၂၀၁၄ ဒီဇင်ဘာ တုန်းက ရွာပြန်တုန်းလေး ရိုက်လာတာလေးတွေ။

ဒါတွေက ရှမ်းပြည် အောင်ဘန်း က ဆည် တစ်ခု မှာ (ဆည်နာမည် နဲ့ အဲ့ရွာနာမည် မေ့သွားပြီး) )

DSC_7952

၁၊ ဘဝ အားမာန် (၁)

DSC_7968

၂၊ ဟျောင့် ဘာကြည့်တာလဲကွ

DSC_7943

၃၊ ရေချိုးဆိပ် ဆင်းချိန်

DSC_7937

၎၊ သိုးကျောင်းသား

DSC_8020_tonemapped

၅၊ အလုပ်တစ်ဖက် ကလေးတစ်ဖက်

DSC_8030

၆၊ အပြစ်ကင်းသော အပြုံးများ

နံပတ် ၆ ပုံက အမျိုး အဘွား အိမ်နားက ကလေးတွေ

“လာကြ လာကြ ဓာတ်ပုံ ရိုက်ပေးမယ်” လဲ ဆိုရော တန်းစီ ပြီး ပြုံးနေလိုက်ကြတာ

 

နံပတ် ၇ ပုံကတော့ အောင်ပန်း မြို့ဘက် ပြန်ရောက်သွားပြီ

ဒီ ပုံ နဲ့ ပတ်သက်ပြီး နည်းနည်း ပြောစရာ ရှိ၊

ပထမတော့ အဲဒီ ကလေးလေးကို ကြည့်ပြီး ကလေး လုပ်သား ဆိုပြီး ထင်လိုက်မိတယ်။

နောက်မှ ရပ်ကွက်ထဲမှာ ရွာထဲမှာ တွေ့ရတာတွေက အဲဒီ က လူတွေက ကိုယ့် အိမ် ကိုယ် ဆောက်ကြသဗျ။း)

အဲဒီ အုတ်လေးတွေနဲ့ အိမ်ခပ် သေးသေး တွေပေါ့ ၁ထပ် အိမ် ၂ထပ် အိမ် တွေ။

ကလေး သေးသေးလေးတွေက အစ သူတို့ မိဘ တွေကို ဝိုင်းကူနေကြတာ တွေ့တယ်။

စဉ်းစားကြည့်တော့ ကိုယ့် မိသားစု နေဖို့ အိမ် ကို

ကိုယ်တိုင် ကူညီ ပြီး ဆောက်ပေးရတယ် ဆိုတဲ့ ပီတိ ကလဲ တော်တော်လေးတော့ ကြည်နူး စရာ ကောင်းမှာပဲ။

DSC_7900

၇၊ ဘဝအားမာန် (၂)

နံပတ် ၈ ပုံလေးကို သဘောကျလို့ စလုံးတွေကို မြန်မာ ယူ၂၃ က နိုင်တော့ ဖုန်းမှာ ဝေါလ်ပေပါ တင်ထားလိုက်သေးး)

ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေ ကျောင်းသားလေးတွေ အားလပ်ချိန်မှာ ကင်းပုံ ကစားနေကြတာ၊ သူတို့ အဖွဲ့ နိုင်သွားလို့

DSC_7815

၈၊ အောင်နိုင်သူ အပြုံး

ဒါက ပင်းတယ မှာ

DSC_7766

၉၊ ပင်းတယ ဈေးနေ့

နံပတ် ၁၀ က ရှမ်းပြည်တွေ ဘာတွေ မှာ မဟုတ်ဘူး။

ရန်ကုန်မှာပဲ အိမ်ရှေ့လမ်းမှား)

ဒီဇင်ဘာ လကုန် ပိုင်း ကျမှ ဘယ်လို ဘယ်လို ဖြစ်သလဲ မသိ

မနက် ၇နာရီ နဲ့ ၈နာရီ ကြားဆို မြူတွေ ဆိုင်းနေတာ

အဲဒီမှာမှ ပုံထဲက အဘ က ဦးစံရှား ဒီဇိုင်း နဲ့ လမ်းလျှောက်သွားတော့..း)

DSC_8800

၁၀၊ သည်ဆောင်းဟေမာန်

ဒီ ပုံ ၁၁ ကို ကြည့်ပြီး ဘယ်နား လို့ ထင်သွားပါသလဲ။

ဒါ FMI အိမ်ယာ တွေရဲ့ နောက်က လမ်းမှာပါ။

လမ်းက ၂လမ်း ရှိတယ် အလယ်မှာ ပလက်ဖောင်း ကို ၆ပေ လောက်လား မသိဘူး ထားထားပေးတာ။

FMI နားက လမ်းဆိုတော့ စပြီး ဆောက်တုန်းက ရှယ် လုပ်ထားတာနဲ့တူပါတယ်။

ခုတော့ ထိန်းသိမ်းမှု မရှိ တော့ အဲ့ဒီ ၆ပေ လောက် ပလက်ဖောင်း မှာ ကျူးကျော်တဲ တွေ ဆိုင်တွေ နဲ့ အပြည့် ဖြစ်ပြီးတော့

အမှိုက်တွေ တောင်လို ပုံနေတော့တာပဲ။

Photo 30-12-14 5 13 35 pm_tonemapped

၁၁၊ အမှိုက်ပုံတန်း

ကျော်လွင်ဖြိုး

About ကျော်လွင်ဖြိုး

has written 16 post in this Website..

၈၈ခုနှစ်မှာ မွေးသည်။ အပြောအဆို အနေအထိုင် ဂွကျသည်။ လွန်စွာ အပျင်းကြီးသည်။ လူများနဲ့ ပြောင်းပြန် တွေးလွန်းသောကြောင့် လမ်းထွက်လျှင် သံခမောက် ဆောင်း ထွက်ရသည်။