*** တားရော့များနှင့် ရွေးကောက်ပွဲ ***

 

 

ဘာရယ်တော့မဟုတ် ……

SEA Game ဘောလုံးဗိုလ်လုပွဲအတွက် အပျော်တင်လိုက်တဲ့ ပို့စ်မှာ သဂျီးမင်း Kai က နိုင်ငံရေးနဲ့ပါတ်သက်ပြီး တားရော့ကဒ်လေးတွေကို စမ်းသပ်ချင်တဲ့သဘောလေးမန့်ထားတာတွေ့ရပါတယ် ။

အဓိက မေးမြန်းတာကတော့ကိုရင်စည်သူ (ခ) စိန်ပလိမ်တိမ် မုန့်ကြိုးလိမ် ကိုပါ ။

အဲ့ဒီမှာ ကျနော်က “” ကျနော့်ဆီက တက်လာတဲ့ ကဒ်လေးတွေကိုရော မသိချင်ဘူး လားလို့မေးလိုက်တော့ ………

သဂျီးမင်းက ကဒ်ကိုတင်လိုက်ပါ တဲ့ ။

သူဟောပါမယ်တဲ့ဗျာ :)

 

ဒီလိုဆိုတော့လည်း မောင်ဆာမိတို့ မသိချင်ယောင် ဆောင်နေလို့မဖြစ်တော့ပေဘူးပေါ့ ။

သဂျီးကိုယ်တိုင် လိုလိုလားလား ဟောပေးမယ်ဆိုမှတော့ စီးတီးမတ်ပြေးပြီး တားရော့တစ်ထုတ်ဝယ်လို့ အကျိုးဆောင်လိုက်ပါတယ်ဗျာ။

ကျနော်တို့ထင်ထားတာ သဂျီးကိုကံကြမ္မာတွေ ဘာညာတွေမယုံလောက်ဘူး လို့ ပေါ့ ။

အခု သူက အင်တာနေရှင်နယ်တားရော့ဗေဒင်ကို အလေးထားစိတ်ဝင်စားတယ်ဆိုတာ သိရပြန်တော့ အံ့သြတာလဲတပိုင်းပေါ့ဗျာ ပြီးတော့ သဂျီးမင်းရဲ့ မက်ဂျစ်ရှင်အတတ်ပညာတွေကိုလည်း ရင်သပ်ရှုမော အားပေးလိုတာလဲတကြောင်းမို့ ကျနော်မောင်ဆာမိက ၃၅၀၀ ကျပ်အကုန်ခံပြီး တားရော့တစ်ထုတ်နဲ့ အကျိုးဆောင် လိုက်ပါတယ် ဆိုတဲ့အကြောင်းးး ………

 

သဂျီးမင်းရဲ့ ဟောကြားနိမိတ်ဖတ်မယ့် ဟောစာတမ်းကိုလည်း ဒီပို့စ်ထဲမှာ ကွန်မန့်အဖြစ် ရေးသား စေလိုပါကြောင်းးး ……

 

ကျနော် မောင်ဆာမိကတော့ သဂျီးဆန္ဒကိုဖြည့်ဆည်းပေးရသူမို့ ဆဲချင်သပဆို သဂျီးသာ ဆဲကြပါစေလိုကြောင်းးးးး ………

 

မန်းဂဇက်ဆိုဒ်ကို တားရော့ပို့စ်များကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရမယ်ဆိုရင်လည်း တောင်းဆိုသူသဂျီးမင်းကိုသာ ဆဲကြစေလိုပါကြောင်းးးး …………

 

IMG_20140809_225358

ပုံ (၁) လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး ဆွဲခဲ့တဲ့ နိမိတ်ပုံကဒ်ပါ ။

မှော်ဆရာ ကဒ်လေးတက်လာလို့ သဂျီးဘယ်လို ပြောမလဲသိချင်မိပါတယ် ။

 

IMG_20140809_223727

ပုံ (၂) ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်ပြီး ဆွဲခဲ့တဲ့ကဒ်ပါ ။

The Moon တဲ့ ။ သဂျီးခိုင် ဘယ်လိုနိမိတ်ကောက်ယူမလဲ အလွန်သိချင်နေမိပါပြီ ။

 

IMG_20140809_224532

ပုံ(၃) ပြည်ခိုင်ဖြိုး ပါတီအတွက် ရည်ရွယ်ပြီး ဆွဲခဲ့တဲ့ကဒ်ပါ ။

The Fool တဲ့ ။

ဟုတ်ကဲ့ ……… သဂျီးမင်းရဲ့ မက်ဂျစ်ရှင်တွေကို မြင်တွေ့ချင်နေမိပါပြီ ။ဝ

 

ကဲဗျာ …… သဂျီးစကား ဝါးတားတား မလုပ်ကောင်းသမို့ အမြန်သာဟောကြားနိမိတ်ဖတ်စေလိုပါကြောင်းးးးးး …… :mrgreenn:

 

 

 

 

 

 

 

 

 

 

 

 

 

surmi

About surmi

surmi has written 104 post in this Website..