မွအိ-အိမ်စာ ပြီးပြီချင့်။ :-)))
. နောက်လဲ ထပ်ပြီး စာ လုပ်ချင်ပါသေးတယ်။

. တစ်ခါထဲဘဲ မြန်မာအသင်းကြီး ကို ဂုဏ်ပြုပြီး အညှော်တိုက်လိုက်တဲ့ သဘောလဲ ပါပါတယ်။
ကကြီးမိုက် ကို ကျော်ဖို့ အရှိန်ယူလိုက်တာလဲ ပါပါတယ်။
သများ က နဲနဲ ကွန်ပိတေးတစ် (+ ကွန်ဆာဗေးတစ်)  ဖြစ်တော့ ခင်တာလဲ ခင်တာ တစ်ပိုင်း၊ ကျော်ချင်တာလဲ ကျော်ချိန်တာ တစ်ပိုင်းမို့ ဒီ အကြော်ပို့စ် နဲ့ ကပ်လိုက်ခဲ့ပါတယ်။ :wink:

. ဘော်လုံးပွဲ ကို နဲနဲ ထပ်ကွန့်ချင်တာလေး လဲ ရှိတာမို့ ဆက်ပြစီ။
၁၅ရက်နေ့ မလဲ ထပ်ပြီး ဂုဏ်ပြု ချင်ပါရဲ့။
တကယ်ဘဲ ကြိုးစားကြတဲ့ မျက်နှာ နုနု လေး တွေ နဲ့ ကလေး တွေ ကို နိုင်စေချင်တာတော့ အမှန်ပါ။
technically အရတော့ နိုင်ဖို့ မရှိ။
ဒါပေမဲ့ spiritual အရ ဆိုရင်တော့ အတော်အားရဖို့ ကောင်းမှာပါ။
ကွင်းပါတ်ပြီး သံဗုဒ္ဓေရွတ်ပေးသူလဲ ရှိသတဲ့။
ပရိတ်ရွတ်ပြီး မေတ္တာပို့ ပေးနေသူလဲ ရှိသတဲ့။
အဓိဌာန်ဝင် ဆုတောင်းပေးသူ တွေလဲ ရှိသတဲ့။
. လှောင်တာမဟုတ်ပါ။
ဒါပေမဲ့ ယိုးဒယား တွေ က ယတြာကောင်းတယ်တို့၊ အစီအမံတော်တယ် လို့ ပြောပြီး သူများ ကို ကိုယ့်စိတ်နဲ့ တော့ မနှိုင်းစေချင်။
ကိုယ်လုပ်ချင်တာ ကိုယ့်လွတ်လပ်ခွင့် နဲ့ လုပ်နိုင်ပါတယ်။
အဲဒီ နောက်မှာ သူများ ကတော့ ငါတို့ ကို ဘယ်လို မကောင်းကြံနေပြီလို့ အထင်မရောက်စေချင်ပါ။
ဟုတ်မှန်း မဟုတ်မှန်းမသိ။ ဟုတ်တောင် မှ လူရီဖို့ ကောင်းမှာမို့ သူတို့ စရိတ် နဲ့ သူတို့ ဟာသ ဖြစ်သွားမှာပါ။
မဟုတ်ရင်တော့ ကိုယ့်စိတ်နဲ့တိုင်းပြီး သူများ ကို စော်ကားသလို ဖြစ်မယ်။

. ဘော်လုံးဆိုတာ လည်ပြီး ဝင်ချင်လဲဝင် ချော်ချင်လဲချော်တတ်တဲ့ သဘောမို့ ကိုယ်နိုင်လဲ သူများကို မေတ္တာမပျက်၊ ကိုယ်ရှုံးလဲ သူများ ကို မေတ္တာမပျက် ဖို့ သတိလေးထားကြစေလိုတယ်။
သမိုင်းမှာ မြန်မာတွေ ရဲ့ စိတ်ဓာတ် အင်မတန် အောက်တန်းကျတယ်လို့ အသတ်မှတ် ခံပြီး တော့ အနိုင် ကို မယူချင်ကြပါနဲ့   လို့စ်။
ရင့်ကျက်တဲ့ စိတ်နဲ့ ခင်မင် နှစ်လိုဖွယ် ကောင်းတဲ့ လူမျိုး တွေ ကြီးစိုးတဲ့ မြေလို့ သာ ပြစေချင်ပါရဲ့။

ငံပြာရည်ကြော် ကနေ စာချဖြစ်အောင် ချလိုက်တယ်။ ဘာရမလဲစ်။  lol:-))))))))))))

မွအိ နည်းကို လိုက်ပြီး ကြော်ထား တဲ့ အညှော်လေးရယ်၊ အိမ်နားက အချစ်တော်လေး တွေ ရယ် ကို ကြည့်သွားလိုက်ပါ ဦးစ်။

P02

အိမ်စာ – အဖြူရောင် ပန်းကန်လုံး နဲ့ ငံပြာရည်ကြော်

P03

ဇာတ်ပို့ – အဖြူရောင် ပန်းကန် ပြား နဲ့ အတို့များ

 

P05

အတွဲ – အဖြူရောင် ကြောင် နဲ့ သူ၏ သူငယ်ချင်းလေး

P01

အစပ် – အဖြူရောင်ပွင့်ဖတ် နဲ့ အဝါရောင် ဝတ်ဆံ

P04

အခိုင် – အဖြူရောင် အပွင့်များ နဲ့ သူတို့ရဲ့ စုစည်းမှု

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..