မနေ့ က ကလေးကျောင်း က စာတစ်စောင် ရတယ်။
“the link between social media (Facebook in particular) and its impact on self esteem and body image” ဆိုတဲ့ ခေါင်းစဉ် နဲ့ research လုပ်ဖို့ စိတ်ဝင်စားသူတွေ ပါဖို့ ဖိတ်ထားတာ။        မိဘ က သဘောတူညီပါတယ် ဆိုတဲ့ ဆိုင်းတော့ ထိုးပေးရတာပေါ့။
ထွက်လာမဲ့ Result က အတော်စိတ်ဝင်စားစရာဘဲ။

ဘာရယ်မဟုတ်။
အဲဒီကနေ ကိုယ်ကျင်လည်ရာ ရွာထဲ မှာလဲ လေ့လာစမ်းစစ်ချက် Study လေးတစ်ချို့ လုပ်ချင်လာလို့။
ဒီ ရွာ ကို ဘယ်အချိန်စခဲ့လဲ လို့ မှန်းကြည့်လိုက်တော့
သူကြီး ရဲ့ “Who? What? Where? When? Why? How?” ပို့စ် ကတော့ Sep 11, 2008 မှာ ပထမဆုံး ပို့စ် အနေနဲ့ တွေ့တယ်။
ဒီတော့ သက်တမ်း ၇နှစ် ဆိုတာ နဲတာတော့ မဟုတ်ဘူး။

အဲဒီ ကာလထဲ ဘယ်သူတွေ ရှိခဲ့တယ်။ ဘယ်လို အကြောင်း တွေ နဲ့ ရွာထဲ ဝင်လာတယ်။ ဘယ်အချိန်ထိ Active ဖြစ်ခဲ့ တယ် စတဲ့ အကြောင်းအရာတွေ ပေါ်ကြည့်ပြီး
ဘယ်လို အကြောင်း နဲ့ ဝင်တာ ဘယ်လောက် %၊ ရွာရဲ့ မန်ဘာ Turn over က ဘယ်လောက် %၊ ဆက်ပြီး Active ရှိနေတဲ့ % က ဘယ်လောက် စသဖြင့်ပေါ့။

. ကြည့်တဲ့ အကြောင်း ကို ပွိုင့်တစ်သိန်း ပြည့်ချိန် အထိ တာ့ကက်ထားပြီး လုပ်သွားမယ်။
(ဟိ ဟိ – ဒီ ယုန်ကြောင့် ဒီ ခြုံ ထွင်ပါတယ်။ မဟုတ်ရင် အီရောဆွဲ နေမှာမို့) :wink:
အချိန်ကလဲ သိပ်မပေးနိုင်တော့ မန်ဘာ တွေထဲက Random ယူပြီး တစ်ပါတ် ကို နှစ်ယောက် နှုန်း ထား တင်ပါမယ်။ (နားဦးလဲဆက် တည့်နေမှာပါ၊ ဒါမှ အမြန် ပြည့်မှာ) :wink:

Random ယူရာမှာ ကံစီမံရာ ဖြစ်အောင် မန်ဘာပေါင်း ၂၀၀ လောက် ကို နံပါတ်တပ်ထားပြီး မဲ နှိုက်၊ မဲကျရာ မန်ဘာ ရဲ့ အကြောင်း ကို ပြောပြပြီး သူ့ ရဲ့ ပို့စ် တွေကနေ ဆိုင်ရာအချက်အလက် တွေ ကို ယူပြီး စာရင်း လုပ်သွားမှာပါ။
မဲ ဖန်ခွက်ထဲ မှာ မန်ဘာနံပါတ် တွေ ထည့်ပါမယ်။ (မောင်အံ ရဲ့ ကျေးဇူး မို့ ဒီလို လုပ်နိုင်တာလို့လဲ ပြောချင်ပါတယ်။ကျေးဇူးပါ မောင်အံရေ)
တစ်ပါတ် ကို အစမ်းသပ်ခံ ကံထူးရှင် ၂ယောက် နှုန်း ထွက်ပါမယ်။
တစ်ပါတ် ၂ယောက် မို့ တစ်လ ၈ ယောက်၊ နှစ်ကုန် ပိုင်းလောက်ဆို လူ ငါးဆယ် လောက်ရဲ့ စာရင်း ရပါပြီ။
ရွာဦးရေ ရဲ့ လေးပုံ တစ်ပုံ မို့ သိပ်ပြီး မခိုင်လုံတဲ့ အဖြေလဲ ဖြစ်နိုင်ပါတယ်။
သို့ပေမဲ့ အပျော်ပေါ့။ နော။

တစ်ခါက လုပ်ဖူးတဲ့ “ဂဏန်းများနှင့် ကခုန်ခြင်း” လိုပေါ့။
ဒီ တစ်ခါ နာမည်က “ခြေလှမ်း များနှင့် ကခုန်ခြင်း” လို့ အမည်ပေးပါမယ်။
စီးရီး ပေါင်း ၅၀ လောက်လို့ မှန်းထားကြည့်တာဘဲ။

ဒီ အရီး ဘာတွေ ပြောနေလဲလို့ မရှင်းဘဲ ရှုပ်နေရင် ပထမဆုံး လာမဲ့ ပွဲဦးထွက် လူ အကြောင်း မှာ ကြည့်ကြရအောင်။
ကွကိုယ်တောင် စလုပ်မှ သိမှာမို့။
မနက်ဖြန် မဲ လုပ်ပြီး စ နှိုက်မည်။
….  မျှော် ……………………..  lol:-)))

မှတ်ချက် – တစ်ခု တော့ အားလုံး ကိုကြိုပြီး တောင်းပန်ထားပါရစေ။
တကယ်လို့များ ပို့စ်တွေ မှာ မှတ်ချက်ပေးနိုင်ဖို့ အချိန်မရှိခဲ့ ရင် ခွင့်လွှတ်ကြပါလို့။
အားလုံး ရဲ့ ပို့စ်ကို နေ့တိုင်းတော့ ဝင်ဖတ် နိုင်ဖို့  ကြိုးစား ပါ့မယ်။ :-))

P02

လူခေါ် မဲ့ မဲဖန်ခွက်

P01

အမြီးလှုပ်တုတ်တုတ် နဲ့ ရှဥ့်ညိုလေး (ကြုံ တုန်း ထိုးပြလိုက်တာပါ)

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..