မလတ်ရေးတဲ့ ချစ်ညီမ သို့ ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး ၀င်လားတဲ့အတွေးလေးပါ။

 

patriotism နဲ့ chauvinism အကြောင်းကို မလတ်ပိုစ့် http://mandalaygazette.com/215855/comment-page-1#comment-404029 မှာ ရှင်းပြထားတာမို့ အထူးမပြောလိုပါဘူး။

 

patriotism အမျိုးသားရေးစိတ်ဓာတ်နဲ့

chauvinism မျိုးချစ်စိတ်ဓာတ်ဆိုတာကိုဖတ်ပြီး…….. ကြုံခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခုကို သွားသတိရမိတယ်။

 

တစ်ခါတုန်းက လမ်းသွားရင်း ကလေး၂ယောက် ရန်ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။

ပြောရလွယ်အောင် မောင်ဖြူနဲ့ မောင်နီလို့ နာမည်ပေးလိုက်မယ်။

 

မောင်နီက မောင်ဖြူကို ရိုက်ပုတ်ကုတ်ခြစ်တယ်။

မောင်ဖြူက ပြန်ခုခံပေမယ့် မနိုင်တော့ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ငိုယိုပြီး ပြန်သွားတယ်။

 

မောင်ဖြူ့မိဘတွေက လမ်းဘေးဈေးသည်တွေ။

သားဖြစ်သူ ငိုယိုပြီးရောက်လာတော့ အဖေဖြစ်သူက မေးတယ်။

 

အကျိုးအကြောင်းသိတော့ ဒေါသတကြီးနဲ့  မောင်နီဆီကိုသွားတယ်။

ကလေးကို  အော်ဟစ်ဆဲဆိုပြီး နိုင်ထက်စီးနင်း ရိုက်မောင်းပုတ်မောင်းလုပ်တယ်။

 

လူကြီးနဲ့ကလေးဖြစ်နေတော့ အင်အားချင်းမမျှပဲ မောင်နီပြန်ခံရတော့တာပေါ့။

 

ဒါပေမယ့် အဖေဖြစ်သူရဲ့ ဒေါသက ဒီလောက်နဲ့တင်မပြီးသေးပဲ သူ့နေရာကိုပြန်လာတယ်။

 

သားဖြစ်တဲ့ မောင်ဖြူကို …

သူများ နိုင်ထက်စီးနင်းလုပ်တာ ခံလာရလား၊

သူရိုက်ရင် ကိုယ်ပြန်ရိုက်ပါတော့လား။

ဒီလောက်မှ အသုံးမကျဘူးလားဆိုပြီး ကြိမ်းမောင်းရိုက်ပုတ်ပြန်ပါသေးတယ်။

 

ကလေးအဖေရဲ့  ရန်စွယ်ငေါငေါနဲ့ ဒေါသတကြီးနဲ့ ပြဿ      နာဖြေရှင်းတဲ့ စိတ်ဓာတ်ကိုကြည့်ပြီး ကလေးကို ချစ်တာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။

 

ချစ်ခြင်းအမျိုးမျိုး ရှိကြရာမှာ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်ဟာကို ခေါ်သလဲ အတွေးပွားရင် နောက်ထပ်အချစ်တစ်မျိုးကို ခံစားမိပါသေးတယ်။

 

သူငယ်ချင်းတစ်ယောက်က ရှဲပေးဖို့ ဖဘမှာ တင်ပေးထားတာကို

ရှဲချင်ပေမယ့် ……..

ရှက်စရာကောင်းတယ်လို့ ယူဆလို့ ကိုယ့်အမျိုးတွေရှိတဲ့ ရွာထဲမှာပဲ လာရှဲပေးလိုက်တယ်။ :mrgreen:

 

သက်သေခံဖိတ်စာတွေ ဓာတ်ပုံတွေနဲ့ ဆိုတော့ မှန်မယ်လည်း ထင်လို့၊

:e:

(ပိုစ့်ပိုင်ရှင်ရေးထားတဲ့အတိုင်း တင်ပေးထားပါတယ်။)

 

https://www.facebook.com/polestar.polestar.14

သူငယ်ချင်းများအားလုံးမိန်းမသားတစ်ယောက်ရဲ့ဘဝကိုညှာတာသနားရင်ဖြင့်ဝိုင်းပြီးshare ပေးကြပါ ကျွန့်တော့အသိညီမလေးတစ်ယောက်ရဲ့အဖြစ်ပျက်လေးပါ

မိန်းမတယောက်ကိုချစ်ပါတယ်ဆိုတဲ့စကားတခွန်းနဲ့ ပျော်တွဲ ခဲ့တယ် ကောင်မလေးဆီကနေရသမျှပိုက်ဆံကိုအကုန်ချူစား ကောင်မလေးခမျှာသူ့ကိုချစ်ရှာတော့ အစစအရာသူပြောသမျှလုပ်ပေးခဲ့တယ် မိဘတွေကစ သမီးသမီးနဲ့ သဘောတူသယောင်ဆောင်ပြီးကောင်မလေးဆီကနေရသမျှယူခိုင်းခဲ့တယ်မင်္ဂလာကိစ္စကိုလည်းသူတို့ဘက်ကစီစဉ်ပေးမယ်ဆိုပြီးပြောခဲ့တယ်

ကောင်မလေးကသူတို့စကားကိုယုံကြည်ခဲ့တယ် နောက်ဆုံးတော့ကောင်လေးကမင်္ဂလာကိစ္စအတွက် ကောင်မလေးကိုပိုက်ဆံခဏ စိုက်ထားပါဆိုပြီးမင်္ဂလာကိစ္စစီစဉ်ခဲ့တယ် မင်္ဂလာဖိတ်စာလည်းရရော ကောင်မလေးဆီကလေ ငွေ၅သိန်း နဲ့သတို့သားဝတ်စုံကိုယူပြီး ထွက်ပြေးသွားတယ် သူ့မိဘတွေဆီဆက်တော့ သူတို့မသိဘူးရှာမပေးနိုင်ဘူး သဘောလည်းမတူနိုင်ဘူး ကြိုက်တဲ့ဆီကိုတိုင် မကြောက်ဘူး ဘယ်တိုင်တိုင်သူတို့လိုက်ရှင်းနိုင်တယ်ဆိုပြီးပြောတယ် မင်္ဂလာဆောင်ဖိတ်စာကိုလည်းမြစ်ထဲမြောပစ်လိုက် အသုံးမဝင်ဘူးဆိုပြီးပြောခဲ့တယ် မိဘတွေဖြစ်ပြီး သူတို့သားကိုရှာနိုင်ရင် မင်္ဂလာဆက်ဆောင်နိုင်တယ်ဆိုပြီးစိန်ခေါ်စကားပါ ပြောလာခဲ့တယ် မင်္ဂလာဆောင်က၁၈.၆.၂၀၁၅ပါ ဖိတ်စာတွေလည်းရနေပါပြီ ကောင်မလေးခမျှာ ပတ်ဝန်းကျင်မှာမျက်နှာမပြရဲအောင်ဖြစ်နေပါပြီ မိန်းကလေးတစ်ယောက်ရဲ့ဘဝကိုဖျက်ဆီးပြီး ပိုက်ဆံတွေကိုယူပြီးထွက်ပြေးသွားတဲ့သူကို ဝိုင်းရှာပေးကြပါ ကောင်မလေးခမျှာ လူလိမ်က ရန်ကုန်ကဆိုတော့ လိုက်မရှာနိုင်ဘူးဖြစ်နေပါတယ် မိန်းကလေးတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာ တင်မက သားသမီးချင်းကိုယ်ချင်းမစာတတ်တဲ့သူတွေ တူသောအကျိုးမပေးပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်
ယခုရန်ကုန်ရောက်မှ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ထပ်တွဲနေပြန်ပါတယ် သူငယ်ချင်းများအားလုံးလည်း ဝိုင်းshare ပေးကြပါကျွန်တော့အသိညီမလေးလိုမျိုးတစ်ခြားအမျိုးကောင်းသားသမီးများဒုက္ခမရောက်အောင် သတိပေးလိုက်ပါတယ်

နာမည်က အောင်ဟိန်း
ပညာအရေအချင်းကတော့၁၀တန်းပါ
နေရပ်လိပ်စာ က အိမ်အမှတ်၁၉ ပထမ.လွှာ နတ်ချောင်း ၂လမ်း တာမွေမြို့နယ်
မိဘနာမည်ကတော့ ဦးဝင်းရွှေ+ဒေါ်မြင့်မြင်သိန်း

လူလိမ်တစ်ယောက်ရဲ့ပုံနဲ့သက်သေအထောက်အထားတိတိကျကျတင်ပေးလိုက်ပါတယ်

— with Kitty Lay and 7 others.

 

 

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)