”  အိုးမဲ အသုတ်ခံရသူများ ”

 
 

ခွေး       အချင်းချင်း  ဟောင်

ကြောင်  အချင်းချင်း  ကိုက်

 

ကျား     အချင်း ချင်း  မာန်ဖီ

ကြက်    အချင်းချင်း    ခွပ်

 

နွား        အချင်းချင်း   ဝှေ့

ဆင်       အချင်းချင်း  နင်း

 

မြွေ         အချင်းချင်း   ပေါက်

မျောက်   အချင်းချင်း  ကုတ်

 

ငှက်         အချင်းချင်း    ဆိတ်

မြင်း        အချင်းချင်း   ကန်

 

တစ်တောလုံး ဗြောင်းဆန်

ပွက်ပွက်ညံနေမှ

 

အစိမ်းပြန်

ခြင်္သေ့မင်းတွေက

ဟားတိုက်လို့

ရီနေကြလေရဲ့။
 
 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၂၃ – ၃  -၂၀၁၆

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1570 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။