တစ်ဦးတည်းသော သားသမီးများ ပေါင်းသင်း ဆက်ဆံရေး အားနည်းချက်ရှိဆိုမှု သုတေသီများ ပယ်ချ…
|377- Hits|
အများအားဖြင့် တစ်ဦး တည်းသော သား သမီးများ သည် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အားနည်းချက်များ ရှိတတ် သည်ဆိုသော ယူဆ ထားမှုမျိုးမှာ အခြေ အမြစ် တိတိ ကျကျ မရှိကြောင်း သုတေသီများက ပြောကြား လိုက်သည်။
ဆယ်ကျော်သက် အရွယ်များတွင် တစ်ဦးတည်းသော သားသမီးများသည် အများ အားဖြင့် တစ်ကိုယ်ကောင်းဆန်မှု၊ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းမှုများ ရှိတတ်သည် ဟူသော အယူအဆနှင့် ပတ်သက်ပြီး ဒေါက်တာ ဒွန်နာဘိုဘစ်ဇီဟာနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက ဖော်ထုတ် နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ ပေါင်းသင်းဆက်ဆံရေး လေ့လာမှုအဖွဲ့မှ ဒေါက်တာဒွန်နာနှင့် အဖွဲ့သည် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိ တစ်ဦးတည်းသော၊ သားသမီးများနှင့် မိသားစု၊ ညီအစ်ကိုမောင်နှမ များပြားသူများ၏ အကျင့်စရိုက် အလေ့အထများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့သည်။ အိုဟိုင်အို တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာချက် စစ်တမ်းများအရ တစ်ဦးတည်းသော သားသမီးများသည် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် သိသိသာသာ အားနည်းနေမှုမျိုး မရှိခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ဒေါက်တာဒွန်နာက ညီအစ်ကိုမောင်နှမ များပြားခြင်းသည် လူငယ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပေါင်းသင်းဆက်ဆံရေး လက္ခဏာများအပေါ် သိသာထင်ရှားသော သက်ရောက်မှုမျိုး မရှိစေနိုင်ကြောင်း ပြောကြားခဲ့သည်။ ယခင်က အိုဟိုင်အို တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်ဂလက်ဒေါင်နီက ၎င်း၏ လေ့လာမှုအရ တစ်ဦးတည်းသော သားသမီးများသည် မိတ်ဆွေဖွဲ့ရာတွင် သာမန်အားဖြင့်အခက်အခဲများ ပိုမိုရင်ဆိုင်ရတတ်ကြောင်း ဖော်ထုတ်ကြေညာခဲ့ဖူးသည်။
Source: လူထုအသံ
Related posts:
- သားသမီးကို ချည်နှောင်သောမိဘနှင့် မိဘကို အာခံသော သားသမီးများ
- မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်
- မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့
- မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်
- သွားနှင့်ခံတွင်းသန့်ရှင်းမှုအလေးမထားက နှလုံးရောဂါဖြစ်ပွားနိုင်ဟုဆို



Comments By Post
- thureinmaung
- manawphyulay
- သူရဇော်
- ဟိန်း ၀င်း (ထားဝယ်သား)
- Khaing Khaing
- ရွာစားကျော်
- windtalker
- water-melon
- ဗိုက်ကလေး
- Ch@vez
- အတိသဉ္ဖာ နာဂရချစ်သူ
- Ch@vez
- aye.kk
- nozomi
- jujuma
- မောင်ဘလိုင်
- Khin Latt
- ဗိုက်ကလေး
- ဗိုက်ကလေး
- ထုံးဘဲဥ
- ကြောင်ကြီး
- ရွာစားကျော်
- Khin Latt
- gwa toe
- amatmin
- windtalker
- Thit Sar Lin
- ဆူး
- ရွာစားကျော်
- Moe Z
- အတိသဉ္ဖာ နာဂရချစ်သူ
- ကြောင်ကြီး