( ရွေးကောက်ပွဲသို့ လမ်းလေးသွယ်  )

ရွေးကောက်ပွဲ ဆိုတာကြီးကတော့ နီးသထက်နီးလာပါပြီ ၊ တကယ် လုပ်ဖြစ်ရင် ပြောပါတယ် ၊

အောင်ပွဲ တဲ့ ၊ အဲဒီ အောင်ပွဲဆိုတာ   ၂၀၁၅ ရွေးကောက်မှာ နိုင်မယ့်သူအတွက်ပါ ၊

အဲဒီအောင်ပွဲရှိရာကို ဦးတည်နေကြတဲ့လမ်းတွေထဲမှာ ကျနော့်အမြင်တော့ လမ်း ၄ လမ်းက လာနေတဲ့ အုပ်စု ၄ စု ရှိနေပါတယ် ၊

( ၁ ) လက်ရှိအာဏာရအုပ်စု
သူတို့ကတော့ ကိုယ်ကိုယ်တိုင် ဆက်မနေတော့ရင်တောင် သူတို့ရဲ့   နောက်လိုက်တွေ အမွေဆက်ခံစေနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ပေါ့ ၊

တစ်ခြားပြိုင်ဘက်တွေအပေါ် အသာစီးရဖို့ နည်းပေါင်းစုံသုံးနေလေရဲ့  ၊

( ၂ ) ဒေါ်စုအုပ်စု
စုမှတစ်ပါး အခြားမရှိ လို့ဆိုရမယ့်အဖွဲ့ပါ ၊

ဒီတိုင်းပြည်ကို ကယ်တင်နိုင်မယ့် သံမဏိနှင်းဆီ ရယ်လို့တောင် ဂျာနယ်တစ်ခုထဲမှာ တင်စားထားပါတယ် ၊

သူနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံသူတွေလည်း ဒုနဲ့ဒေး ၊

မဝေးတော့တဲ့ ရွေးကောက်ပွဲအတွက် သူတို့လည်း မဲပေးဖို့ အားခဲနေကြတာပေါ့ ၊

( ၃ )အခြားပါတီများအုပ်စု
အန်ဒီအက်ဖ်အပါအဝင် တစ်ခြားပါတီတွေပေါ့ ၊

ပြည်မမှာ ဝင်ပြိုင်မယ့် ပါတီတွေ ပြည်နယ်တွေမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားပါတီတွေ ၊

အဲဒီပါတီတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ စည်းရုံးရေးဆင်းဖို့ ဟန်ပြင်နေပါပြီ ၊

တစ်ချို့ ပြည်နယ် နယ်မြေတွေမှာ သူတို့ပဲ မဲအများစုရနိုင်တာတွေလည်း ကြိုမြင်နေရပါတယ် ၊

ကျောင်းသားအဖွဲ့တွေနဲ့ တစ်ခြားအဖွဲ့ပေါင်းစုံကလည်း သူတို့ သန်ရာဘက်ဆွဲရင်း လှုပ်ရှားနေကြတုန်း ၊

လော်ဘီပေါင်းစုံကလည်း အလုပ်အရှုပ်ဆုံး အချိန်ပါပဲ ၊

( ၄ ) ဘာမှမသိတဲ့အုပ်စု
မရီ( ရယ် )နဲ့ဗျ ၊

အဲဒီဘာမှမသိတဲ့အုပ်စုဆိုတာ တကယ်ရှိတယ် ၊

ဘယ်ပါတီက ဘာတွေလုပ်နေလဲ ? မသိ ၊ သိဖို့ကြိုးစားမယ့်သူတွေလည်း မဟုတ် ၊

ကိုယ့်ဝမ်းတောင်အနိုင်နိုင် ရှာဖွေရုန်းကန် စားသောက်နေရသူတွေရယ် ၊၊

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာပါသလို သတင်းဆိုတာကို နားစွင့်ရမှန်း မသိသူတွေရယ်  ၊

တစ်ယောက်ယောက်ကပြောလိုက်ရင် ဝေဖန်ပိုင်းခြားဖို့ထက် အသေယုံတတ်လိုက်သူတွေရယ် ၊

အဲဒီလိုလူတွေ ဒီလိုလူတွေက ဘယ်သူ့မဲပေးမလဲ ? လျင်တဲ့ပါတီ စားသွားမှာပဲ ၊

ကဲ  အဲဒီအုပ်စုတွေထဲမှာ ကိုယ် ဘယ်အုပ်စုမှာ ပါနေသလဲဆိုတာ

 

 

 

၉၀ ရွေးကောက်ပွဲမှာ မဲပေးပြီး ရင်ခုန်ခဲ့ဘူးတဲ့ ကျနော်ကတော့ ၂၀၁၀ မှာကော ၂၀၁၂ မှာပါ မဲမပေးခဲ့သလို ရင်လည်း မခုန်ခဲ့ဘူး ၊

ဒီအကွက်တွေလောက်က ရိုးနေပြီလေ ၊

ဒါဖြင့် ၂၀၁၅ မှာကော   …………………………………………………………..

ကျုပ် မဲပေးရမယ့်သူကို ကျုပ်စောင့်ကြည့်နေတုန်းပါပဲ ၊

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..