ကနေ့နေ့လည်က စကားကောင်းကြတယ်…

ဓါတ်ပုံနဲ့ ပါတ်သတ်လို့ပါ…

မက်ခရိုတွေ ဆေးထိုးတာနဲ့ ပါတ်သတ်ပြီး မေးကြ တယ်ဆိုပါတော့…

ကျနော်လည်း သည်ရက်ပိုင်း ဒါတွေချည်း လှိမ့် ရိုက်နေတာကိုး..

အဲ … တခုတော့ စကားခံပါရစေ မက်ခရိုက ကျနော် အနှစ်သက်ဆုံး အမျိုးအစားမဟုတ်ဘူး ဆိုတာပါပဲ…

(ထသွားထလာ အရိုက်ဖြစ်ဆုံးမို့ အရိုက်များနေတာပါ)

 

၁။ Macro ရိုက်မယ် ဆိုရာဝယ်

အထူးသဖြင့်တော့ ရာသီစာလည်းဖြစ်နေတဲ့ ပန်းတွေပေါ့ဗျာ… ရိုက်တော့နှက်တော့မဟဲ့ ဆိုရင်ပေါ့။

စံပါယ်ပန်းဗျာ … စံပါယ်တရုံလုံးမှာ အသီးသီး ပွင့်နေတာကို ပြချင်တာလား … ဒါဆို ရှင်းပါတယ်

ရိုးရိုး ဓါတ်ပုံရိုက်တဲ့နည်းနဲ့ ရိုက်ရုံပေါ့…။ အဲ .. တပွင့်သော်လည်းကောင်း တခက်သော်လည်းကောင်း ကွက်ပြီး ပြချင်တာမျိုး

ဆိုရင်တော့ macro ရိုက်ပါလို့ ပြောရမယ်ဗျ….။

 

ပန်းမှ မဟုတ်ပါဘူး… ပြချင်တဲ့ subject တခုကို background ကသော်လည်းကောင်း ဖြစ်တည်မှု သက်သက်ဆွဲထုတ်ချင်ရင်သော်လည်းကောင်း

macro ရိုက်လေ့ရှိပါတယ်..။ ဆိုပါစို့ … ဘိလိယက်ဘုတ်ပေါ်မှာ ကိုယ်ထိုးမယ့် ဘောလုံးတလုံးကလွဲရင် အကုန်လုံး ၀ါးနေအောင်တို့….

လက်ဝတ်ရတနာတခုခုကို ကိုယ်ပြချင်တဲ့ ကျောက်မြက်ကလွဲရင် ကျန်တာအကုန် ဘေးက ခပ်ဝါးဝါးနဲ့ ၀န်းရံတာမျိုးဖြစ်အောင်တို့….

ဟင်းပွဲ တပွဲ ရဲ့ အဓိက ပါဝင်ပစ္စည်း စသည်တို့ပေါ့ဗျာ….

မက်ခရို ရိုက်ရတဲ့ ရည်ရွယ်ချက် မျိုးစုံ ရှိပါလိမ့်မယ်။ မက်ခရို ရိုက်နည်းလည်း အများကြီး ရှိတယ်…

အဲ… မက်ခရို ဖြစ်အောင် ရိုက်ပါတယ် ဆိုတဲ့ အချက်မှာတော့ ရည်ရွယ်ရင်း တခုပဲ ရှိလေရဲ့…။

ကိုယ်ပြချင်တာ… (ထင်ရှားအောင်ဖြစ်စေ ၀ါးအောင်ဖြစ်စေ) သီးခြားပေါ်လွင်ရေးက အဓိက ပါပဲ။

 

၂။ Macro ရိုက်ဖို့

ဟုတ်ကဲ့ မက်ခရို ရိုက်ပါပြီတဲ့… ဒင်္ဂါးပြားတပြားကို ဖရိန်တခုလုံးစာအပြည့်  နီးပါး ယူပြီး အဲ့သည့် ဒင်္ဂါးပြားပေါ်က အရေးအကြောင်းတွေ

အသေးစိတ်ပေါ်လွင်အောင် ရိုက်တဲ့ ဓါတ်ပုံမျိုးလို့ အကြမ်းဖျဉ်း မှတ်ကြည့်ဗျာ..။ (သည်စာသားကို အမှန်တရားလို့ ကျနော်မပြောပါ… အကြမ်းဖျဉ်းသိစေချင်တာပါ)

သည်အရွယ်လောက်ရှိတဲ့ ပန်းပွင့်တို့ ပစ္စည်းတို့ ကို သူ့ချည်းပြတ်စေ ကျန်တာဝါးစေ ရိုက်တဲ့ နည်းကို ဆိုလိုပါတယ်…။

ခက်ခဲသလားဆိုတော့ မခက်ခဲပါဘူးဗျ…။ နည်းစနစ်တော့ နည်းနည်း လိုအပ်ပါလိမ့်မယ်…။

သည်နေရာမှာ ပထမအချက် အနေနဲ့ အိမ်သုံး (compact & phone ) ကင်မရာတွေနဲ့ SLRs တွေ ခွဲပြောရပါလိမ့်မယ်…။

 

အိမ်သုံးကင်မရာတွေရော မက်ခရို ရိုက်လို့မရဘူးလား ဆိုတော့ ရပါတယ်။ မက်ခရို ရိုက်တဲ့ mode တွေ သီးခြားပါပါတယ်။

သည်လို sign နဲ့ ကိုယ်စားပြုပြီး ဖော်ပြလေ့ရှိတယ်။

COOLPIX-Macro-Art-web

 

SLRs တွေမှာတော့ Macro lens တွေ သီးခြား ထွက်ရှိပြီးတော့ ဒါတွေသုံးပြီး ရိုက်နိုင်သလို

သာမန် utility Lens ခေါ်တဲ့ normal lens တွေနဲ့လည်း Macro ရိုက်လို့ ရတယ် ဆိုတာပါပဲ။

သည်နေရာမှာ ထပ်ဖြည့်ပြီးပြောချင်တာက Macro ရိုက်တယ်ဆိုရာမှာ သီးခြား ခရီးသွားဖို့ နေရာ ပစ္စည်း ဒါမှမဟုတ် အလင်းရောင်

စသည်ထက်စာရင် ကိုယ်ပြချင်သော ဖြတ်ချင်သော ပုံရိပ် (လက်တကမ်းက အနီးအနားက ) အရာတွေကို မြင်လေ့မြင်ထမရှိလောက်မယ့်

ရှုထောင့်မျိုးက တင်ပြရတာမို့… အတော် ၀န်ကျဉ်းပြီး လက်တကမ်းရိုက်ကူးနိုင်တယ်ဆိုတဲ့အချက်ကို အထူးပြု ကိရိယာတွေ တကယ်တော့

မလိုအပ်ဘူး ဆိုတဲ့အချက်က အားဖြည့်ပြန်သမို့ ပိုပြီး ခေတ်စားတယ် ပြောပါရစေ။

(Limit တွေတော့ ရှိသပေါ့ဗျာ …ကော်မာရှယ် ဘေဘုတ်တခုအတွက်တော့ ရှိတာနဲ့ ရိုက်မဖြစ်ဘူးပေါ့)

f-stop-depth-of-field-001

 

 

ဒုတိယအချက်
ကောင်းပြီ မက်ခရိုဆိုတာ အသေးလေးကို အကြီးချဲ့ရိုက်တာပါကွာလို့ အကြမ်းဖျဉ်းပြောမယ်ဆို ပြောနိုင်တယ်။

သည်တော့ မှန်ဘီလူးခုံး မှန်ဘီလူးခွက် .. physics ရဲ့ သဘောတရားတွေ ပါဝင်လာသဗျ။

အားလုံးသိပြီးသားပါ… လက္ခဏာကြည့်တဲ့ မှန်ဘီလူးခုံးကို (ဘယ်ကင်မရာမဆို) ကင်မရာရှေ့ခံထားပြီး ရိုက်လို့လည်း ရသဗျ။
အောက်မှာ ပြောမယ့် အကြောင်းအရာတွေ နဲ့ ပါတ်သတ်ပြီး မှန်ဘီလူးခွက် နဲ့ ပန်းတွေ လျောက်ကြည့်ကြည့်ရင်ကို မက်ခရို ဘယ်လိုရိုက်မလဲဆိုတာ

အိုင်ဒီယာ ရပါတယ်ဗျာ…။

(စကားချပ်။ ။ မှန်ဘီလူးခုံးက မက်ခရိုအတွက်သုံးမယ်ဆိုရင် မှန်ဘီလူးခွက် ကရော … ဟုတ်ကဲ့ …wide angles အတွက် အသုံးဝင်ပါသဗျ)

DSLRs မှာ macro lens မ၀ယ်ဘဲနဲ့… reverse ring သော်လည်းကောင်း extensor tubes သော်လည်းကောင်းသုံးပြီး

manual focus နဲ့ macro တွေ ရိုက်နိုင်ပါသေးတယ်…။ အားနည်းချက် အားသာချက်ကတော့ အခြေအနေအချိန်အခါလိုက်ပြီး မျိုးစုံရှိပါတယ်…။

ဥပမာ ညဘက် မီးရောင်တွေကြား အဆင်မပြေတာတို့ ပုစဉ်းရင်ကွဲလို လိပ်ပြာလို ငြိမ်မနေတဲ့ အကောင်တွေ ရိုက်ရခက်တာမျိုးတို့ပေါ့…။

(မဟုတ်ရင် ဘယ်သူမှ macro lens ကို တခုတ်တရ၀ယ်မယ်မဟုတ်ပါ)

still life အတွက်တော့ DIY တွေနဲ့ ရိုက်လို့ ရပါရဲ့…. (to a certain limit အထိပေါ့)

ဒါပေမယ့် macro lens ၀ယ်တာ တဖက်မှာ လူရိုက်ဖို့အတွက် (အချို့သော အနေအထာတွေမှာ အသုံးဝင်ကြောင်း) ထည့်ရေးဖို့ မေ့ကျန်နေပါသည်။
၃။ hello Macro!

ရှိတဲ့ ကင်မရာနဲ့ စရိုက်ကြည့်မယ် ဆိုပါတော့…hello Macro!

ကင်မရာတိုင်းနီးနီး ရိုက်လို့ရပေမယ့် တခုလေး သတိချပ်ရမှာက အနီးဆုံး focus ဖြတ်နိုင်မယ့် အကွာအဝေးပဲ…

သည်အကြောင်း အောက်က ပုံမှာပါပါတယ်။

သတိပြုစေချင်တာတခုက လူမျက်လုံးအကြောင်းပါ..။

ကိုယ့်လက်ဖ၀ါးပေါ်က လက္ခဏာအရေးအကြောင်း လက်ထောင်ပြီး ပြန်ကြည့်ကြည့်..။

ဘယ်နှလက်မ ထက်ပိုနီးသွားရင် မျက်စိတောင် focus မပြတ်တော့ဘူး ဆိုတာ သိရပါလိမ့်မယ်..။

သည်သဘောပဲ…။ သည်တော့ ကိုယ့် ကင်မရာ (လန်းစ်) ရဲ့ အနီးဆုံး ယူရိုက်နိုင်တဲ့ focus ကို သိဖို့လိုပါတယ်…။

မသိရင် မန်နျူရယ်ဖတ်ပါ… သိရင်လည်း နီးသကွ ဝေးသကွာ ဆိုပြီး စိတ်ပျက်စရာမရှိပါ..။

ကင်မရာ (လန်းစ်) ရဲ့ အရည်အသွေးဆိုတာ အနီးဆုံး ယူရိုက်နိုင်တာ မရိုက်နိုင်တာ တခုတည်းအပေါ်မတည်မီလို့ပါပဲ။

အနီးဆုံး ဘယ်လောက် ထားရိုက်လို့ရမယ် ဆိုတာကို သိရင် နောက်တခုက Focal plane အကြောင်းပါပဲ…။
၎။ Focal Plane

သည်ကိစ္စကတော့ နည်းနည်း ဥပမာတွေ ဖြည့်စွက်ပြီး ပြောပါရစေ။

IMG_8520

 

အပေါ်ပုံက ကျနော့် final image ပါ…

macro ကို f/2.8 နဲ့ ရိုက်ထားပါတယ်…။

(normal lens တွေနဲ့လည်း ရလာဒ် သိပ်မကွာနဲ့ ပုံထွက်မျိုး ရပါတယ်)

ရိုက်ထားတာတော့ ဘာမှမဟုတ်ပါဘူး…. အခု သုံးနေတဲ့ ပီစီ ရှေ့က ထိုင်ခုံပေါ်

ဘောင်းဘီတထည် တင်ပြီးရိုက်လိုက်တာရယ်။

ကြယ်သီး က လွဲလို့ ကျန်တဲ့ ဧရိယာတွေ ၀ါးနေမှာ မြင်၇ပါလိမ့်မယ်။

အသေးစိတ်ပြောရရင် ကင်မရာနဲ့ ကြယ်သီး ထက်နီးတဲ့ ဘောင်းဘီ ခါးနားးက နေရာတွေ (near) ရော

ကြယ်သီးကနေလွန်လို့ အောက်ဘက်တွေပါ (far) ၀ါးနေတာမြင်ရပါလိမ့်မယ်။

ပြောချင်တာက သည်တနေရာလေးပဲ ကွက်ပြီး focus ဖြတ်ထားတာကို ဆိုလိုချင်ပါတယ်…။

သေချာကြည့်ရင် ကြယ်သီးတခုပဲလား ဆိုတော့ မဟုတ်ဘူးဗျ…။

အောက်ကပုံမှာ ကြည့်ရင် တွေ့ပါလိမ့်မယ်… ကြယ်သီးနဲ့ တတန်းတည်း ရှိတဲ့ …

ဂျင်းဘောင်းဘီ အသားတွေမှာ ဖိုးကပ်စ် ပြတ်နေတဲ့ နေရာလမ်းကြောင်းတလျောက်ကို….

ဆိုလိုချင်တာ မျဉ်းနီသားထားတဲ့ ကန့်လန့်ဖြတ်လမ်းကြောင်းလေးတလျောက်ပဲ ဖိုးကပ်စ် ပြတ်ပြီး

ကျန်တာ ၀ါးနေတာကို ပြချင်တာပါ….။

FP

အဲ့ဒါကိုပဲ focal plane လို့ ခေါ်ဆိုပါတယ်…။ focus ပြတ်နေသောပြင်ညီပေါ့…

(ကင်မရာမှ ကြယ်သီးနဲ့ ထပ်တူ တူညီစွာ ကွာဝေးသော နေရာများ focus ပြတ်သပေါ့ဗျာ)

ဒါကိုပဲ focal plane လို့ ခေါ်သဗျ…။

အဲ … အနှီ focal plane က ဘယ်လောက် အနံကျဉ်းမယ် ကျယ်မယ်ကတော့

ဆိုင်ရာ f-number နဲ့ပဲ ပတ်သတ်ပါတယ်…။

သည်အနေအထားကို အနီးဆုံးဥပမာ ပေးရရင်တော့ သတင်းစာတစောင်ကို ကြမ်းပြင်ပေါ်ပစ်ချပီး

အပေါ်စီးကနေ မိုးပြီး ရိုက် စာတပိုဒ်မှာ ၁-၂ကြောင်းလောက်ပဲ ဖိုးကပ်စ် ပြတ် ကျန် အပေါ်နဲ့ အောက် ၀ါးအောင်

ရိုက်ကြည့်ရင် သိသာပါရဲ့…။

dof_intro2
တခုတော့ ရှိတယ်… အဲ့ဒါက သတင်းစာ ကေ့စ် နဲ့ ဂျင်းပင်န် ကေ့စ် ထပ်တူလုပ်မရတာပါ…။

ကြယ်သီးက အန်ဂယ်ဘေယ်လောက် စောင်းနေမယ်. .. ကိုယ်က ပင့်ရိုက်သလား ငုံ့ရိုက်သလား.. ဆိုတာပေါ်မူတည်ပြီး

focal plane အရွေ့ကရှိနေပါတယ်…။ ပြောရရင် ကြယ်သီးက ဘောင်းဘီကိုယ်သားကနေထိုးထွက်နေတဲ့အပိုင်းဖြစ်ပြီး

သူနဲ့ plane တူပါတယ် ဆိုတဲ့ ဘောင်းဘီအသားက ရေပြင်တညီတည်း ဖြစ်မနေတာကို ဆိုလိုချင်တာပါ…။

ပုံရိပ်က ပြားချပ်နေတာမှ မဟုတ်ဘဲ…။ အကွာအဝေး အနေအထားအရ စက်ကလုပ်တဲ့ ကင်မရာကတော့ လူကို မညာတာအမှန်ပါ…။

သည်နေရာမှာ စကားစပ်လို့ ကျနော်ကရော စက်နဲ့ ပေါင်းပြီး မညာထားပါဘူး ဆိုတဲ့အချက်ကို မူရင်းပုံနဲ့ တွဲပြီး တင်ပေးလိုက်ပါတယ်…။

 

BnA

 

မူရင်း RAW ကို ကျနော် crop နည်းနည်းချပါတယ်… ဒါကလည်း composition အတွက်ပါ…။ macro နဲ့ မဆိုင်….

နောက်တခု ကျနော်ထပ်လုပ်ဖြစ်တာက noise သတ်ပါတယ်… ။ အောက်ကပုံ၂ပုံယှဉ်ကြည့်ရင် သိသာပါမယ်…။

noise

အစက်အပြောက်တွေနဲ့ ဖွဲ့စည်းတဲ့ ပုံအစား ပြေပြစ်တဲ့ ပုံ ရယူခဲ့ပါတယ်…။ ကျန်တာကတော့ ရိုက်ထားတဲ့အတိုင်းသက်သက်ပါ။

 

အောက်က ပုံက သက်သေပြပါလိမ့်မယ်…။

 

IMG_8493

 

သည်ပန်းပွင့်ပုံမှာ focal plane က သစ်ခက်ရဲ့ တစိတ်တပိုင်းပေါ် ကျရောက်နေတယ်ဆိုတာပါ…။

တကယ်တော့ သည် သစ်ခက်ကို တချောင်းလုံးစာ ကျနော် focus မပြတ်ချင်ခဲ့ရိုးအမှန်ပါ…။

သို့သော်ကိုယ် target ထားတဲ့ ပန်းပွင့်အစိတ်အပိုင်းတခုနဲ့ focal plane လာတူနေလို့ သူလာပြီး focus ပြတ်နေလေတော့လည်း

ထားလိုက်ရုံသာ….။

filter ထိုးပြီး ပြင်လို့ ရပေမယ့် မပြင်ဖြစ်ပါ…… ပြင်ဖို့ မလိုအပ်ဘူးလို့လည်း ယူဆလို့ပါ….။

ကျနော့် ဆိုက်ကို သက်သက်လည်း ဖြစ်ချင် ဖြစ်ပါမယ်… သည်ကိစ္စက …အမြဲတမ်း ဂီတနဲ့ တူနေတဲ့ ဓါတ်ပုံအကြောင်းပါ…။

ဂီတမှာ နုတ်စ် တွေသိလို့ ကွန်ပြူတာသုံးပြီး ဂီတာသံ တယောသံ နဲ့တကွ…ဆက်ဆိုဖုန်းသံ အဆုံး ဖန်တီးလို့ရလိမ့်မယ်…။

ဒါပေမယ့် ဂီတာ ကော့ဒ် တခုကတခုပြောင်းတဲ့ chik—-chak အသံလေးတွေ…တယောရဲ့ ကြိုးတုန်ခါမှုမျိုးတွေ

လေမှုတ်တူရိယာတွေရဲ့ လေတိုးသံလေးတွေ.. မရနိုင်ဘူးဗျ… ။ အတုထည့်လည်း အတုသက်သက်ပဲ…။

တခုတော့ ရှိပါရဲ့ … ပိုစတာတခု ဖန်တီးတာမဟုတ်သရွေ့ ဆိုပါတော့..

(ပိုစတာရိုက်ရင်တော့ …ဟုတ်ပ်ဆိုလို နှာသီးဖျားက ဆားဝက်ခြံလည်း ဖျောက်ရပေမပေါ့ဗျာ)

Lol

နောက်ထပ်တခုအကြောင်းကတော့ ကျနော်လည်း ရေးဖူးပြီးသား ကိစ္စ တခုပါ… ။ အလျင်းသင့်လို့ ပြန်ရေးလိုက်ပါတယ်။

 

၅။ sweet spot

Lens တခုရဲ့ … အကောင်းဆုံး စွမ်းဆောင်ရည် အကြောင်းနဲ့ ပါတ်သတ်လို့ပါ…။

Lens တခုဟာ သူအကျယ်ဆုံး ဖွင့်နိုင်မယ့် aperture မှာ အပြတ်သားဆုံး ရှိလိမ့်မယ်လို့ theory အလိုအရပြောပါတယ်…။

သို့သော် ၀မ်းနည်းစရာကောင်းတာက ဒါဟာ (ကိစ္စရပ်တိုင်းမှာ) အမှန်မဟုတ်တာပါပဲ…။

ဆိုပါစို့ အကျယ်ဆုံးဖွင့်နိုင်တာ f/1.8 ပေမယ့် သူ့ အထက်မြက်ဆုံးသော ပုံရိပ်ပေးနိုင်စွမ်းဟာ

f/2.2 f/2.5 ဖြစ်ချင်ဖြစ်နေလိမ့်မယ်ဗျ…။ maker ပေါ်မူတည်ပြီးလည်း ကွာနိုင်သေးတယ်…။

 

ApertureSharpness

 

maker တူရင်တောင် မော်ဒယ်တူရင်တောင် သူ့ ပစ္စည်းနဲ့ ငပစ္စည်း မတူချင်မတူနိုင်တာရှိသေးတယ်…။

သူဆိုးတယ် ကိုယ်ကောင်းတယ် မဟုတ်ပါဘူး.. အဓိက တင်ပြချင်တာက know your weapon ပါ…။
၆. ကျန်တာအားလုံး

up to u လို့ ပဲ ပြောပါရစေ…။

ကြိုက်တာလုပ်လေဗျာ… ကိုယ်ရိုက်တဲ့ Photography .. ဘယ်သူ့ စည်းကမ်း နားထောင်ရမတုန်း…။

ကိုယ်ကြိုက်တာ ကိုယ်လုပ်မပေါ့…။

ဟုတ်တယ်ဟုတ်… ??
တော်သေးပြီ..

 

p.s သိသလောက်ပဲ ပြန်မျှဝေတဲ့ သဘောပါ… လိုတာရှိရင် ဖြည့်ကြပါဗျ…

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011