မြန်တျန့်ပြည်မှာ ကျောင်းသား၊ အလှုပ်သမား၊ လယ်သမားဒွေ လမ်းပေါ်ထွက် ဆန္ဒပြမှာကို ကြောက်သူတွေ အတော်ရှိသဗျ။ ယေဘူယျ နှစ်ပိုင်းခွဲလျင်တော့  စစ်တပ်အုပ်စိုးမှုကို ထောက်ခံသူ၊ သူတို့နဲ့ အလွမ်းသင့်သူတွေနဲ့ ဒီမိုကိုထောက်ခံပြီး ခွင်မိနေသူ၊ ခွင်ရိုက်နေသူတွေ ပေါ့ဗျာ။ ဒါလည်း အပျစ်ပြောရ ခက်သားလား… လူဆိုဒါ ငါ့တဖို့ အတ္တသမားတွေလေ..။ နားလည်ပေးနိုင်ပါတယ်။။ ကိုယ်တွေ့ဗျ … ကိုယ်တွေ့.. ပလို့ဂျိ…။

၂၀၀၅ခုနှစ် ဒီဇင်ဘာနှော်င်းပိုင်းတုံးဂ နယူးယောက်စီးတီးမှာ ရထားနဲ့ဘွတ်စကား မောင်းသမားတွေ လုပ်ခလစာ တိုးတောင်းတာ မရလို့ အလုပ်မဆင်း သပိတ်မှောက်တယ်။ ရထား၊ကားစီး အလုပ်သွားသူတွေ သန်းနဲ့ချီ ဂန့်ကုန်တာပေါ့။ သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့ကလည်း မြို့ဒေါ်ဝံ ဦးဆောင်ပြီး တင်းခံတယ်။ ၃ရက်နီးပါးကြာတယ်၊ နောက်တော့  သပိတ်လှန်လိုက်ရတယ်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ နှုတ်ထွက်ပေးရတယ်။ အဲဒီတုံးက အနိမ့်ဆုံးလုပ်ခက တနာရီ ၅ဒေါ်လာ ၁၅ဆင့်ထင်တယ်။ အဲလောက်ကိုတောင် တပတ်နာရီလေးဆယ်ပြည့် မရသူတွေ အများကြီး။ အင်းမီးဂရန့်တွေ အများစုပေါ့ဗျာ.. အဖြူ မတွေ့ဘူးပါဘူး.. အမဲ၊ ပဲနဲ့ အေးရှန်းတွေ ချည်းပါပဲ။ စာစီတာ နောက်ဆုံးက အေးရှန်းဆိုတော့  မြင်ကြည့်ပေါ့… အေးရှန်းမှာမှ မြန်တျန့်က အာဆီယံမှာတောင် အောက်ဆုံးဆိုတော့  ကြက်ဥကြော်တွေ၊ မျိုးခြစ်အရည်ခြုံတွေ၊ ဘာသာရေး အယောင်ဆောင်တွေ ကိုယ့်အခြေအနေ ကိုယ်သိဂျပေါ့.. ဟိုဒင်း ဒေါ်မဲသွပ်တော့  မပါဘူး.. သူက တဖက်ပိတ် ငါမှန် နင်မှားဂျီး…။

အဲဒီ သပိတ်မှောက် အမ်တီအေ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေကြတော့ လခ၊ခံစားခွင့် အကုန်ကောင်းသဗျ.. အင်းမီဂရန့်အလုပ်တွေနဲ့ ယှဉ်ရင်ပေါ့ဗျာ။ သူတို့အခြင်းခြင်းတော့  နိမ့်လို့ ဆန္ဒပြတာပေါ့။ သူတို့တွေက အနိမ့်ဆုံးတောင် အဲဒီအချိန် တနာရီ ၁၃ကျပ်လောက် ရတယ်ထင်တယ်။ ကျန်းမာရေးအာမခံ၊ ရုံးပိတ်ရက်၊ အားလပ်ရက်ရှည်ခွင့်.. ပြောစရာမလို၊ ဒါကို နည်းတယ်ဆိုပြီး ဆန္ဒပြတော့  လက်လုပ်လက်စား အာဝါးဒါး ကျုပ်တို့လို လူတွေ ဝိုင်းဆဲတာပေါ့။ ဟုတ်တယ်လေ သူတို့ရတာ ကိုယ်ရမှာမှ မဟုတ်တာ။ မြို့တော်ဝန်ကလည်း အောက်ခြေလူတန်းစားတွေ ဒွတ်ခရောက်နေပြီ၊ တနေ့လုပ်မှ တနေ့စား မင်းတို့ ရထား၊ကားမဆွဲတော့  သူတို့ဘယ်လို ထမင်းစားမလည်း ကြပ်ပေးတယ်။ တဖက်ကလည်း ပုဂ္ဂလိက အလုပ်ရှင်တွေကို အေးဆေးနေဖို့ ပြောထားတယ်။ အလုပ်ရှင်ဆိုတဲ့ အမျိုးကလည်း ဒါကြတော့  သူတို့ဖက်ပါ လှည့်လာ တိုးတောင်းမှာဆိုးလို့ အလုပ်သမားတွေကို အလုပ်တက် နောက်ကျတာ ပြသနာ မရှာဘူး။ တွေ့ရာကားစီး၊ သပိတ်မှောက် ရထားအဖွဲ့နဲ့ မဆိုင်တဲ့ မြို့ပြင်က ရထားလာရင် တိုးဝှေ့စီး (လက်မှတ်ခ မပေးရဘူးဂျ ၊ လက်မှတ်တောင်းလည်း ဝူးဝါးဝူးဝါး လုပ်ပစ်လိုက်တယ်) တရက်ကနေ နှစ်ရက်၊ သုံးရက်လည်းကြာရော လူတွေ ဝိုင်းဆဲတာနဲ့ သပိတ်လှန်ပေးရရော။

ဘယ်သူမှား၊ မှန်က တပိုင်း.. ပြောချဉ်တာက လူတွေရဲ့ ကိုယ်ကျိုးစီးပွား ကြည့်မှုအပိုင်း။ အမ်တီအေက အလုပ်သမားတွေက များသောအားဖြင့် ယူအက်စ်မှာမွေး ယူအက်စ်မှာကြီးသူ (သို့မဟုတ်) အနေကြာသူ များတယ်။ အလုပ်ရှားနေချိန်မှာ အဲဒီအလုပ်က ကိုယ့်လယ်ဗယ်ခြင်းတော့ ဗိုလ်ပဲ။ လွယ်လွယ်နဲ့ ဝင်တိုးလို့မရ။ တနေရာ လစ်ရင် အယောက်တရာ ချောင်းနေတဲ့ အလုပ်မျိုး။ ကိုယ့်ထက်မြင့်နေသူတွေက လုပ်ခနည်းလို့ တောင်းတော့  မစာနာဘူးဗျ။ သူမလုပ်နိုင် အောက်ဈေးနဲ့ ဝင်ဖို့ ချောင်းနေသူချည်းပဲ။ ကိုလိုနီခေတ်က ကလား ဆန်ထမ်းသမားတွေ လုပ်ခတိုးတောင်းဖို့ သပိတ်မှောက်တော့  လမ်းမတော်ဖိုးတုပ်က အလုပ်လက်မဲ့ ဗမာတွေကို ပေးတဲ့ဈေးနဲ့ ဝင်လုပ်ခိုင်းသလို မြင်ကြည့်ပေါ့။

နှစ်နည်းနည်းကြာလို့ ကိုယ်က အဲဒီနေရာမျိုးလည်း ရောက်ရော… ကိုယ့်အတွက်တော့  ရွှေထုပ်ကြီးဗျ… ဒီတော့  အလုပ်တွင်း ဆူဆူပူပူ လုပ်မည့်ကောင်ဆို မကြိုက်ခြင်၊မတော်လို့ ကိုယ်ပါရော ပြုတ်ရင် အခုလို ပြန်ရဖို့မလွယ်လေ။ နည်းနည်းပိုကြာတော့  တော်ရုံမပြုတ်မှန်းသိတော့  ဘာဖြစ်ပြန်သလဲဆို ကိုယ့်တုံးကလို အောက်ဈေးနှိုက်မည့်ကောင်၊ ပေးသမျှနဲ့ ကျေနပ်နေမည့်ကောင်ကို မုန်းရပြန်ရော။ ဒင်းတို့ ရှိနေလို့ လခ မတက်တော့ တာ..။ ကိုယ်ပိုင် အလုပ်ဆိုလည်း ဆိုင်လေး၊ ခွင်လေးမိထားသူက ကိုယ်တိုင်ပဲခံစားကြည့်ပေါ့.. ရင်းနှီးထားတာလေး ပြုတ်မှာ ပူနေရသဗျ။ အဲဒါကို ဒို့အရေးလုပ်ကြစို့ ဘယ်လောက်အော်အော်.. ကိုယ့်ရှေ့မှာ ဘယ်လောက် မတရားတာဖြစ်နေပါစေ.. ငါ့ဟာ ငါ့ဟာ ဆိတ်က ဖုံးနေသဗျ။ ပါးစပ်ကတော့  ဆင်ခြေ အမျိုးမျိုး ပြတာပေါ့လေ။ ပြောလို့ကုန်ရင် အော်တဲ့ကောင်တွေ ကို အပုပ်ချ… နာမည်ဖျက်ပေါ့။

သူများအကြောင်း မပြောဘူး..ကိုယ့်ဖာသာကိုယ် ဝေဖန်မယ်။ ရောက်ခါစများ ရုတ်ရုတ် ရုတ်ရုတ်လုပ်ဖို့ မကြောက်ပါ၊ ပြန်ပို့လည်း သောက်ခွီးပဲ။ အဲဒုံးကများ အစိုးရနဲ့မတည့်တဲ့ ACLU လို civil rights အဖွဲ့ဆန္ဒပြရင် လက်ခုပ်လက်ဝါးတီးဖို့ ဝန်မလေး။ ခုလို အသက်လေးနည်းနည်းရ ဗိုက်ခေါက်ပိုထူလာတော့  ဆန္ဒပြပွဲ သွားကြည့်ဖို့ မပြောနဲ့ သူတို့ဝက်ဘ်ဆိုက်တော့  မတက်ရဲတော့ ။ အက်ဖ်ဘီအိုင်ထောက်လှမ်းရေးက ပြောရတာ မဟုတ်ဘူး.. ပတ်စ်ပို့သိမ်း အိမ်ပြန်ပို့.. မွေ့ယာအောက်ထည့် ဖွက်ထားတဲ့ ပိုက်ဆံလေးပါ ငွေမည်းဆိုပီး သိမ်းလိုက်မှဖြင့်…  အောင်မငှီး…။

အခုလည်း ဗကသကျောင်းသားတွေ ဆန္ဒပြမှာကို ထောက်ခံမိလို့ ပြောလိုက်ကြတာ… ယဆရာမရှိ..။ ဝဋ် ဆိုတာ မဆိုင်း၊ ဒီဘဝတင် လည်တာ အမှန်ပဲ။ ငါကိုယ်က မကောင်းတာပါ၊ သူများကို လုပ်ခဲ့တော့  ငါ့အလှည့် ပြန်တီးမည့်သူ ပေါ်တယ်။ ဒင်းရို့ ပြောနိုင်ဆိုနိုင် ကဲ့ရဲ့ပြစ်တင် ပျက်ရယ်ပြုနိုင်ကြပါစေ။ ရွှေလမ်းငွေလမ်း ဝံငွေလမ်းဖြောင့်လို့ သားယေး သမီးယေး အိန်ထောင်ရေး ဖွမ်ရေး ဒေါ်လာရေး အိမ်မြေယာခြံရေး အောင်မြင်ကြီးပွားဂျပါစေ..။ ကားအစင်းရာထောင်ချီပိုင်ပြီး ဂွင်တွေမိလို့ ဟိုတယ်ဂျီးတွေ မိုးမျှော်တိုက်လောက်ဆောက်ပြီး စတိုးဆိုင်၊ဆေးဆိုင် အစုံအလင်နဲ့ ပွဲရုံ၊ အထည်ချုပ်ပါမကျန် ပျော်နိုင်မော်နိုင် ကြွားနိုင်ဝါနိုင်ကြပါစေ….။ ဒေါ်လာစားနဲ့ လခကောင်းနေသူတွေလည်း သပိတ်ဝံအိတ်ဝံ စုနိုင်ဆောင်းနိုင် သုံးဖြုံးပျော်ပါးနိုင်ကြပါစေ…။ အမြှ အမြှ…. ကြောင်ကြီးရေ အားလုံး မင်းအပျစ်တွေ ချီးပါကွာ… ဘွတ်..။ https://youtu.be/w2NebNG1-Qs

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 586 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး