အလင်းခြုံတဲ့ သတင်းဇုံ (သို့တည်းမဟုတ်) အောင်ဇေမီဒီယာကနေ…

အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

 

  • ၂၀၁၅အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်မီမှာ တိုင်းပြည်အတွင်း ဆူပူမှုတွေ ဖြစ်အောင်
  • လုပ်ကြံဖန်တီးခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဦးသိန်းစိန်ရဲ့ ပြောကြားချက်သတင်း၊
  • လူသားနှင့် ဇီဝအ၀န်းနယ်မြေအဖြစ် ယူနက်စကိုက အသိအမှတ်ပြု သတ်မှတ်ခံလိုက်ရတဲ့အင်းလေးကန်ရဲ့ အခြေအနေသတင်း၊
  • အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင်းကို ကြိုတင် အသိမပေးပဲ စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ – မြန်မာ ဆိုင်ရာ စစ်ရေးအခြေအနေသတင်း၊
  • ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းက ပြောဆို တင်ပြချက်များနဲ့ နောက်ဆက်တွဲ သတင်းများ၊
  • မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး US ဒေါ်လာဈေးနှုန်းတွေ တဟုန်ထိုး တက်နေတဲ့သတင်း၊
  • NLD ပါတီဘက်က သန်းနဲ့ချီတဲ့ လူထုလက်မှတ်တွေနဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်တွေ ပြင်ဆင်ဖို့အရေးနဲ့ ပတ်သက်တဲ့သတင်း၊
  • လှေစီးဒုက္ခသည်တွေအရေး ရခိုင်ပြည်လူထုက ဆန္ဒပြ ကန့်ကွက်ကြမယ့်သတင်း
  • ဗ.က.သ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင် ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရတဲ့သတင်း
  • NLD ပါတီ ဥက္ကဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားသမဂ္ဂ အသီးသီးမှ ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့သတင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု ပုံရိပ်သတင်းများ
  • အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့အရေး ထိပ်တိုက်တွေ့နေတဲ့ အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမားတို့ရဲ့
  • သတင်းအခြေအနေများ
  • မြန်မာပြည်မှာ မကြာခင် ကျင်းပမယ့် ရွေကောက်ပွဲတွေနဲ့ ပတ်သက်ပြီး US အထက်လွှတ်တော်ရဲ့ ပြောဆိုချက် သတင်း၊
  • တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဆိုင်ရာ အခြေအနေများနဲ့ တိုက်ပွဲသတင်းများ၊
  • US ရှိ မြန်မာလူမျိုးများအတွက် သိမှတ်ဖွယ်ရာ ထူးခြားသတင်းအဖြာဖြာနဲ့
  • US မှာ ပြုလုပ်မယ့် မြန်မာ့ပွဲလမ်းသဘင် သတင်းများကို စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အင်းလေးသတင်း

 

ဇွန် ၁၁ ။

ဇီဝမျိုးစုံမျိုးကွဲများစွာ မှီတင်းနေထိုင်လျက် ရှိတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော

ယူနက်စကို အသိအမှတ်ပြု လူသားနှင့် ဇီဝအ၀န်းနယ်မြေအဖြစ် သတ်မှတ်ခံလိုက်ရတာကြောင့်

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် နိုင်ငံတကာဆီက အကူအညီတွေ ရတော့မယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အင်းလေးကန် ရေရှည်တည်တံ့ဖို့အတွက် ရန်ပုံငွေ၊ နည်းပညာ စသည်တို့ကို င်ငံတကာနဲ့

ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့  သစ်တောရေးရာဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

 

.ပြင်သစ်နိုင်ငံပါရီမြို့မှာ ဇွန်လ ၈ ကနေ ၁၂ ရက်အထိ ကျင်းပနေတဲ့

“လူသားနှင့် ဇီဝအ၀န်းနယ်မြေအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ” ရဲ့ (၂၇) ကြိမ်မြောက် အစည်းအဝေးမှာ

အင်းလေးကန်ကို “လူသားနှင့် ဇီဝအ၀န်းနယ်မြေ” အဖြစ် အသိအမှတ်ပြုလက်ခံခဲ့တာ ဖြစ်ကြောင်း  သိရပါတယ်။

 

အင်းလေးကန်ဟာ ၂၁၅ ဒသမ၂၈ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ကန်ကြီး ဖြစ်ပြီး   သစ်တောငှက်၊ ရေပျော်ငှက် စုစုပေါင်း ၃၄၅ မျိုး၊

ကုန်းနေ ရေနေနဲ့  တွားသွားသတ္တ၀ါ ၂၅ မျိုး၊ သစ်ခွမျိုး ၁၈၄ မျိုး၊ ငါး ၅၉ မျိုး၊ လိပ် သုံးမျိုး၊

လိပ်ပြာ ၉၄ မျိုးတို့ နေထိုင်ကျက်စားနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

 

ယူနက်စကိုရဲ့  ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပျူမြို့ဟောင်းများဖြစ်ကြတဲ့ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းမြို့ဟောင်းတွေကို

၂၀၁၄ ခုနှစ်က အသိအမှတ်ပြုခဲ့တာ ဖြစ်ပြီး     မန္တလေးမြို့ရှိကုသိုလ်တော် ဘုရားအတွင်း ကျောက်စာတွေဟာလည်း

ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဦးသိန်းစိန်ရဲ့ ပြောကြားချက်တခု

 

ဇွန် ၁၁ ။

၂၀၁၅အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်မီမှာ တိုင်းပြည်အတွင်း ဆူပူမှုတွေ ဖြစ်အောင်

လုပ်ကြံဖန်တီးခြင်း မပြုလုပ်ကြဖို့ လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

 

.တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဇွန်လ ၁၀ရက်နေ့က သမ္မတဦးသိန်းစိန်နဲ့

.ဒေသခံပြည် သူလူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပရာမှာ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

အတိတ်ကာလတုန်းကလို ဆူပူမှုကြီး မဖြစ်ပွားဖို့ အတွက် ရွေးကောက်ပွဲကော်မရှင်၊

အုပ်ချုပ်ရေးပိုင်းမှ သာမက ပြည်သူလူထုနဲ့ ပါတီတွေကပါ ၀ိုင်းဝန်းကူညီ ပေးကြစေလိုကြောင်းဦးသိန်းစိန်က ပြောပါတယ်။

 

ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတာကို တစ်ကမ္ဘာလုံးကမျက်စိဒေါက်ထောက်

.ကြည့်ရှုနေတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း လွတ်လပ်ပြီးတရားမျှတဖို့အရေး  ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသက စစ်ရေးအခြေအနေသတင်း၊

 

 

ဇွန် ၁၁ ။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင်းမှာ အခြေစိုက်တဲ့ နာဂသူပုန်အဖွဲ့ကို အိန္ဒိယစစ်တပ်က

လက်တုန့်ပြန် တိုက်ခိုက်ရာမှာ မြန်မာနိုင်ငံ အတွင်းထိ ဝင်ရောက် ချေမှုန်းခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ နယ်နိမိတ်ကျော် ဝင်ရောက် တိုက်ခိုက်မှုကြောင့် အသေအပျောက်စာရင်းကိုတော့

အတိအကျ မသိရသေးဘဲ အိန္ဒိယနိုင်ငံပိုင် သတင်း မီဒီယာတွေတော့ သူပုန်တပ်ဖွဲ့ဝင် ၃၀ ကနေ

၅၀ လောက် သေဆုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

 

အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ နာဂသူပုန်အဖွဲ့ကြီး ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ NSCN – Kaplang အဖွဲ့ဟာ

အိန္ဒိယစစ်တပ် စခန်းတွေကို ဇွန်လ ၄ ရက်နေ့က ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည် လက်တုန့်ပြန်တာ ဖြစ်ပါတယ်။

 

နှစ်နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ နားလည်မှုအရ တဖက်နိုင်ငံ နယ်နိမိတ်ထဲကို ဝင်ရောက်

တိုက်ခိုက်မှု မပြုခင်မှာ  အစိုးရကို ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပေမယ့်

အိန္ဒိယဘက်က မြန်မာအစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိပါဘူး။

 

.ကြိုတင် အကြောင်းမကြားဘဲ နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အတွင်းက

လက်နက်ကိုင် အင်အားစုတွေကို ရုတ်တရက် ၀င်ရောက် တိုက်ခိုက်တာဟာ နှစ်နိုင်ငံရဲ့ သံတမန်ရေးကို

ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ကြောင်း  သုံးသပ် ပြောဆိုမှုတွေ ရှိနေပါတယ်။

 

အခုလို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကျူးကျော်ရာ ရောက်တဲ့

အိန္ဒိအစိုးရရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး  မြန်မာအစိုးရဘက်ကတော့ ကန့်ကွက်ကြောင်း

ထုတ်ဖော် ပြောဆိုခြင်း တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အလားအလာ

 

 

ဇွန် ၁၁ ။

လူအများ စိတ်ဝင်တစားဖြစ်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့က

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြို့တော်ဝန် ဦးလှမြင့် ဦးဆောင်ကာ

တင်ပြဆွေးနွေးမှုတွေ ပြန်လုပ်နေပါတယ်။

 

အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ၇ခု ရှိပြီး သက္ကရာဇ် ၂၀၄၀ မှာ  အပြီးတည်ဆောက်ဖို့ ရည်မှန်းထားကြောင်း

ရန်ကုန်မြို့တော်ဝန်က ရှင်းပြခဲ့ပါတယ်။

 

မကြာသေးခင်က လွှတ်တော်မှာပဲ ပြန်ရုပ်သိမ်းသွားတဲ့ အဆိုပါ မြို့သစ်စီမံကိန်းကို အခုအခါမှာ

ဒုတိယဦးစားပေးအနေနဲ့  ထပ်မံ တင်ပြလာတာ ဖြစ်ပြီး  ဘီလျံရှစ်ထောင်ကျော်ဖိုး အသုံးပြုရမယ်လို့ ခင်္န့မှန်းထားကြပါတယ်။

 

JICA နဲ့ ပူးပေါင်း တည်ဆောက်မယ် ဆိုတဲ့ စီမံကိန်းကြီးတစ်ခုလုံးအတွက် ပိုက်ဆံတွေကို

ဘယ်သူက ထုတ်ပေးမယ်ဆိုတာကိုတော့ တိကျစွာ ပြောဆိုခြင်း မရှိသေးပါဘူး ။

 

ဒဂုံအရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ သံလျင်၊ ထန်းတပင်၊ ဒလ၊ မှော်ဘီနဲ့ လှည်းကူးမြို့သစ်…

စတဲ့ မြို့သစ်စီမံကိန်း ၇ ခုကို ဂျပန်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ JICA က ရေးဆွဲခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ US ဒေါ်လာ တန်ဖိုး မြင့်တက်မှု

 

 

ဇွန် ၁၀ ။

.မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး US ဒေါ်လာဈေးနှုန်းကတော့ တဟုန်ထိုး

တက်နေကြောင်း သိရပါတယ်။

ဒါဟာ အစိုးရရဲ့ အသုံးစရိတ်များနေပြီးလိုပြငွေပြဿနာတွေ ရှိပြီးနောက်ပိုင်းမှာ ငွေစက္ကူအသစ်တွေလည်း

ထပ်မံ ထုတ်ဝေလိုက်ခြင်းနဲ့ သက်ဆိုင်လိမ့်မယ်လို့  စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။

 

.မြန်မာပြည်တွင်းမှာ အခုရက်ပိုင်းအတွင်းမှာပဲ US ဒေါ်လာ တန်ဖိုးတွေ တရိပ်ရိပ်တက်လာနေတာဟာ

၂၀၁၅ ခုနှစ်မှာ အစိုးရအသုံးစရိတ် သိပ်များနေတဲ့အတွက် လိုငွေပြလာနေတာကြောင့် ဖြစ်နိုင်ပြီး
ြ.မန်မာ ကျပ်ငွေကြေးကိုက ဖောင်းပွလာကြောင်း ထောက်ပြ ဝေဖန်နေကြတာပါ။

 

၂၀၁၅ ခုနှစ်မှာ လိုငွေပြတဲ့ ပမာဏဟာ မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၃၈၀၀ လောက် ရှိနေပြီး

အစိုးရ ၀န်ထမ်းများ လစာတိုးပေးတာချည်းပဲ ကျပ် ဘီလီယံပေါင်း ၂ သောင်း ၂ ထောင့် ၉၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

 

အဆိုပါ လိုငွေကို ဖြည့်တဲ့အခါ ဒေါ်လာဝယ်ထည့်မလား … ငွေစက္ကူတွေ လှိမ့်ထုတ်ပြီး ဖြည့်မလားလို့  မေးခွန်းထုတ်ရမှာ ဖြစ်ပြီး

လက်တွေ့ အထောက်အထားတွေ အရတော့ ၁ သောင်းတန် ကျပ်ငွေ စက္ကူတွေကိုသာ Security ဖြစ်အောင် ထုတ်ရတာပါလို့

အကြောင်းပြပြီး ထုတ်ဝေခဲ့ကြောင်း လည်း ထောက်ပြလိုက်ကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး

 

ဇွန် ၁၀ ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတ ရွေးကောက်တင်မြှောက်ခွင့်ဆိုင်ရာ

သတ်မှတ်ချက် အပါအ၀င် ပြဌာန်းချက်တချို့ကို ပြင်ဆင်ဖို့အတွက် လွှတ်တော်အမတ် ၂၀ ကျော်ရဲ့ လက်မှတ်တွေနဲ့

လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

 

NLD ပါတီဘက်က သန်းနဲ့ချီတဲ့ လူထုလက်မှတ်တွေနဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့

ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်တွေကိုလည်း ပြင်ဆင်ဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်လိုတဲ့အခါ လွှတ်တော်ကို တင်သွင်းရမယ့်

ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ပါဝင်ပြီး တင်ပြမယ်ဆိုရင်

.ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမှာ ဖြစ်ကြောင်း  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ

အခန်း ၁၂ မှာ  ဖော်ပြထားပါတယ်။

 

ဒါပေမယ့် သားသမီးဖြစ်သူတွေက နိုင်ငံခြားသားတွေ ဖြစ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

သမ္မတ ဖြစ်ခွင့်ကတော့ အရင်အတိုင်း ဆက်ရှိနေဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

လှေစီးဒုက္ခသည်ဆိုင်ရာ သတင်း၊

 

ဇွန် ၈ ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအများစုပါဝင်တဲ့ လှေစီးဒုက္ခသည်တွေကို ရခိုင်ပြည်နယ်

အစိုးရ အာဏာပိုင်တွေက  ရခိုင်ပြည်တွင်းမှာ လာရောက်နေရာချထားတာကို  ဒေသခံတွေက

မကျေနပ်ကြဘူးဆိုပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြကြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

 

အဆိုပါ လှေစီး ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဝဝ ပါဝင်တဲ့ စက်လှေတစ်စီးနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး

.ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းမှာ ရေတပ်က တွေ့ရှိ ကယ်တင်ထားတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အနီးမှာ တွေ့ရှိကယ်တင်ခဲ့တဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ကိုလည်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာပဲ နေရာချထားခဲ့ပါတယ်။

 

အခုလို လှေစီးဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အတွင်း လာရောက်နေရာချထားခဲ့တာနဲ့ ပတ်သက်ပြီး.

.ဒေသခံအရပ်ဘက်အဖွဲ့အစည်းများက စစ်တွေမြို့မှာ တွေ့ဆုံဆွေးနွေးမတွေ ပြုလုပ်ခဲ့ကြပြီး၊

လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာတော့ ကန့်ကွက်ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။

 

အဆိုပါ ဆန္ဒပြတဲ့နေ့မှာ အခြားသူတွေပါ ပူးပေါင်းပါဝင်ကြဖို့ လှုံ့ဆော်သွားမှာဖြစ်ပြီး တခြားမြို့တွေကိုပါ

ဆက်သွယ်ထားကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မဖြိုးဖြိုးအောင်နဲ့ ပြည်သူ့ဂုဏ်ရည်ဆု

 

ဇွန် ၈ ။

လက်ပံတန်း ကျောင်းသားအရေးအခင်းအတွင်းမှာ ဖမ်းဆီခံထားရတဲ့

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မဖြိုးဖြိုးအောင်ဟာ

၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့် ခံရကြောင်း သိရပါတယ်။

 

.ပြည်သူ့ဂုဏ် အသင်းမှ ကြီးမှူးပြီး US အရှေ့ဘက်ခြမ်း နယူးယောက်ပြည်နယ်ရှိ၊

ယူတီကာမြို့မှာ အခမ်းအနား ကျင်းပပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

အဆိုပါ ဆုပေးပွဲ အခမ်းအနားမှာ US ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဌာနခွဲ တာဝန်ခံတစ်ဦးဖြစ်သူ

စာရေးဆရာမ မိုးချိုသင်းက ကြေညာပေးခဲ့ပြီး
သာယာဝတီ ထောင်အတွင်းက ဆုရသူ မဖြိုးဖြိုးအောင်ရဲ့ ကိုယ်စား ဆု ယူပေးသူကတော့

နယူးယောက်ပြည်နယ် Albany မြို့မှာ သီတင်းသုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အရှင်ဇဝန ဖြစ်ပါတယ်။

 

မဖြိုးဖြိုးအောင် ရရှိသွားတဲ့ ဒီဆုဟာ ပြည်တွင်းမှ ပရဟိတလူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်ပြီး စေတနာ့ဝန်ထမ်းအဖြစ်

စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတွေကို ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

 

တိုင်းရင်းသားမိသားစုများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက ဆုတွေ  ပေးအပ်လာတာ ဖြစ်ပါတယ်။

 

အခုလို ပြည်သူ့ဂုဏ်ဆု ချီးမြှင့်ခံရသူဟာ US ဒေါ်လာ တစ်သောင်း ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ဆုချီးမြှင့်ပွဲ ဂုဏ်ပြုအခမ်းအနားကို ပြည်တွင်းမှာပါ ကျင်းပခွင့်ရှိလာပြီဆိုတာကြောင့် ရန်ကုန်တိုင်း၊

ဗဟန်းမြို့နယ်ရှိတော်ဝင်နှင်းဆီခန်းမမှာလည်း အခုလ ၁၄ ရက်နေ့မှာ   ကျင်းပဖို့စီစဉ်ထားကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားသမဂ္ဂများ

 

 

ဇွန် ၇ – ၈ ။

NLD ပါတီ ဥက္ကဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားသမဂ္ဂ အသီးသီးမှ

ကိုယ်စားလှယ် ၆၀ ကျော်တို့ဟာ ဇွန်လ ၇ ရက်နေ့က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက.

.ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာတွေ့ဆုံခဲ့ကြပါတယ်။

 

ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များအပြင် ဆရာ/ဆရာမများ အဖွဲ့ချုပ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ တွေ့ဆုံပွဲအတွင်း လက်ပံတောင်း ပညာရေးသပိတ် ချီတက်မှုဖြစ်စဉ်မှာ

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားများနဲ့ ဝန်းရံတဲ့ ပြည်သူများရဲ့ အရေးကိစ္စတွေအပြင် မြင်းခြံမှာ ဖြစ်ပွါးခဲ့တဲ့

.ကျောင်းသား သမဂ္ဂအလံ လွှင့်ထူခဲ့မှုနဲ့ ဖမ်းဆီးခံရတဲ့ ကျောင်းသားများရဲ့ အရေးတွေကိုပါ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

 

အဆိုပါ ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ကော်မီတီအနေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲ

ဆိုတာကို ကျောင်းသားတွေဘက်က မေးခွန်း ထုတ်လိုက်ကြပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ကူညီပေးမှာ ဖြစ်ကြောင်းနဲ့

ဘယ်လို ကူညီပေးမယ်ဆိုတာကို စောင့်ကြည့်ပြီးမှသာ ကျေနပ် အားရမှု ရှိမရှိ ပြောဖို့   ပန်လည် ဖြေကြားခဲ့ပါတယ်။

 

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အမှုနဲ့ပတ်သက်ပြီး

ကာယကံရှင်တွေကသာ လက်ခံမယ်ဆိုရင် NLD ဥပဒေအထောက်အကူပြုအဖွဲ့က ကူညီဖို့ အဆင်သင့် ရှိကြောင်းလည်း

.ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေကတော့

ဗကသ ကျောင်းသား ခေါင်းဆောင်များ ထောင်ကျတာတွေ ၊ ဝရမ်းထုတ် ခံရတာတွေ  ဖြစ်နေဆဲ ဖြစ်တာကြောင့်

ယခု ဆွေးနွေးပွဲကို မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

 

အဆိုပါ တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက

အဆင့်မြင့် ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘောထားတွေ မေးမြန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

 

အမျိုးသားပညာရေးဥပဒေ အတည်ပြုပြီးနောက်မှာ ဆက်လက်ရေးဆွဲရမယ့် အဆင့်မြင့်ပညာရေး ဥပဒေကို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင် ရေးဆွဲဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့အရေး

 

 

ဇွန် ၆ ။

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့အရေး အလုပ်ရှင်၊ အလုပ်သမား၊

လွှတ်တော်ကိုယ်စားများနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို

အခုလထဲမှာ ကျင်းပပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်ကို ဇွန်လထဲမှာပဲ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း

သမ္မတက ဆိုပါတယ်။

 

ဒီလထဲမှာကျင်းပမယ့် အဆိုပါ ဆွေးနွေးပွဲအတွင်းမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး

တကယ်ထိထိရောက်ရောက် တောင်းဆိုမယ့်သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။

 

အခုလက်ရှိအချိန်မှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားထုတွေရဲ့ လိုလားချက်အနေနဲ့ အနိမ့်ဆုံးလုပ်ခလစာ

ကျပ် ၄ ထောင်နှုန်းထားသတ်မှတ်စေချင်နေကြပြီး ဒီလဆွေးနွေးပွဲမှာ တကယ်တင်ပြနိုင်သူတွေ တက်ရောက်ဆွေးနွေးဖို့

လိုအပ်နေတာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ စံချိန်စံညွှန်းနဲ့နှိုင်ယှဉ်လိုက်ရင် မြန်မာပြည်က အလုပ်သမားထုဟာ

လစာရော အလုပ်သမားအခွင့်အရေးတွေပါ အလွန်တရာ နိမ့်ကျနေတဲ့အပြင်   ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူအများစုဟာလည်း

လုပ်ခလစာ ဈေးပေါပေါနဲ့ရတဲ့အတွက် ရင်းနှီးမြှုပ်နှံတဲ့အဆင့်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။

 

အနည်းဆုံး လုပ်ခ လစာ သတ်မှတ်ချက်ကို ထုတ်ပြန်ပြီးတဲ့အခါ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ချက်၊

အကြံပြုချက်တွေရှိလာရင် ပြန်လည်စိစစ်ညှိနှိုင်းပြီး နောက်ဆုံးညှိနှိုင်းရရှိတဲ့ အနည်းဆုံးအခကြေးငွေကို

လက်ရှိအစိုးရအဖွဲ့ရဲ့ သက်တမ်းအတွင်းမှာ ထုတ်ပြန် ကြေညာပြီး သတ်မှတ်မှာ ဖြစ်ပါတယ်။

 

.မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် သန်းနဲ့ချီတဲ့ မြန်မာပြည်သားတွေဟာ

အိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်နေကြရပါတယ်။

 

.မြန်မာပြည်ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ တစ်ရက်လုပ်အားခအနိမ့်ဆုံး

သတ်မှတ်ချက်ဟာ မြန်မာကျပ်ငွေ ကိုးထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ သုံးရာသတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

 

.မြန်မာပြည်ရဲ့ အစိုးရအဖွဲ့ဘက်မှာတော့ သမ္မတရဲ့ လစာက ကျပ် သိန်းငါးဆယ်။

ဒုတိယသမ္မတတွေရဲ့ လစာငွေက ကျပ် သိန်းလေးဆယ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေကတော့

လစာငွေ ၁၀ သိန်းထိ ခံစားဖို့ တိုးမြှင့်ခဲ့ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဆင်းရဲသား တိုက်ဖျက်ရေး

 

ဇွန် ၆ ။

ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့ နယ်အပိုင် ဒဂုံနို့ချက်စက်ရုံအနီးမှာရှိတဲ့ ပျဉ်းမပင်မွေးမြူရေးခြံအတွင်းက

အိမ်ယာမဲ့ကျူးကျော်နေထိုင်သူတွေကို အင်အားသုံးပြီး  ဖြိုခွဲလိုက်ပြီလို့ သိရပါတယ် ။

 

အဆိုပါ ဖြိုခွဲမှုဟာ မွေးမြူရေး၊ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုး တတ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး

ဦးအုန်းမြင့်ရဲ့ ညွန့်ကြားချက်နဲ့ ဖြိုခွဲခဲ့တာ ဖြစ်ပြီး “စွမ်းအားရှင်” လို့ခေါ်ဆိုကြတဲ့ ကျေးစားလူမိုက် ၈၀၀ ကျော်နဲ့

ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်တို့က ကျူးကျော်နေထိုင်သူ ၁၀၀၀ ခန့်ကို ဖြိုခွဲလိုက်တာဖြစ်ပါတယ်။

 

ကျူးကျော်နေထိုင်သူတွေကို ဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး ဆေးရုံတင်ထားရတဲ့အပြင်

လူဆယ်ဦး အဖမ်းခံထားရကြောင်း ကျူးကျော်နေထိုင်သူတွေက ဆိုပါတယ်။

 

အခုလို အကြမ်းဖက် ဖြိုခွဲဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုယ်တိုင် လာရောက်ပြီး စီစဉ်ခဲ့တာဖြစ်ကြောင်း  သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်

 

ဇွန် ၆ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်နိုင်ငံခရီးစဉ်ဟာ နိုင်ငံရေးပါတီ အချင်းချင်းဆက်ဆံရေးအတွက် အရေးကြီးကြောင်း

တရုတ် အစိုးရက ပြောကြားလိုက်တဲ့အပြင် အခုလို တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားတဲ့

.ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို US အနေနဲ့ အသိအမှတ်ပြုပါကြောင်း မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန် ပညာရှင်

ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က သုံးသပ်နေပါတယ်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ

တရုတ်ပြည်တွင်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ
တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကိုပါ တွေ့ဆုံဖို့ ရှိနေပါတယ်။

 

ဒါအပြင် ဒီခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့မယ့်အပြင်

တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

 

.ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ

.ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌလည်းဖြစ် ၊ ပြည်ထောင်စုလွှတ်တော်နာယကလည်း ဖြစ်သူ

သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို သွားရောက်ခဲ့ပါတယ်။

 

သူရဦးရွှေမန်းရဲ့ ခရီးစဉ်အတွင်း တရုတ်သမတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊
တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို
ဆွေးနွေးခဲ့ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.မြန်မာပြည်ရဲ့ ရွေးကောက်ပွဲနဲ့ US ရဲ့ သဘောထား

 

ဇွန် ၅ ။

.မြန်မာပြည်မှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ အားလုံးက လက်မခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင်

US – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ လက်တွဲဆောင်ရွက်မယ့် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း

US အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell က ပြောဆိုလိုက်ပါတယ်။

 

US အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ဟာ သြဇာ တိက္ကမ ရှိသူတစ်ဦးဖြစ်ပြီး -မြန်မာပြည်အရေးကို

မပြတ်တမ်း စောင့်ကြည့်နေသူတဦးလည်း ဖြစ်ပါတယ်။

 

ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောဆိုရာမှာ Mr. McConnell ကမန်မာပြည်မှာ ကျင်းပဖို့ရှိတဲ့

.ရွေးကောက်ပွဲဟာ အားလုံး ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ အများက လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့

သတိပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

 

အစိုးရပိုင်မီဒီယာတွေကနေ ပြသတဲ့နေရာမှာ နိုင်ငံရေးမျက်နှာလိုက်မှု မရှိစေဖို့၊

လွတ်လပ်စွာ ပြောဆို၊ ထုတ်ဝေခွင့်ရှိဖို့နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုလည်း အာမခံနိုင်ဖို့ ၊

ဒါ့အပြင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ ကြောက်ရွံ့မှု ကင်းကင်းနဲ့ မျှတစွာ လုပ်ဆောင်နိုင်ခွင့်ရှိဖို့  တိုက်တွန်းထားပါတယ်။

 

အများ လက်ခံနိုင်စရာ မရှိတဲ့ အခြေအနေသာ ဖြစ်လာခဲ့ရင်တော့   ရှေ့ဆက်တိုးမြင့် လုပ်ဆောင်ဖို့ရှိတဲ့

US – မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ၊ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးကိစ္စ … စတဲ့

ကဏ္ဍတွေမှာ အဟန့်အတားဖြစ်စေနိုင်မှာ ဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

 

မကြာမီ ကျင်းပမယ့် မြန်မာပြည်ရဲ့  ရွေးကောက်ပွဲတွေကို သံအမတ်ကြီး Derek Mitchell ဦးဆောင်တဲ့ မြန်မာပြည်ဆိုင်ရာ

အမေရိကန်သံရုံး ကပါ လေ့လာစောင့်ကြည့်မယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့ ပြည်တွင်းပဋိပက္ခတွေကို အဆုံးသတ်ပြီး နိုင်ငံရေး တည်ငြိမ်ဖို့ ၊ တိုင်းရင်းသား

လူနည်းစုဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုများ ရရှိအောင် လုပ်ဆောင်ဖို့ …

လိုအပ်ကြောင်းလည်း ပြောဆိုပါတယ်။

 

.မြန်မာ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ ရှိစေဖို့အတွက်လည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့

လိုအပ်ကြောင်းလည်း ပြောဆိုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အပစ်ခတ်ရပ်စဲရေးနဲ့ တိုက်ပွဲအခြေအနေ ၊

 

ဇွန် ၄ – ၆

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့

အဖွဲ့များ ဖြစ်တဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ PSLF/TNLA တအောင်း ပလောင်အဖွဲ့တွေပါ ပါဝင်သင့်ကြောင်း

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့

အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

 

ဒါ့အပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုတာဟာ မြန်မာ အစိုးရဘက်က

.ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဖက်ဒရယ်စနစ်နဲ့ ကွာခြားချက်တွေရှိ ကြောင်း

သတိထားရမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

 

ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ လော်ခီးလာ ညီလာခံကို ဝပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ၊

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့လည်း

တက်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

 

အဆိုပါ ညီလာခံကို တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoxiang ၊

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး

Vjay Nambiar တို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနေကြစဉ်အချိန်မှာပဲ

တရုတ်-မြန်မာနယ်စပ်အနီးမှာ တရုတ်တပ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

 

တပြိုင်တည်းမှာပဲ  ကိုးကန့်ဒေသ မြောက်ပိုင်းနဲ့ လောက်ကိုင်ဒေသဘက်မှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ဟာ

တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့အပြင်   ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံဘက်မှာလည်း

ဝပြည်တပ်မတော်နဲ့မြန်မာစစ်တပ်ဟာ   စစ်ရေး စစ်ရေးတင်းမာမှု အရှိန်မြင့်နေဆဲဖြစ်ကြောင်း သိရပါတယ်။

 

အခု နှစ်ဆန်းပိုင်းကစပြီး မြန်မာစစ်တပ်နဲ့ကိုးကန့်တပ်များ  တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့်

စစ်ရေးပဋိပက္ခတွေကို ကြောက်လန့်ပြီး ဒေသခံတွေ အိုးအိမ် စွန့်ခွါ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် တရုတ်ပိုင်နက်နယ်မြေထဲအထိ လက်နက်ကြီး ဗုံးဆံတွေ ကျရောက်ခဲ့တာကြောင့်

တရုတ်နိုင်ငံသားတချို့ပါ သေဆုံးခဲ့ရာ နယ်စပ်လုံခြုံရေး ထိခိုက်မှုကို တရုတ်အစိုးရဘက်က ပြင်းထန်စွာ

သတိပေးမှုတွေ ပြုလုပ်နေရပါတယ်။

 

အဲဒီနောက် တရုတ်မြန်မာနယ်စပ်အနီးရှိ ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်

(PLA) ရဲ့ ဝေဟင်နဲ့ မြေပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ စတင်လိုက်ပြီး ကျည်ဆန်အစစ်တွေနဲ့

စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဓမ္မစက္ခု ဓမ္မာရုံ တည်ရှိရာ 1008 S.DEL MAR AVE, SAN GABRIEL CA 91776 မှာ

ဇူလိုင်လ (၁၄) ရက် ကနေ (၁၉) ရက်ထိ ရွှေမင်းဝံ ဆရာတော်ရဲ့ တရားစခန်းကို ကျင်းပဦးမယ်လို့ သိရပါတယ်။

 

ဓမ္မမိတ်ဆွေအပေါင်း တရားနာ ကြွရောက်ကြဖို့ ဖိတ်ခေါ်ထားပြီး အသေးစိတ်သိရှိလိုပါက

ဖုန်း-(၆၂၆)၂၂၁၆၆၇၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဟေးဝပ်ဒ်မြို့ ၊ မုဒိတာရွှေကျောင်း တည်ရှိရာ 27695 Leiding Ct. Hayward,CA 94544 မှာ ရွှေသိမ်တော်ကြီးကို

တည်ဆောက်လျက်ရှိပြီး သိမ်အောင်ပွဲကို ဇူလိုင်လ၁၂ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

 

ဓမ္မမိတ်ဆွေ သူတော်စင်များအနေနဲ့ သိမ်တော်အတွက် ကုသိုလ်ယူ ပါဝင်နိုင်ပြီး အသေးစိတ်သိရှိလိုသူများအနေနဲ့

ဖုန်းနံပါတ် – 510 574 5442 ကို ဆက်သွယ်နိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊

သီလရှင်ဝတ်ပွဲနဲ့ ဝိပဿနာ တရားစခန်းပွဲတော်ကြီးကို ဇွန်လ ၁၃ ရက်၊ စနေနေ့ ၃ နာရီမှာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း

ကျင်းပမယ်လို့ သိရပါတယ်။

 

စုပေါင်းရှင်ပြု၊ ဒုလ္လဘ ရဟန်းခံ အလှူတော်မင်္ဂလာမှာ ပါဝင် ကုသိုလ် ယူလိုသူများအနေနဲ့

ရဟန်းလောင်း တစ်ပါးအတွက် ဒေါ်လာ ၂၅၀၊ ကိုရင်လောင်း သို့မဟုတ် မယ်သီလရင်လောင်း တစ်ပါးအတွက်

.ဒေါ်လာ ၁၅၀ အသီးသီး လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် သံဃာတော်များအတွက် ဆွမ်းအလှူ၊ နဝကမ္မ အလှူပြုခြင်း၊ ဧည့်ပရိသတ်များအတွက်

အာဟာရဒါန စားသောက်ဖွယ်များ လှူဒါန်းခြင်းတို့ကိုလည်း … နည်းများမဆို ကုသိုလ်ပါဝင်နိုင်ကြောင်း သိရပါတယ်။

 

ပွဲတော် အကြောင်း အသေးစိတ် သိရှိလိုသူများအနေနဲ့ ဓမ္မပါလကျောင်း

3096 Wheeling St, Aurora. CO 80011, Tel: 303-343-3691 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

အောင်ဇေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013