တစ်ချိန်က ဟောဒီမိုးတွေကြား

သမီးရည်းစားနှစ်ယောက် ရူးလောက်အောင် ပျော်ခဲ့ကြ

တစ်လက်ထဲသောထီးကလေးအောက် သောကပျောက်စုံတွဲ

တစ်သက်လုံးမြဲမယ့် အတွေးနဲ့ အချစ်တွေ နယ်ချဲ့ခဲ့သပေါ့လေ ၊

မိုးစိုမှာစိုးသူက သူ့ကိုပိုက်ထွေး အို  နွေးလိုက်တာ တဲ့ ၊

ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်း နောက်နှစ်ဆန်းမှာတော့

ကံပဲပေါ့ဆိုတဲ့ စကားနဲ့ ထားခဲ့တဲ့မင်း

နားမလည်နိုင်ခြင်းတွေကြား မိန်းမဆိုတဲ့လူစား

ဒီလို တစ်သားတည်းလား များခဲ့တဲ့အတွေးတွေနဲ့

အနာကြီးနာခဲ့  စာဖွဲ့မကုန်အောင်ချစ်ပေမယ့်

ညစ်လေတဲ့ မင်းလိုလူအတွက် အခန်းဆက်စရာမလို

ငါဆိုတဲ့ယောင်္ကျား လွမ်းများနေမယ်ထင်သလား

မင်းသင်သွားတဲ့ မာယာအတတ် ငါ အခါခါမှတ်ခဲ့

အတုံ့အလှည့်ကိုကွယ့်ငါမျှော် မင်းသာထပ်ပေါ်ခဲ့ရင်

ငါ ညှာလိမ့်မယ် မထင်နဲ့နော် ၊

20150610_181559

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..