တရားခံဘယ်သူလဲ
**********
    အခြေခံလစာ တစ်ရက်ကို ၃၆၀၀ သတ်မှတ်လိုက် ပြီ ဆိုသောသတင်းမှာ  အနိမ့်ဆုံးလုပ်ခ လစာ ၄၅၀၀၀ သာရရှိနေသော အလုပ်သမားများအတွက် သတင်းကောင်းဖြစ်လာခဲ့သည် ။
   အားလုံးလည်းမျှော်လင့်နေကြသည် ။
   ယခုသတ်မှတ်လိုက်သော ၃၆၀၀ ဆိုသည်မှာ မိသားစု တစု အတွက် လုံလောက်မှု မရှိပေမယ့် အနဲဆုံးသော အသက်ရူချောင် နိုင်သည် ။ ကုန်ဈေးနှုန်းများနောက်မှထပ်တက်မလာခဲ့ရင်ပေါ့လေ ။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက် ၁၅၀၀ ထက်စာလျှင် မဆိုးသေးဘူးလို့  ဆိုနိုင်ပါသည် ။
   ဂျူလိုင်၁၉ ကို ဘယ်တော့မမေ့နိုင်သလို့  ဂျူလိုင်  ၃ ရက် ကိုလည်း ပတ္တမြားနဂါးသံရည်ကျို စက်ရုံ မှ အလုပ်သမားများဘယ်တော့မှ မေ့ လိမ့်မည် မဟုတ်တော့ပါ ။
ဂျူလိုင် ၂ ရက် မနက်ပိုင်းမှာ တက်ကြွပျော်ရွှင်စွာ အနိမ့်ဆုံးလုပ်ခ လစာကို မျော်လင့်ချက်ကြီးစွာဖြင့် အလုပ်လုပ်နေကြပေမယ့် နေ့လည်ပိုင်းထမင်းစားပြီးအလုပ်ပြန်ဆင်းတော့ ဝန်ထမ်းများအားလုံး မျက်နှာမှာ ညိုးငယ်စွာ နှင့် မှိုင်တွေနေကြပြီ ။ တချို့ မှာအချင်းချင်းတီးတိုးတီးတိုးနှင့် စကားတွတ်ထိုးနေကြသည် ။ အချို့ဝန်ထမ်းများမှာတော့ ပြောစရာစကား လုံးများပျောက်ဆုံးနေကြပြီး အတွေးပေါင်းများစွာနှင့် ဗျာများနေကြသည် ။ ကြားနေရသောစကားသံများမှာ ” ငါတို့ ဘာဆက်လုပ်ကြမလဲ ။ နောက်အလုပ်တစ်ခုဘယ်မှာသွားရှာရမလဲ ။ နှစ်တွေအများကြီး အချိန်ကုန်ခဲ့တယ် ဘာမှဖြစ်မလာဘူး ။ အသက်တွေလည်းကြီးကုန်ပြီ ဘယ်မှာအလုပ်သွားပြန်လျှောက်ရမလဲ  ။ ”  စသည်ဖြင့် မသိခြင်းများစွာနှင့် စိတ်ကူးအိမ်မက်တွေပြိုလဲ နေကြပြီ ။
   ဌာနမှူးများအစီးအဝေးပြီးသွားခဲ့တော့ အမှန်စကားများနှင့် ကောလဟလ သတင်းများလည်း ထွက်ပေါ် လာပြန်သည် ။ ဘယ်စကားကိုအမှန်ယူရမှန်းမသိ လောက်အောင် သတင်းစကားများဖေါင်းပွနေသည် ။
   ထို နေ့ အတွက် စိတ်ပျက်ငြီးငွေ့ စွာပဲ ရုံးဆင်းခဲ့ကြသည် ။ နောက်နေ့ မနက်ဘာတွေဆက်ဖြစ်မလဲ မသိခြင်းများစွာဖြင့် ရင်မောရပြန်သည် ။
     ဂျူလိုင် ၃ ရက် မေ့မရနိုင်သော နေ့ တစ်နေ့ ။
စက်ရုံရှေ့ တွင် ယခင်နေ့ တွေလိုမဟုတ်ဘဲ ဝန်ထမ်းများ ဟိုနားတစု သည်နားတစု ဖြင့် စုဝေးထိုင်နေကြသည် ။ နောက် ၁၅ ရက် နေရင် စက်ရုံပိတ်မည်ဆိုသော စကားကြောင့် ဌာနမှူးများဦးဆောင်ကာ ဘာအလုပ်မှမလုပ်ဘဲ ထိုင်နေကြသည် ။ ဘာမှမလုပ်ဘဲထိုင်နေသည ဟူသော သတင်းမှာ MG ဒါရိုက်တာ နားသို့ ပေါက်ကြားရောက်ရှိသွား၍ အချိန်အနဲငယ်ခန့် အကြာတွင်
စက်ရုံမှူး ၊ မန်နေဂျာ များဝန်းရံ ၍ ဒါရိုက်တာကြီးရောက်ချလာသည် ။
ဝန်ထမ်းများအားလုံး တစ်နေရာတည်းစုဝေး၍ နောက်ဆုံးအမိန့် 
နောက်ဆုံး စကားကို နားခံရန် အဆင်သင့်ဖြစ် နေကြသည် ။
    ဒါရိုက်တာရဲ့ မိန့် ခွန်းတချို့ မှာ ” ငါ တို့ မင်းတို့ အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့
ကြပေမယ့် အခုလိုအခြေအနေကို လက်မခံချင်လည်း မရတော့ဘူး ။ ဒီအချိန်မှာဘယ်သူ့ ကိုမှအပြစ်တင်လို့ လည်းမရဘူး ။ နည်းပညာပိုင်းဆိုင်ရာအားနည်းမှုတွေ နဲ့ အဖက်ဖက်က မပြည့်စုံတဲ့ လိုအပ်ချက်တွေကြောင့် လို့ ပဲပြောရတော့မယ် ။
မင်းတို့ သိတဲ့အတိုင်းပဲ ငါ့လက်ထက်မှာ စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ နဲ့ နည်းပညာပိုင်းဆိုင်ရာပညာရှင်တွေခေါ် ခဲ့တယ် ။ ဒါပေမယ့် လေးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့အတွက် ဆက်ပြီးဘယ်လိုမှ
တောင့်မခံနိုင်တော့ဘူး ။ အခုလည်းမင်းတို့ ကို တခြားစက်ရုံခွဲတွေဖက်ပို့ ဖို့ စီစဉ်ထားတယ် ။
အခု ဒီ ၁၅ ရက်အတွင်းမှာတော့ လက်ကျန်အလုပ်တွေကိုအပြီးဖြတ်ပေးရမယ် ။ ခုလိုဘာမှမလုပ်ဘဲ ထိုင်နေတယ်ဆိုတာ စည်းကမ်းနဲ့ မညီဘူး  သူများနားကအခကြေးငွေယူထားရင် တန်ရာတန်ကြေးပြန်ပေးရမယ်
ဒါစည်းကမ်းပဲ ။ မလုပ်လို့ မရဘူး ။ ”
    ဒါရိုက်တာ ကကြားပြန်ဖြတ်ပြီး “” ကဲ တာဆိုရင် ဒီနေ့ မလုပ်နိုင်တော့ဘူးဆိုရင် ခွင့်စာတင်သွားပါ ၁၅ရက်လုံးအတွက် ခွင့်စာပါတင်လိုက် အဲ့ဒီ ၁၅ ရက်စာငါပေးမယ် ။ နောက်ထပ် ဘာပြောချင်သေးလဲ ပြောပါ မင်းတို့ စိတ်ထဲရှိတာပြောကြပါ ။ “”
   ဆိုတော့ ဘယ်သူမှ ဘာစကားတစ်ခွန်းမှ ထပ်မပြောကြတော့ပါဘူး ။ ဒါရိုက်တာပြန်သွားမှ
တယောက်တပေါက်စကားသံတွေထွက်လာကြတယ် ။
စက်ရုံလည်ပတ် နေတုန်းအချိန်က ဒါရိုက်တာဟာအကောင်းဆုံး
ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ် ။ဝန်ထမ်းတွေအပေါ်သနားညှာတာခဲ့တယ် ။
အဲ့ဒါတွေကို ထောက်ထားအားနာကြလို့ ပြဿနာဖြစ်စေမယ့်ဘယ်စကားကိုမှ
မပြောကြတာပါ ။ တလုတ်စားဖူးသူ့ ကျေးဇူးကို သိတတ် လိုက်တာပါ ပဲ ။
လူတဖက်သားကို အားနာတတ်တာ ကျေးဇူးသိတတ်တာ မြန်မာတွေရဲ့ စိတ်
ဓာတ်အမှန်ပါပဲ ။ 
    တနေကုန်တဲ့အထိဘာအလုပ်မှမလုပ်ဘဲ ဆန္ဒပြနေကြတာ ညနေ ၃ နာရီ
လောက်ရောက်တော့ စာရေးမတွေ မပါဘဲ စက်ရုံအလုပ်သမားတွေကိုချည်း
တစ်လစာ ထုတ်ပေးလိုက်တယ် ။ ထွက်စာမတင်ခိုင်းဘဲ ဘယ်စက်ရုံကိုသွားလို့ မပြောဘဲ ၊သွားနိုင်လားလို့ 
မမေးတော့ဘဲ အလုပ်ထုတ်လိုက်တော့တယ် ။ ၁၅ယောက်လောက်ကိုတော့ ခနောက်စိမ်း
စက်ရုံမှာလုပ်ဖို့ ရွေးထုတ်သွားတယ် ။ ကျန်တဲ့သူတွေကတော့ အထုပ်ဆွဲပြီး အိမ်ပြန် ဖို့ ပဲကျန်တော့တယ် ။
     ဒါရိုက်တာ ပြောသွားတဲ့စကားတွေနဲ့ ဆန့် ကျင်နေတယ် ဘယ်လို လုပ်လိုက်တယ်
ဆိုတာကိုတော့ ဥက္ကဌတစ်ယောက်ပဲ သိပါလိမ့်မယ် ။ 
      ဘယ်သူ့ ကိုမှအပြစ်ပြောလို့ မရဘူးဆိုတာမဖြစ်နိုင်ဘူးလို့ ထင်တယ် ။
ပြည်သူတွေကိုမျက်စိပိတ်နားပိတ်ဖြစ်အောင်လုပ်ခဲ့တဲ့ အစိုးရမင်းအဆက်ဆက် က
အခု နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာအားလုံးရဲ့ တရားခံပဲ ။ သူတို့ တကိုယ်စာ သူတို့ မိသားစု သူတို့ ဆွေမျိုးအသိုင်းအဝိုင်းကောင်းစားဖို့ ပြည့်သူတွေရဲ့ ဂုတ်သွေးစုပ် ခဲ့တယ် ။
ပညာတတ်တဲ့သူ အရည်အချင်းရှိတဲ့သူ တွေကို နိုင်ငံတွင်းမှာ မရှိအောင် မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့ 
နှိပ်စက်ညှင်းပမ်းခဲ့တယ် ။ နောက်လာမယ့်မျိုးဆက်တွေ ငတုံး ငအ တွေဖြစ်အောင်
ဖန်တီးခဲ့တယ် ။ ကုန်ဈေးနှုန်းတွေ ကိုအထိန်းတဲ့အပြင်အမြတ်ကြီးစားပြီး ငွေကြေးဖောင်းပွ အောင်
လုပ်တယ် ။ အခုလို ပြည်သူတွေ လမ်းပေါ်ထွက်လာအောင်လုပ်တာ တရားခံက
အစိုးရပဲ ။
     အခုလို အနဲဆုံးလုပ်ခ လစာသတ်မှတ်လိုက်တာဟာ
စက်ရုံအလုပ်သမားတွေနဲ့ အလုပ်ရှင်ကို ဘယ်တော့မှ မငြိမ်းနိုင်မယ့်မီးကိုမွှေးပေး
လိုက်သလိုပဲ ။ ဆင်းရဲသားလူဦးရေတွေပိုများလာတာပဲရှိတယ် ။ လုပ်ခလစာ
သတ်မှတ်ဖို့ ကိုလွှတ်တော်ကတရားဝင်ဥပဒေ ထုတ်ပြန်သင့်တယ် ။ လွှတ်တော်ထဲ အိပ်ပျော်ပြီး
အိမ်မက် မက် နေတဲ့ အမတ်မင်း တွေကိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ အရှက်မရှိပေးထားတဲ့
လစာတွေကိုတော့ ကန့် ကွက်မယ့်သူ မရှိဘူး ။ တရက် ၁၆၀၀ ကိုကန့် ကွက်နေလိုက်ကြတာ ။
       အောက်ခြေလူတန်းစားတွေကို မွဲဆေးဖော်ကျွေးနေတာ အဓိက တရားခံမှာ
အစိုးရအဆက်ဆက် ပဲ ဖြစ်ပါတယ် ။
          မြန်မာနိုင်ငံ ဆင်းရဲတွင်းမှ အမြန်လွတ်မြောက်နိုင်ပါစေ . . .
:mrgreen:                :mrgreen:                  :mrgreen:         
            lulu
            5.7.2015        
Sine Sant
About Sine Sant
Sine Sant has written 23 post in this Website..
မှန်လိုလူ