. ကြောင် တော့ ကြောင်ပြီးရင်း ကြောင် နေပါတော့လား ကွဲ့။
မမြင်နိုင်ရင်၊ မသိနိုင်ရင်၊ မတွေးနိုင်ရင် လဲ အစ်မတို့ ဝတ္တရား နဲ့ အညီ ပြောပါ့မယ်။
နိ ကို ဘယ်လို တရာ ပေး ရမယ် စဉ်းစားရ တာ နည်းပေါင်းစုံ တော့ မယ်။
တရာ မရနိုင်သေးဘူး။
ဒီမယ် နားထောင်။

လျှပ်စစ်မီးလုံး တီထွင် လိုက်ဖို့ အိုင်ဒီယာ အတွက် သောမတ်စ်အက်ဒီဆင် နှစ်ယောက် မလိုဘူး။
ပီစီ သုံးနိုင်ဖို့ အိုင်ဒီယာ အတွက် ဘီလ်ဂိတ်စ် နှစ်ယောက် မလိုဘူး။
မက်ကင်းတော့ခ်ျ ဖြစ်လာဖို့ အိုင်ဒီယာ အတွက် စတိဗ်ဂျော့ဘ် နှစ်ယောက် မလိုဘူး။
ဒါ့အပြင် အခု လက်တွေ့ဘဲ မြင်ရသား။
. သောမတ်စ်အက်ဒီဆင် နောက်တစ်ယောက် မထွက် နိုင်လို့ ဒီ မီးလုံး တွေ ဘဲ သုံးနေဆဲ။
. ဘီလ်ဂိတ်စ် နောက်တစ်ယောက် မထွက် နိုင်လို့ ဒီ ပီစီ ပြူတင်းပေါက် တွေ  နဲ့ဘဲ နှစ်ပါးသွား နေဆဲ။
. စတိဗ်ဂျော့ဘ်  နောက်တစ်ယောက် မထွက် နိုင်လို့ ဒီ ပန်းသီး တွေ  နဲ့ ဘဲ ရှိုးပြ ကြွားလုံး ထုတ် နေဆဲ။

ဒီလိုဘဲ
. မြန်မာပြည် က ဖောက်ပြား မဲ့ လူ တွေ ကို ထိန်းဖို့ ဒီမိုကရေစီ စနစ်ကောင်း တစ်ခု အစစ် အမှန် ထွန်းကား နိုင်ဖို့ အိုင်ဒီယာ အတွက် အောင်ဆန်းစုကြည် နှစ်ယောက် မလိုဘူး။
. လောလောဆယ် ” အောင်ဆန်းစုကြည်” တစ်ယောက် နဲ့ လုံလောက်တယ်။
. သူလို လူမျိုး နောက်တစ်ယောက် လဲ ဒီ တစ်သက် ဘယ်တော့ မှ မရ တော့ဘူး။
သိထားကြ။

ဒါကိုမှ
ကိုယ်လဲ မစွမ်း ဘဲ နဲ့၊ ဘယ်သူမှ လဲ သူ့လောက် မထက်မြက်ကြ ဘဲ နဲ့ –င်ဂေါင်း သိပ်ပွ မနေကြ နဲ့။
ကိုယ့် အကြောင်းလဲ ကိုယ် သိကြ။
ကိုယ့်ဟာကို တစ်ယောက်ထဲ တောင် နှစ်ယောက် ကွဲ ပြီး နေနေကြတဲ့ လူ တွေ က။

ဒီတော့
သူရှိတုန်း ကို ကိုယ့်တိုင်း ကိုယ့်ပြည်အကျိုး ရှိ အောင် သုံးနိုင်ကြဖို့လိုတယ်။
သူ့ နောက်မှာ သူ့ အတွက် စွမ်းအားကောင်းကောင်း ယုံကြည်မှု အပြည့် နဲ့ ပံ့ပိုးပေးဖို့ ဘဲ လိုတယ်။
Follow the leader  ဆိုတာ ကို သာ လက်ကိုင်ထားကြ။

ဒါဘဲ။
နိ ကို တရာပြ ရရင်း ကျုပ်လဲ တရာ (နှစ်ခါ) ရခဲ့လေပြီ။

Kitten

ကြောင်စိတ်ပုတ်

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..