အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..
|814- Hits|အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..တဲ့
အဟိ နာလဲ ချင်ကာပူမှာ ကလယ်ရိုက်နေတယ် singlish နဲ့ စီလုပ်သံတွေကြားမှာ
ပြီးတော့ အထာမသိတာ
ရန်ကုန်မှာတုန်းကတော့ ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားနဲ့စကားပြောတဲ့ကိစ္စကမစိမ်းပဲ ထမင်းစားရေသောက်ပေမဲ့ ဒီရောက်မှ သူတို့ ဘာပြောမှန်းကို logic နဲ့ပြန်ပြန်စဉ်းစားနေရတယ် အဟတ်ဟတ် (ကိုယ်ညံ့ရင်ညံ့တယ်ပေါ့နော်)
ထားပါတော့ အခုဒီပို့စ်ကတော့ ဟိုးရှေးရှေးတုန်းက အရင် ၁၀နှစ်လောက်က ဘ၀သစ် ဦးအောင်ကျော်မှာ အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာအုပ်နောက်ကျောဖုံးမှာ ပါတာလေးကို ရိုက်ပီး တင်ပေးလိုက်ပါတယ်နော်
- ကိုယ်တိုင် တကယ်တတ်ပြီး တပည့်တွေကို တကယ်တတ်အောင် သင်ပေးနိုင်တဲ့ ဆရာတွေရှားနေလို့
- ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မလုံလောက်လို့။
- အင်္ဂလိပ်စာကို အချန်ယူလေ့လာမှ၊ ဖတ်သမျှနားလည်၊ ပြောချင်ရာပြော၊ရေးချင်ရာရေးနိုင်တဲ့ အဆင့်ကိုရောက်မယ်၊ တကယ်တတ်မယ်ဆိုတာကို သဘောမပေါက်ကြပဲ၊ သုံးလေး ငါးလလောက်သင်လိုက်ရင် တတ်သွားလိမ့်မယ်လို့ အထင်အမှားကြီးမှားပြီး ကြာရှည်မသင်ချင်ကြလို့၊ ခဏတဖြုတ်ပဲ သင်ချင်ကြလို့။
- အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်မှ တကယ်ပြောတတ်၊ ရေးတတ်ဖြစ်မယ်ဆိုတာ နားမလည်ကြတဲ့အတွက် ၊ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မဖတ်ကြလို့။
- အင်္ဂလိပ်စာ တကယ်တော်အောင် လုပ်ဖို့ လိုအပ်တဲ့သင်တန်း ကြာရှည်တက်ရတာတို့ အရေးလေ့ကျင့်ရတာတို့လို ကယိကထတွေကို မခံနိုင်ကြလို့။ ဇွဲမရှိလို့၊ တချို့ကြတော့ အင်္ဂလိပ်စာတတ်မြောက်ရေးအတွက် ငွေကုန်ကြေးကျ မခံနိုင်ကြလို့၊ ဒါမှမဟုတ်မခံချင်ကြလို့။
- တချို့ကတော့ ဘာအလုပ် ညာအလုပ် ရှုပ်နေကြပြီး အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြလို့။
- အချုပ်ကတော့ တတ်သာတတ်ချင်ကြပြီး တကယ်တတ်အောင် ဒုက္ခမခံနိုင်ကြလို့ ဖြစ်ပါတယ်။
တတ်အောင် ဒါတွေလုပ်ပါ..တဲ့
- အင်္ဂလိပ်စာအုပ်မျိုးစုံ အသံထွက်ဖတ်ပါ။ လွယ်တာတွေ စဖတ်ပါ။
- အင်္ဂလိပ်စာသင်တန်း ကြာကြာတက်ပါ။ အလုပ်များရင် ခဏနားပြီး အားတော့ဆက်တက်ပါ။ တော်ရုံတန်ရုံ အလုပ်များရုံနဲ့ သင်တန်းမရပ်ပါနဲ့။
- အင်္ဂလိပ်စကားပြော အခွေတွေကြည့်ပါ နားထောင်ပါ။ အင်္ဂလိပ်တီဗီ၊ ရုပ်ရှင်တွေကြည့်ပါ။ အင်္ဂလိပ်ရေဒီယို နားထောင်ပါ။
- စိတ်တူသဘောတူ သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။ မရှက်ပါနဲ့။ တစ်ယောက်တည်းလဲ အပြောကျင့်နေပါ။(သူများတော့မကြားစေနဲ့ပေါ့)တဲ့
ကဲ.. အားလုံးပဲ တကယ်လုပ်ရင်တကယ်တတ်တာမို့ ကြိုးစားကြဖို့လို့ တိုက်တွန်းလိုက်ပါတယ်နော်…
source:http://english4success.blogspot.com
Related posts:


ဟုတ်တယ်ဗျ … ဒီအာရှနိုင်ငံတွေက အင်္ဂလိပ်စကားပြောတာကို ပြောတတ်သလို ပြောနေကြတာခက်တယ်။ ကိုယ်က အမှန်အကန် ပြောချင်ရင်တောင် သူတို့က နားမလည်ကြတော့ noun & verb လောက်ကိုပဲ အဓိက ထားပြီး ပြောနေရတယ်။ ကြာကြာနေရင် ကိုယ်လည်း အင်္ဂလိပ်စကား အကျိုးအပဲ့ သုံးတဲ့ ဘဝကကို တက်မှာ မဟုတ်တော့ဘူး။ ယူ အန်ဒါစတန်း လား?
Was this answer helpful?
LikeDislikeဟုတ်ပါတယ် …၃ လ ပြတ် ၄လပြတ် တွေနဲ့ တော့ အချဉ် မမိကြ ပါစေနဲ့။ ကျနော် တို့ ငယ်ငယ် တုန်း က တော့ လှည်း တန်း က ဆရာ ကြီး ဦးခင်မောင်လတ် ..
ဒေါ်ခင်မျိုးချစ် တို့ဆီမှာ နှစ် ရှည် လများ တက် ခဲ့ ရပါတယ်။ အဲဒီ တုန်း ကတော့ တလ ၁၀ ကျပ် ပေါ့။ ဘာသာ ရပ် တခု ဟာ အခုလိုချင် အခု ထလုပ်လို့ မရဘူး
ဆိုတာ သတိပြု ကြပါ ။ ဇွဲ ရှိမှ ရပါ မယ်။
Was this answer helpful?
LikeDislikeအဟမ်း…
ယူအက်စ်မှာမွေးတဲ့ကလေးတွေကျတော့ ဗမာစာ ဘာ့ကြောင့်မတတ်ကြသလဲမေးရမယ်။
မပြောမရှိတဲ့..တနှစ်တနှစ် မြန်မာ-အမေရိကန် က ထောင်ချီ၊ နောက်နှစ်တွေဆို သောင်းချီမွေးထုတ်နေမှာ….အကုန်လိုလို ဗမာစာမတတ်တာတွေဖြစ်နေတာများတယ်။
စာဆို တော်တော်ဝေးပါတယ်။ မြန်မာစကားကို မပြောကြတာ ဆိုးတယ်…။
အဲဒါ…မြန်မာပြည်တွင်းက …တတ်သိပညာရှင်တွေမှာ …နိုင်ငံရေးသမားတွေမှာ..သေသေချာချာ ပလင်န်တခုခုမရှိရင်…အဲဒီလာမဲ့ဂျန်နရေးရျင်းတွေအတွက်..ရင်လေးစရာပါ။ မြန်မာလူမျိုးအတွက်.ရင့်နင့်စရာပါ။
မြန်မာလူမျိုးက မြန်မာပြည်အပြင်မှာ အနည်းဆုံး ၄သန်းေ၇ာက်နေတော့…တနှစ်တနှစ် သိန်းချီထွက်နေတဲ့…ဗမာဇာတိနွယ်တွေပဲမို့ ပါပဲ။
နိုင်ငံရေးသမားတွေလည်း ရှိသမျှပါဝါတွေ အာဏာအလွှဲအပြောင်းကိစ္စအ၀၀မှာနှစ်ထားရတော့ လုံးဝဆိုလုံးဝ ဒီလို အခြေခံလူမှုရေးတွေကို မကူနိုင်မစဉ်စားနိုင်ပါပဲ။
ရင်လေးစရာ…။
Was this answer helpful?
LikeDislikeEnglish Vs singlish
Where do you go? = you go where?
What did you eat? = you eat what?
No = No lar
Yes = Yeah lar
Of course = Of course lar
Have you finish your lunch? = finish Makan ?
Can you do this job? = Can lar?
Do you understand what i mean? = understand or not?
Was this answer helpful?
LikeDislike