သူများ ကလေး ဆယ်ကျော်သက်တွေ အဆိုတော် တွေ၊ ရုပ်ရှင်မင်းသား တွေ ကို ခရေးဇီး ဖြစ်ကြချိန်မှာ
ကိုယ့် ကလေး အပါအဝင် သူတို့ ကျောင်းက မိန်းကလေးများ
“အင်္ဂလိပ် လူမျိုး ရူပဗေဒ သိပ္ပံပညာရှင် ပါမောက္ခ Brian Cox” ဆိုသူ ကို ကြွေကြပါတယ်။
အဲဒီလူ အသက် က သူတို့ အဖေ အရွယ် လို့ ခေါ်နိုင်မယ်။

ဒီမှာတော့ ဒီနေ့ခေတ်ထဲ မိန်းကလေး တွေ ယောကျာင်္းလေးများ နဲ့ ရင်ဘောင်တန်း နိုင်လာကြဖို့ကို  ကျောင်းတွေ ကလဲ ပံ့ပိုးပေးပါတယ်။
သူတို့ က မိန်းကလေးသီးသန့်ကျောင်းပါ။
. အဲဒီ မိန်းကလေး တော်တော်များများ က အရင် ယောကျာင်္းတွေ သာ ကြီးစိုးခွင့်ရခဲ့တဲ့ အာကာသ ဆိုင်ရာ ပညာရပ်တွေ၊ ကြယ်တာရာတွေ၊ သိပံ္ပပညာရပ် သုတေသနတွေ၊ ကား လေယာဉ် တည်ဆောက်မှု အကြောင်းတွေ ကို စိတ်ဝင်စားကြတယ်။
ဒီတော့ အဲဒီပညာရပ် ဆိုင်ရာ ထူးချွန်သူ တွေ က သူတို့ Role Model တွေ ဖြစ်လာတာ မဆန်းဘူးပေါ့။
မင်းသားလို ရုပ်ရည် ရှိတဲ့ ထို ပါမောက္ခ က ဘီဘီစီ Science Documentary တွေမှာလဲ Presenter လုပ်နေတော့ သူ့ Series တွေ လာတိုင်း ကလေး က စောင့်ကြည့်ပါလေရော။
သူကြည့်တော့ အဖေ နဲ့ အမေ ပါ ဝင်ရောကြည့်ပေါ့။
သူ့ ပါပါကြီး ခမျာကတော့ မိန်းမ နဲ့ သမီးက အားတက်သရော တောက်ပတဲ့ မျက်လုံး များ နဲ့ အားပေးနေတာ ကို အောက်သီးအောက်သက် နဲ့ သူလဲ ဝင်အားပေးရရှာပါတယ်။
တစ်ခါတစ်ခါ ခရစ်စမတ် အချိန်လိုမျိုးမှာ အထူး အစီအစဉ် အနေနဲ့ မိန်းမ သိပ္ပံပညာရှင် ချောချော တွေလဲ လာ တတ်ပါတယ်။
အဲဒီခါမတော့ ကိုယ်တော်ကြီး အလှည့်ပေါ့။
ထားပါတော့။
. ပြောလိုတာက အဲဒီ အကြောင်းမဟုတ်ပါဘူး။

ဆယ်ကျော်သက်များ ရဲ့ စိတ်ကစားမှု ခေါ်မလား၊
နာမည်ကြီးလို့ ငွေကြေးချမ်းသာလို့ သူတို့ Crazy ဖြစ်သူ ဆို ကြီးလား ငယ်လား၊ ပျို လား အိုလား မစဉ်းစားဘဲ တွယ်တတ် ကြတာ သဘာဝ ဘဲခေါ်မလား။

ဒီလို ရင့်ကျက်မှု မရှိသေးတဲ့ စိတ်ကစားတတ် တဲ့ ဆယ်ကျော်သက်လေးများ ရဲ့ ဖျားယောင်းမှု နောက် ကို အဆင်အခြင်မဲ့ ယောင်ဝါးပြီး လိုက်ပါသွားတတ်ကြ တဲ့ စိတ်မခိုင်သူ အမျိုးကောင်းသား များကြောင့် ပျော်ရွှင်မှု ပျက်သုန်း ခဲ့ ရတဲ့ မိသားစုဘဝ ပုံပြင်တွေလဲ အများကြီးပေါ့။

ဒီလိုဖြစ်ရတာ ကံတရားကြောင့်လား။
မျိုးဗီဇ ရဲ့ လှုံ့ဆော်မှု ကြောင့်လား။
ပါတ်ဝန်းကျင် ရဲ့ တွန်းအားကြောင့်လား။
ဘာကို ဘယ်လို အပြစ်ပုံချသင့်လဲ မသိတော့။

ဒါပေမဲ့ သိတာ တစ်ခု ကတော့ ဘာကြောင်းကြောင့် ဘဲ ဖြစ်ဖြစ် ရွှေသမင် ဆိုတာ မင်းကြီးတာကဘဲ ထွက်တယ် ဆိုတဲ့ စကားရှိပါတယ်။
ကိုယ့်ဘက်က စည်းတားပြီး ကိုယ့်တာ ကိုယ်ကို လုံအောင်ထားနိုင်ရင် တစ်ဖက်မိန်းကလေးက ဘယ်လို မြူဆွယ် မြူဆွယ် ရှောင်ထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
တကယ်တော့ အတွေ့အထိ အာရုံ နဲ့ ဖျားယောင်း တာကို သာယာရတာ တစ်ခဏလေးပါဘဲ။
အဲဒီတခဏက ကိုယ့်ဘဝကြီး ကို တစ်သက်စာ အမှောင်ဖုံးသွားစေမှာ အသိရကြစေလိုပါတယ်။

ဝမ်းနည်းဖို့ကောင်းတဲ့ တစ်ချက်က ကိုယ့်ရွှေပြည်ကြီးထဲ မှာ အလှအပ ကို ရှေ့တန်းတင်ပြီး မိန်းမဂုဏ် ပြနေကြတာပါဘဲ။
မိန်းကလေးတစ်ယောက် ဟာ ကိုယ့်ကိုယ်ကို နစ်လိုဖွယ်ကောင်ပြီး တင့်တယ်အောင် အမြဲနေထိုင်သင့်ပါတယ်။
ဒါပေမဲ့ အဲဒါဟာ ကိုယ့်ဘဝ ကို မြှင့်တင်ဖို့ လက်နက် ကိရိယာလို သုံးဖို့ မဖြစ်သင့်ဘူး။
. အဲဒီ လက်နက်သုံးပြီး ယောကျာင်္းတွေ ကို အရူးအမူးဖြစ်အောင် ဆွဲဆောင်ဖို့ မဖြစ်သင့်ဘူး။
မျောက်ပြ ဆန်တောင်းသလို ရုပ်ပြပြီး ငွေခြူစား ဖို့ မဖြစ်သင့်ဘူး။
ကိုယ့်မှာ ရှိတဲ့ ရုပ်အလှ နဲ့ ခန္တာ အလှ ဆိုတာ က သက်တမ်း ရှိတယ်။
အဲဒီ သက်တမ်း ကတို ပါတယ်။
အဲဒီ သက်တမ်း တိုတို လေးထဲ မှာဘဲ ကိုယ့်လို ရုပ်ပြ၊ တင်ပြ၊  ရင်ပြ၊ ဗိုက်ပြ စားသူ တွေ တစ်ပုံတစ်ပင် ရှိနေတာ ပါ။
ဘာကြောင့်လဲ ဆိုတော့ အလွယ်လမ်း မို့ပါဘဲ။

အရွယ်ငယ်ငယ် မှာ အကောင်းစား အဝတ်တွေ၊ အလှပစ္စည်း တွေ နဲ့ မွှန်းလိုက်ရင် တော်တော်များများ ကြည့်ကောင်း သွားတာပါဘဲ။
အဲဒါကို ကြော်ငြာ နိုင်ဖို့ အတွက် နေရာကောင်း ကလဲ အလွယ်ရနေတော့ မိန်းကလေး တွေ တော်တော်များများ လမ်းလွဲ လိုက်လာကြတာ နှမြောစရာ လို့ မြင်မိတာ။
အလှအတွက် တန်ဖိုးကြီးတဲ့ ဟာတွေ သုံးဖို့ငွေ ကို ရအောင် ရှာရတော့တာမို့ အလွယ်မရတဲ့ ပိုက်ဆံကို အလွယ်ရအောင် အောက်လမ်းနည်းတွေ သုံးလာတော့တာ။
တစ်ဖက်ကလဲ ပိုက်ဆံကို အချောင်နည်းပါး ရပြီး ရေလိုသုံးနိုင်နေတဲ့ ပုရိသ လူတန်းစား  များရှိနေပါတယ်။
ဒီမှာတင် ကြောင်ခံတွင်းပျက် နဲ့ ဇရက်တောင်ပံကျိုး တွေ့ ကြတာ မဆန်းပါဘူး။

မိန်းကလေး တွေ ကလဲ သူတို့ လှမှ နာမည်ကျော်မှ ထိုထိုသော ပုဂ္ဂိုလ်များရဲ့ စပွန်ဆာ ရမှာမို့ ပိုလှအောင် ငွေလို တယ်။
ထိုထိုသော ပုဂ္ဂိုလ်များကလဲ သူတို့ လက်ထဲ ငွေသီးနိုင်မှ ဤသို့သော မိန်းမလှလေးများ ရဲ့ စိတ်ဝင်စားမှု ကို ရမယ်။
အဲဒီမှာတင် ကိုယ့် မြန်မာမိန်းကလေး အတော်များများ စပွန်ဆာ ရှာရလွယ်တဲ့ အလုပ်မျိုး တွေ ကို ရွေးပြီး ငွေရလွယ်ဖို့လမ်း ကို သာ ရွေးကြလေရော့ သလား။
အဲဒီမှာတင် အန်ကယ်ကြီး တို့ မှာလဲ ငွေတွင်းကြီး များ ကို တူးပြီးရင်းတူး နေရလေတော့သလား။

အလှကို ဦးစားပေး နေတဲ့ မိန်းကလေးများ မှာ သူများ နဲ့ ယှဉ်ရော ပညာ အရာ နဲ့ လူမှု ဗဟုသုတ အရာတွေ ဖက်မှာ နောက်ကောက်ကျနေတတ်တယ်လို့ ယူဆမိတယ်။

ဒီလို မိန်းကလေး တွေ အဲဒီလို အလွယ်မလိုက်အောင် ဘယ်က စပြီး ပြင်သင့်လဲ။
ဘယ်သူက စပြီး ရပ်သင့်လဲ။

အကယ်၍များ အမျိုးကောင်းသားကြီး များ က
##  မိန်းကလေးများ ရဲ့ မြူဆွယ်မှု ကို  ရှောင်ရှားကြမယ် ဆိုရင်
##  အနှိပ်ခန်း တွေ ကရာအိုကေခန်း တွေ ကို မသွားကြဘူး ဆိုရင်
##  ကိုယ့် မဟေသီ ကိုဘဲ မေတ္တာ ပုံပေးထားတတ်မယ် ဆိုရင်
##  ကိုယ့် သားသမီးလေးများ ရဲ့ စံပြဖခင်အဖြစ် နေပေးမယ် ဆိုရင်
##  ကိုယ့်ရဲ့ သမာအာဇီဝ မဟုတ်တဲ့ အချောင်ရဝင်ငွေများ နဲ့ အတိုင်းအဆမဲ့ သုံးနေတာကို ရှက်တတ်မယ် ဆိုရင်
## မိန်းကလေး တွေ ကောင်းရာလမ်းကို ရောက်ဖို့ တည့်ပေးနိုင်တဲ့ Role Model ယောကျာင်္းကောင်း  ဖြစ်နေမယ် ဆိုရင် …..
. ရွှေပြည်ကြီး ထဲ လူမှုရေး အရှုပ်အထွေး ပြသနာ တွေ၊ ပေါ့ပျတ်ပျက် မိန်းမငယ်လေးတွေ ၊ မိသားစု ပြိုကွဲမှုတွေ အတော်လျှော့သွား မလား မသိ။
စမ်းကြည့်ချင်သား။

ဘာရယ်မဟုတ်ပါဘူး။
နားထဲရောက်နေတဲ့ သီချင်းတစ်ပုဒ် ကို ကြားရင်း ရေးချင်တာ ရေးလိုက်တာပါ။
မိန်းမငယ်လေး က လာ အီပြ လဲ  ရှောင်ထွက်သွားတတ်တဲ့ သီချင်းထဲ က မဟာပုရိသကြီး ကိုတော့ ဦးညွှတ်လိုက်ပါရဲ့။
***  ကိုယ့်လူတွေ ဆိုရင်တော့ ဘယ်လိုနေမယ်မသိ။ *** lol:-)))

(သီချင်းကို မှီပြီး ရေးတာကြောင့် တစ်ဖက်သတ် ပြောသလို ဖြစ်နေပါက နောက်တစ်ပုဒ် မှာ ပြန်ပြီး  Balance လုပ်ပေးဖို့ ကြိုးစားပါမည်။)  :wink:

……………………………………………………………………………………………………………………………………………………………………………………..
ABBA – “Does Your Mother Know”
You’re so hot, teasing me
So you’re blue but I can’t take a chance on a chick like you
That’s something I couldn’t do
There’s that look in your eyes
I can read in your face that your feelings are driving you wild
Ah, but girl you’re only a child

Well I can dance with you honey
If you think it’s funny
Does your mother know that you’re out?
And I can chat with you baby
Flirt a little maybe
Does your mother know that you’re out?

Take it easy (take it easy)
Better slow down girl
That’s no way to go
Does your mother know?
Take it easy (take it easy)
Try to cool it girl
Take it nice and slow
Does your mother know?

I can see what you want
But you seem pretty young to be searching for that kind of fun
So maybe I’m not the one
Now you’re so cute, I like your style
And I know what you mean when you give me a flash of that smile (smile)
But girl you’re only a child

Brian-Cox

Brian Cox (Physicist, and professor of particle physics)

 

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..