အင်တာနက် ထဲ စာ တစ်ချို့ ရှာရင်း ၁၉၉၇ ဝန်းကျင် မြန်မာပြည် မှာ အတော်ရေပန်းစားခဲ့တဲ့ ဂျပန် တီဗီ စီးရီး ဇာတ်လမ်းတွဲ တွေကို တွေ့ခဲ့တယ်။
Youtube ထဲ မှာ ရောက်လာတာ ပြီးခဲ့ တဲ့ ဇွန်လ ၁၅ရက် ၂၀၁၅ က မို့ လောလော လတ်လတ်လေး ရှိသေးတာ။
ကြည့်ရတာ မရိုးနိုင်တဲ့ ဂန္တဝင်ဇာတ်လမ်း တွဲ တစ်ခု ဖြစ်ခဲ့တာမို့ အခုချိန်မှာ ပြန်ပြီး တစ်သစ်ဆန်းလာ ခဲ့ တာလား မသိ။
အင်္ဂလိပ်စာတန်းထိုး မို့  ကမ္ဘာကလဲ ကြည့်နိုင်ပြီပေါ့။

ဒီ စီးရီး ကို ဂျပန်မှာ စပြတာက ၁၉၉၁ လောက်မို့ နှစ်ပေါင်း ၂၀ကျော်နေပြီ။
အဲဒီ ကားထဲ က မင်းသား မင်းသမီး တွေ လဲ ၅၀ကျော် ၆၀တန်း ဝင်ရောပေါ့။
. မြန်မာပြည် မှာ ပြတုန်း က “၁၀၁ ကြိမ် မြောက်ချစ်ခွင့်ပန်ခြင်း” ဆိုပြီး မြန်မာလိုစာတန်းထိုး တာမို့ ဇာတ်ရည်လည် ကြပါတယ်။
ရွာထဲ ဒီဇာတ်လမ်း ကို မသိသူ နဲ့ သိသူ ဘယ်သူက ပိုများ လဲ တော့ မသိ။

ဇာတ်လမ်း က ဘာမှ မဟုတ်တာ ကို လှလှပပ လေး နဲ့ ပရိတ်သတ် ကို စွဲ နေအောင် လုပ်နိုင်တယ်။
အဲဒါပြတုန်း က အပိုင်းခွဲ ပြီး ပြတာ မို့ ဇာတ်လမ်း တွဲ အမှီကြည့်ဖို့ အိမ်ကို စော ပြန်ရတာ။
ဒါပေမဲ့ တစ်ခါတစ်ခါ အလုပ်များချိန် အိမ် ကို အချိန်မှီ မပြန်နိုင်ခဲ့ ရင် အဖေ့ ကို သွင်းထားပေးဖို့ ပြောရတယ်။ သူများပြောတဲ့ ဇာတ်လမ်းထက် ကိုယ့်ဟာကို ကြည့်ချင်တာကော။
ဒါပေမဲ့ လွတ်သွားတာ တွေ ရှိတယ်။
အခု မှ အစအဆုံး အသေအချာ ကြည့်ဖြစ်တော့ တယ်။

ဒီလောက် ရုပ်ဆိုးတဲ့ မင်းသားကြီး မှာ အနုပညာ မှော်တွေ နဲ့ ပြည့် နေတာ။
မင်းသမီး ရဲ့ စတိုင် ဆံပင်ရှည်ရှည် နဲ့ ချာလီပန် အပွဘောင်းဘီရှည်၊ လက်ပြတ် အကျီင်္ တွေ ခေတ်ထ လိုက်သေး။
ဂျပန်လို သီချင်း ကို မရရ အောင် ရှာ ယူပြီး ဂျပန်ဆရာမ တစ်ယောက် ကို ဘာသာပြန်ခိုင်း ခဲ့ ရတယ်။
တစ်ခါက တွေပေါ့။

အခုလဲ အဲဒီ စီးရီးတွဲ ကို တဖန်ပြန်ဖော်ထုတ် အသစ်လုပ်ပြီး ကြည့်ချင် သူများ ရှိရင် ကြည့်နိုင်ဖို့ မျှ လိုက်ပါတယ်။
တစ်တွဲ ကို ၄၅ မိနစ် ကျော် နဲ့ ၁၂ တွဲ ပါ။
တစ်ထိုင်ထဲ ကြည့်ရင်တော့ ၉နာရီ ကျော် နီးပါး ကြာမလားဘဲ။
ရုပ်ရှင် ၅ကား စာလောက် ဖြစ်နေတာမို့ ကြည့်ချင်ရင်တော့ ခွဲခွဲ ပြီး ဖြေးဖြေးကြည့်ပေါ့။

အပိုင်း (၁)  https://www.youtube.com/watch?v=whEyZWKxGdM
အပိုင်း (၂)  https://www.youtube.com/watch?v=OfgpHUu56wU
အပိုင်း (၃)  https://www.youtube.com/watch?v=2Wv8NP786CU
အပိုင်း (၄)  https://www.youtube.com/watch?v=HMJPd1Th9rg
အပိုင်း (၅)  https://www.youtube.com/watch?v=7sksfR5g-hE
အပိုင်း (၆)  https://www.youtube.com/watch?v=5uNL_yZYtis
အပိုင်း (၇)  https://www.youtube.com/watch?v=AsOkJXHi5g0
အပိုင်း (၈)  https://www.youtube.com/watch?v=XmEH9mM8IQw
အပိုင်း (၉)  https://www.youtube.com/watch?v=Kf3W01A8qlQ
အပိုင်း (၁၀)  https://www.youtube.com/watch?v=yW069W617W8
အပိုင်း (၁၁)  https://www.youtube.com/watch?v=laUYZU8r5xA
အပိုင်း (၁၂)  https://www.youtube.com/watch?v=f5Lwryuc9w0

သူများတကာ ကို အင်တာနက် ထဲ က နေ ကြည့်ရ ၊ ဒေါင်းရမဲ့  link တွေပေးပြီး အချိန်ဖြုန်း၊ ပိုက်ပိုက်ကုန် စေလိုတဲ့ ဆန္ဒတော့မရှိပါဘူး။
ဒါပေမဲ့ အခု မြန်မာပြည်မှာ ပြ နေတဲ့ ကိုရီးယား စီးရီး တွေ ထက် ပို ပြီး ကြည့်ကောင်း တယ်လို့ ထင်တယ်။
ကိုရီးယား စီးရီး တွေ ကို ပြန်တုန်းက ကြည့်ခဲ့တာ တစ်ပိုင်းတစ်ပြတ် တွေ အများကြီး။ ဘာ ဇာတ်လမ်း က မှ ဆက်ကြည့်ချင်လောက်အောင် မစွဲဆောင်နိုင်ခဲ့ဘူး။
အဟောင်းကြိုက် အဖွားကြီး ဘဲ ဖြစ်နေလားတော့ မသိ။

ဇာတ်လမ်း ထဲက အစွဲအလမ်းကြီး တဲ့ ခပ်ချောချော မိန်းမတစ်ယောက် နဲ့ အစစ နိမ့်ကျတယ် ခေါ်မဲ့ ယောကျာင်္း တစ်ယောက် ဖူးစာ ကံဆုံ တာ လိုမျိုး အပြင်မှာ လဲ တကယ်ရှိနိုင်မှာပါ။
မိန်းမတစ်ယောက် ကို အသက်ကြီး အိုမင်း သည် အထိ အချစ် မပြယ် သက်ဆုံးတိုင် ရည်ရွယ်ဖို့ ဂတိပေးပြီး ကြိုးစားတတ် တဲ့ ယောကျာင်္း (တစ်ချို့)  လဲ အပြင်မှာ တကယ် ရှိနိုင်မယ်လို့ မျှော်လင့် ပါတယ်။
I believe in you  လို့တတွတ်တွတ် ပြောပြီး ယုံကြည်ရဲ ခဲ့ သူ အတွက် မေတ္တာဆိုတာ ရောင်ပြန်ဟပ် နိုင်ပါတယ်။

တကယ်တမ်းမှာတော့ လူနှစ်ယောက် တွေ့ပြီးပေါင်းဆုံ နိုင်ခြင်း က ဦးရာလဲ မဟုတ်၊ နီးကပ်/နီးစပ်တာ လဲ မဟုတ်၊
Random ကံစီမံခြင်း ထဲ က တစ်ခုဘဲ။
ထင်ရဲ့။ :-)))

Say Yes (Chage and Aska) – Romaji Lyrics

Yokei na (Days in the Past)
Mono nado Na I Yo ne (We’s been living barely enough)
A a Subete Ga kimi to boku to no (But I considered those sufferance as if the love)
Ai no kama e sa (Between both I and my dearest)
Sukosi Kurai no (In spite of my wilfulness)
Uso ya Wagamama mo (With a few lies suffered you the most)
Maru de boku wo Tamesu yoo na (But they’re only love games testing for our love)
Koibito no (Why don’t let us both (pray))
Fureizu ni naru (Relax to treat it this way)
Kono mama futari de (Gathering all of our dreams and)
Yume wo Soroete (Ambitions all together (then))
Nanigenaku Kurasanai ka (Let us naturally start to live together)

Ai ni wa ai de Kanji aou yo (In order to feeling love we must offer our love)
Garasu ke-su ni Narabanai  Yoo ni (Never concealing our love with a glass box in our heart)
Nando mo iu yo Nokosazu iu yp (I could say a lot of times but urging to tell you all)
Kimi ga Afureteru (You always stay inside in my heart)

Kotoba wa Kokoro wo Koenai (Power of words can never be beyond feelings)
A a Totemo tsutae TagaRu kedo (Although I totally want to tell you all of that)
Kokoro ni Katenai (But I couldn’t show all of my mind)
Kimi ni aitakute Aenakute (Within those lonely misty nights I couldn’t see you)
Samishii yoru (I missed you all night long)
Hosi no yane ni Mamorarete (Standing on the roof that being built by stars)
KoiBito no (At last I knew that (was))
Setsunasa shitta (Sorrow belongs to lovers)
Kono mama futari de (Why don’t let us do this way)
Asa wo Mukaete (Together watching each dawn (rises))
Itsumademo Kurasanai ka (Even cost my life still love you forever)

Ai ni wa ai de Kanji aou yo (In order to feeling love we must offer our love)
Koi no tezawari Kienai yoo ni (Don’t let us be forgetting the taste of falling in love)
Nando mo iu yo (I could say a lot of times)
Kimi wa tashika ni (I think you still truly are)
Boku wo Aishi teru (Loving me as you always do)
Mayowazu ni (Do not hesitate)
Say “Yes”
Mayowazu ni (Do not hesitate)

Ai ni wa ai de Kanji aou yo (In order to feeling love we must offer our love)
Koi no tezawari Kienai yoo ni (Don’t let us be forgetting the taste of falling in love)
Nando mo iu yo (I could say a lot of times)
Kimi wa tashika ni (I think you still truly are)
Boku wo Aishi teru (Loving me as you always do)
Say “Yes”
Say “Yes”
Say “Yes”
Say “Yes”

101stMP

101stMP3

101stMP2

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..