ဝန်းရံမှုတွေက ပြည့်လျှံတက်

စွန့်စားခဲ့ရ ဒို့တိုင်းပြည်အတွက်

အာဏာရှင်ကို ဖြုတ်ချမဟဲ့

ခွပ်ဒေါင်းသွေးတို့ နီမြန်းခဲ့

ပြုတ်ကျသွားတယ် အာဏာရှင်

ပြန်တက်လာတာ အာဏာရှင်

အနားယူတာလဲ အာဏာရှင်

ပြန်ဖွဲ့တာလဲ အာဏာရှင်

နောက်တန်းစီတာလဲ အာဏာရှင်

ထပ်တိုးမှာလဲ အာဏာရှင်

ဒါတွေစိတ်သုန်း အမြစ်ဖုံးဖို့

မနေနိုင်ခွပ်ဒေါင်း သံစုံပေးတော့

တစ်ချို့ကဆို လုပ်သင့်ပြီတဲ့

တစ်ချို့ကတော့ ရှုပ်လှချီဟဲ့

စည်းလုံးညီညာ တူညီမရတော့

အိုးဝေသံများ လွင့်ပျံဝေစီ

ခုတော့ခဏ တိတ်လေပြီ

ရှုလော့အနာဂတ် မြန်မာပြည်။

 

 

ခင်ခ

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..