ဒီရက်ပိုင်းတွေက မိုးကလဲရွာ…

အိမ်ထဲရိုက်စရာလဲ ပန်းကမရှိ…

ရှိတဲ့ပန်းတွေချည်းပဲ လွှတ်ရိုက်နေပြန်ရင်လဲ… မြင်သူတွေက အကောင်းသေးသေးကွေးကွေးနဲ့ စိတ်ပြောင်းသွားပြီထင်မှ…

ကိုယ်ကျိုးနဲနေပါ့မယ်ဆိုနေတုန်း… ဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ဖို့ အကြောင်းတိုက်ဆိုင်လာသဗျ…

ဒါနဲ့ပဲ အဲ့ပုံလေးရိုက်ဖြစ်တယ်ဆိုရမှာပေါ့ဗျာ…

ဒီပုံလေးနဲ့လိုက်မယ့် အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ထဲက… အပိုင်းအစလေးတစ်ခုလဲ… ထပ်တူသတိရမိပြန်ရော…

“I’m the one who took a walk on the moon
And I made the seven wonders too
There is nothin’ that I cannot do
Cause I am human…..”

ဆိုတဲ့သူက ကျွန်တော်လွှတ်ခိုက်တဲ့အဆိုတော်ကြီး Rod Stewart ရဲ့ သီချင်း…

သီချင်းခေါင်းစဉ်က “Human” တဲ့…

ကောင်းကင်ယံမှာ အထီးကျန်

ကောင်းကင်ယံမှာ အထီးကျန်

နောက်တစ်ပုံကတော့ မနေနိုင်မထိုင်နိုင် Macro ပါပဲ…

မနက်အိပ်ယာနိုး… အလုပ်သွားဖို့ အိမ်ရှေ့အထွက်… လမ်းဘေးက စက္ကူပန်းပင်လေး ပွင့်နေတာမြင်တော့…

အိမ်ပေါ်ပြန်တက် ကင်မရာဆွဲပြီးရိုက်ထည့်လိုက်မိတဲ့ Macro ပါဗျာ… Macro…

Macro ဆေးတွေလဲ ရွာထဲ အတော်အောင်လောက်ပြီထင်ပါတယ်…ဟီးဟီး

ပေပါဖလားဝါး...

ပေပါဖလားဝါး…

ကြိုးစားပါဦးမယ်လို့….

 

ခင်မင်လျက်-

ဖက်ဖက်ကက်

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...