချိန်အတွင်း အကြေဆပ်မလဲ ..” လို့ မေးလိုက်တော့ ..။ “အမဆီက ငွေ ရရင် အလုပ်ကို မနက်ဖြန် စ, ပါမယ်..”  တဲ့ ..။ ၂ နှစ်အတွင်း တစ်နှစ်ကို တစ်သိန်းနှုံး ဆပ်ပါမယ်..တဲ့ ..။ ဒါဆိုလည်း တစ်နှစ်ပြည့်မှရယ်.. မဟုတ်ဘူး ..။ တစ်သောင်း စုမိရင် တစ်သောင်းဆပ်၊ နှစ်သောင်း စုမိရင် နှစ်သောင်းလာဆပ်၊ အကြွေးကြေရင် အဲ့ဒါ ညီမ ဆိုင် ဖြစ်သွားတာပေါ့ .. လို့ပြောပြီး ငွေ ၂ သိန်း ထုတ်ပေးလိုက်ပါတယ်..။ သူလည်း ပျော်ပြီး ပြန်သွားလေရဲ့ .. ။

 

ငွေပမာဏ မများပေမဲ့ အလကားမပေးဘဲ ပြန်ဆပ်ခိုင်းတာက တာဝန် တစ်ခုလို့သိအောင်ရယ်၊ လေးစားမှုရှိအောင် ရယ်ကြောင့်ပါ..။ သူက ပြန်ဆပ်တော့ အလားတူ အခက်အခဲရှိသူတွေကို ထပ်ကူလို့ရတာပေါ့.. ။

 

ကျမလည်း .. သူတို့ မိသားစု ဘ၀ လေး အဲ့လို စ, နိုင်ပြီး ဆက်လက် တိုးတက်သွားပါစေ .. ဆုတောင်းပေးရင်း .. ..  ။

 

(အလှူရဲ လွန်းတဲ့ ၊ ဒီ program လေးကို လုပ်ချင်တဲ့ ကျမရဲ့ donor သို့ ..)

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာကြပါစေ..။

အားလုံး အမျှ..၊ အမျှ..၊ အမျှ.. ပါ…နော် …။

 

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူဖြစ်ရပါလို၏ …. …။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

Tel: 09-7303 9878, 09-4200 94929, 09-799 877 311

2000.donation.group@gmail.com

P.S – ကျမရဲ့  notes များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..  Share   နိုင်ပါသည်.. ရှင်.. ။

GIVE THE WORLD THE BEST YOU HAVE!

ရွှင်လန်းချမ်းမြေ့ကြပါစေ။

With respect,

Swal Taw Ywet.

 

Swal Taw Ywet

About Swal Taw Ywet

has written 61 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012