ဒီ တစ်ပတ်လည်း ထမင်းဆိုင် မဖွင့်တာ ကြာလို့သာ ကြံဖန်ဖွင့်ရတာ။
အမှန်တော့ အသုပ်ဆိုင်ပဲ ထားပါတော့။
မွသဲ ဆီက ဆေးဘဲဥသုပ်နဲ့
ကျန်တဲ့ အသုပ်တွေတော့ မွမွဘုတ် ဆီ က ယူပါတယ်။

 

 

ဆေးဘဲဥသုပ် (Credit to TNA) သများက ခရမ်းချဉ်သီးပါးပါး  နံနံပင်  ဆေးဘဲဥ စိတ်  ကြာညို့  ရှာလကာရည်လေးနဲနဲ  ဆား  ဟိုနေ့က ဆန်ပြားငြုတ်ဆီချက်ပါလေဟန်လေးနဲ့သုတ်တာ

ဆေးဘဲဥသုပ် (Credit to TNA)
သများက ခရမ်းချဉ်သီးပါးပါး
နံနံပင်
ဆေးဘဲဥ စိတ်
ကြာညို့
ရှာလကာရည်လေးနဲနဲ
ဆား
ဟိုနေ့က ဆန်ပြားငြုတ်ဆီချက်ပါလေဟန်လေးနဲ့သုတ်တာ

 

 

ခွေးတောက်ရွက် သုပ်  ခွေးတောက်ရွက် မြေပဲထောင်း အမှန်ကတော့ကြိတ်တာ ပဲပုပ်မှုန့်  က်ြက်သွန်နီ ခရမ်းချဉ် ဆီနီ ဆီဝါ ငရုပ်သီးလှော် ပုဇွန် ခြောက် ဆားအစား ငံပြာရည် သံပုရာသီး ကပုံမှာမပါ ထည့်ဖို့မေ့သွားလို့

ခွေးတောက်ရွက် သုပ် (Credit to မွဘုတ်)
ခွေးတောက်ရွက်
မြေပဲထောင်း
အမှန်ကတော့ကြိတ်တာ
ပဲပုပ်မှုန့်
က်ြက်သွန်နီ
ခရမ်းချဉ်
ဆီနီ
ဆီဝါ
ငရုပ်သီးလှော်
ပုဇွန် ခြောက်
ဆားအစား
ငံပြာရည်
သံပုရာသီး ကပုံမှာမပါ
ထည့်ဖို့မေ့သွားလို့

မွဘုတ်

 

 

 

ပြောင်းဖူး အာလူးသုပ်  အာလူးကို သိပ်မနူးအောင်ပြုတ်လိုက်တယ်  ပြောင်းဖူး နည်းနည်းပါးပါး  နံနံပင်  ငရုပ်သီးစိမ်း  ခရမ်းချဉ်သီး  ကြက်သွန်ဥနီ  ထုံးစံတိုင်း အဆာပလာ မြေပဲလှော်  ပဲပုတ် မှုန့် ငံပြာရည်  ငရုပ်သီးလှော်က ထည့်ချင်ထည့် မထည့်လည်းရတယ်  ဆီစိမ်း  ကောင်းလား မကောင်းဘူးလားဆိုတော့  ဟီးဟီး မမြည်းကြည့်ရသေး  စုံအောင်ရှိတာလုပ်ပေးလိုက်တာ

ပြောင်းဖူး အာလူးသုပ်
(Credit to မွဘုတ်) အာလူးကို သိပ်မနူးအောင်ပြုတ်လိုက်တယ်
ပြောင်းဖူး နည်းနည်းပါးပါး
နံနံပင်
ငရုပ်သီးစိမ်း
ခရမ်းချဉ်သီး
ကြက်သွန်ဥနီ
ထုံးစံတိုင်း အဆာပလာ မြေပဲလှော်
ပဲပုတ် မှုန့်
ငံပြာရည်
ငရုပ်သီးလှော်က ထည့်ချင်ထည့် မထည့်လည်းရတယ်
ဆီစိမ်း
ကောင်းလား မကောင်းဘူးလားဆိုတော့
ဟီးဟီး မမြည်းကြည့်ရသေး
စုံအောင်ရှိတာလုပ်ပေးလိုက်တာ

 

 

အမဲသား သုပ် အရိုး ကပ်အသား ရေနွေး ဆူ တည်ပြီး ဖြေးဖြေး ပစ်ထဲ့ ကြက်သွန်နီ တစ်ဥ အလုံးလိုက် ကြက်သွန်ဖြူ တစ်ဥ အလုံးလိုက် အခွံ မခွာလည်းရ ဂျင်း ကို ဗြန်းကနည်းမြည်အောင်ရိုက် ကျည်ပွေ့ ရှာမနေချင် လို့ ဆား ငရုပ်ကောင်းစေ့ Black cadamon ဖာလာကြီး ဆိုလား ပါကော့ဆိုလား နာနတ်ပွင့် နည်းနည်း စီ ထည့်ပြုတ်လိုက် chinese celery တစ်ရိုး ဟိုဒီ တွဲမရတာ ဒါနဲ့တော့ အဆင်ပြေလို့ ပေါင်းခိုင်းလိုက်တယ် ပြုတ်ထားတဲ့ အရိုးကပ်အသား အဆုတ် အသည်း အရွတ် ထဲ ပင်စိမ်း ချင်း နု ငြုပ်သီး နံနံ သံပယို ကြက်သွန်မိတ် အားလုံးရိတ်ရိတ် ကြက်သွန်ဖြူကြော် ငြုပ်သီးကြော် နဲ့ သုပ်ပြီး ရှိတာစားရတယ်

အမဲသား သုပ် (Credit to မွဘုတ်)
အရိုး ကပ်အသား
ရေနွေး ဆူ တည်ပြီး ဖြေးဖြေး ပစ်ထဲ့
ကြက်သွန်နီ တစ်ဥ အလုံးလိုက်
ကြက်သွန်ဖြူ တစ်ဥ အလုံးလိုက်
အခွံ မခွာလည်းရ
ဂျင်း ကို ဗြန်းကနည်းမြည်အောင်ရိုက်
ကျည်ပွေ့ ရှာမနေချင် လို့
ဆား ငရုပ်ကောင်းစေ့
Black cadamon ဖာလာကြီး ဆိုလား ပါကော့ဆိုလား
နာနတ်ပွင့် နည်းနည်း စီ ထည့်ပြုတ်လိုက်
chinese celery တစ်ရိုး ဟိုဒီ တွဲမရတာ
ဒါနဲ့တော့ အဆင်ပြေလို့ ပေါင်းခိုင်းလိုက်တယ်
ပြုတ်ထားတဲ့ အရိုးကပ်အသား
အဆုတ် အသည်း အရွတ် ထဲ
ပင်စိမ်း
ချင်း နု
ငြုပ်သီး
နံနံ
သံပယို
ကြက်သွန်မိတ် အားလုံးရိတ်ရိတ်
ကြက်သွန်ဖြူကြော်
ငြုပ်သီးကြော် နဲ့ သုပ်ပြီး
ရှိတာစားရတယ်

 

 

 

 

 

တိုဖူး သုပ် (ရှမ်းပြည်နည်း) ကြက်သွန်နီ ခရမ်းချဉ် ဆီသတ် အနှစ်အနေတော်ရရင် ပဲငံပြာရည် တိုဖူးတုံးထည့် ကြက်သွန်မိတ် ဖြူး ဒါပဲလေ ကြော်ထည့် ချင်ထည့် မကြော်ပဲထည့်ထည့် ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့ အလှူတွေမှာ သက်သတ်လွတ်သမားတွေ အတွက် ထည့်ပါတယ်

ရှမ်းစတိုင် ရှိတဲ့ စတား တိုဖူးသုပ် နည်း (Credti to မွဘုတ်) ကြက်သွန်ဖြူ အစိမ်းထောင်း ထဲဆားထည့်ဖျော် မန်ကျီးရည် သို့ ရှာလကာရည် နံနံ ငြုပ်သီးဆီကြော် ပဲချဉ်ကတော့ ပျင်းလို့မလုပ် ပဲချဉ်လုပ်ရင် ပဲကြိတ်ဖတ်ကို အပူနည်းနည်းပေး ဆားထည့်ပြီးတစ်ည သိပ်ရင် ချဉ်ပါတယ်

 

 

 

 

 

မြင်းခွါရွက်သုပ်  မြင်းခွာရွက်က ရိတ်ရိတ်လှီးထည့်တယ်  အမြစ်နုတာ ဆို လည်းထည့်လို့ရတယ်  ခရမ်းချဉ်သီး ကြက်သွန်နီ ပါးပါး လှီး မြေပဲ ထောင်း  ဆီစိမ်းဆမ်း ဆား နဲ့ငံပြာရည် ကြိုက်ရာထည့်  ပုဇွန်ခြောက်မှုန့်ကတော့ သဘောရှိ ထည့်ချင်ထည့်ပေါ့

မြင်းခွါရွက်သုပ် (Credit to မွဘုတ်)
မြင်းခွာရွက်က ရိတ်ရိတ်လှီးထည့်တယ်
အမြစ်နုတာ ဆို လည်းထည့်လို့ရတယ်
ခရမ်းချဉ်သီး ကြက်သွန်နီ ပါးပါး လှီး မြေပဲ ထောင်း
ဆီစိမ်းဆမ်း ဆား နဲ့ငံပြာရည် ကြိုက်ရာထည့်
ပုဇွန်ခြောက်မှုန့်ကတော့ သဘောရှိ ထည့်ချင်ထည့်ပေါ့

 

အောင်မိုးသူ ရဲ့ မြင်းခွါရွက်သုပ်

အိမ်မှာ မေမေမြင်းခွာရက်သုပ်ရင်တော့ အမြစ်ကအစမသင်ဘူး
အကုန် ပါးပါးလှီးတာ
ပါးတာမှ ပါးလျှပ်နေအောင် လှီးတာ။
ငရုတ်သီးစိမ်းပါးပါးနဲ့ မြေပဲထောင်းထားတာရယ်။
သံပုရာသီးရယ် ဟင်းခတ်မှုန့် ရယ် ဆားရယ်။
ဆီချက်နည်းနည်းရယ် ရောသုတ် ကောင်းမှကောင်း

 

 

 

သံပုရာသီးသုပ်  သံပြာသီး သေးနိုင်သမျှသေးအောင် အခွံရောပါပါလှီး  အစေ့တော့ ဖယ်ပလိုက်ပါ (အရမ်းခါးမှာစိုးလို့ ပါ)  ကြက်သွန်ဥနီပါးပါးလှီး။  မြေပဲ မကျက်တကျက်လှော် ပြန်ထောင်း ကျက်သွားလဲကိစ္စမရှိပါ။  ငရုတ်သီးစိမ်းလှီး/ဆီစိမ်း/ ပဲပုပ်အမှုန့် အနည်းငယ်ထည့် ဆားသင့်သလို ငံပြာရည်အနည်းငယ်ရောသမမွှေ၍စားပါလေ။  ဤသည်ကား သွေးတိုးကျ အဆီကျစေသော သံပြာသီးသုပ်နည်း တနည်း

သံပုရာသီးသုပ် (Credit to မွဘုတ်)
သံပြာသီး သေးနိုင်သမျှသေးအောင် အခွံရောပါပါလှီး
အစေ့တော့ ဖယ်ပလိုက်ပါ
(အရမ်းခါးမှာစိုးလို့ ပါ)
ကြက်သွန်ဥနီပါးပါးလှီး။
မြေပဲ မကျက်တကျက်လှော် ပြန်ထောင်း ကျက်သွားလဲကိစ္စမရှိပါ။
ငရုတ်သီးစိမ်းလှီး/ဆီစိမ်း/ ပဲပုပ်အမှုန့် အနည်းငယ်ထည့် ဆားသင့်သလို ငံပြာရည်အနည်းငယ်ရောသမမွှေ၍စားပါလေ။
ဤသည်ကား သွေးတိုးကျ အဆီကျစေသော သံပြာသီးသုပ်နည်း တနည်း

 

 

 

 

ပဲသီးထောင်းသုပ်  ပဲတောင့်ရှည်ကို လက်တစ်ဆစ်လောက်လှီး ကုလား အော်သီး ထောင်းတဲ့ထဲကို  မြေပဲထောင်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ဆား ရောထောင်းလိုက် တာ  အိမ်မှာကတော့ တစ်ခါမှမထောင်း Blender ထဲ ကြက်သွန်ဖြူ အရင်ကြိတ် ပြီးမှ ပဲသီး ငရုပ်သီး ငါးစက္ကန့်လောက် ကမန်းကတန်း ဖွင့်ပိတ်လိုက်တာပဲ  ပြီးမှ သပ်သပ်စီ ကြိတ်ထားတဲ့ မြေပဲ လှော် ပုဇွန်ခြာက်မှုန့်နဲ့ ဆီစိမ်းဆမ်း သံပုရာရည် နည်းနည်း ညှစ်လိုက်တယ်  ခက်သီ ဟိဟိ မှားလို့ ခက်သယ် နော်....

ပဲသီးထောင်းသုပ် (Credit to မွဘုတ်)
ပဲတောင့်ရှည်ကို လက်တစ်ဆစ်လောက်လှီး ကုလား အော်သီး ထောင်းတဲ့ထဲကို
မြေပဲထောင်း ကြက်သွန်ဖြူ ပုဇွန်ခြောက် ဆား ရောထောင်းလိုက် တာ
အိမ်မှာကတော့ တစ်ခါမှမထောင်း Blender ထဲ ကြက်သွန်ဖြူ အရင်ကြိတ် ပြီးမှ
ပဲသီး ငရုပ်သီး ငါးစက္ကန့်လောက် ကမန်းကတန်း ဖွင့်ပိတ်လိုက်တာပဲ
ပြီးမှ သပ်သပ်စီ ကြိတ်ထားတဲ့ မြေပဲ လှော် ပုဇွန်ခြာက်မှုန့်နဲ့ ဆီစိမ်းဆမ်း သံပုရာရည် နည်းနည်း ညှစ်လိုက်တယ်
ခက်သီ ဟိဟိ မှားလို့ ခက်သယ် နော်….

 

 

ဦးကျောက်ခဲ ရဲ့ ပဲသီးထောင်းသုပ်နည်း

ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ)

အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။

ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊

မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊

လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။

ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊

ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊

အရသာ ကောင်းမှကောင်း… မောင်ကျန်တစ်တို့ ဖစ်တွားမယ်… ရှလွတ်စ

ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ) အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။  ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊ မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊ လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။ ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊ ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊ အရသာ ကောင်းမှကောင်း... မောင်ကျန်တစ်တို့ ဖစ်တွားမယ်... ရှလွတ်စ်

ပဲတောင့်ရှည်မနုမရင့် (ရွာကပဲတောင့်ရှည်တွေက စိမ်းစိမ်းကျစ်ကျစ်လေးတွေမို့ အနည်းငယ်ပွတာကို ရွေးဝယ်ပါ) အတောင့် ၂၀-ကို ရေဆေး အရွယ်တော်ဖြတ်ပြီး ရေခဲရေထဲစိမ်ထား ။
ပုဇွန်ခြောက် စားပွဲတင် ၂-ဇွန်းကို ရေစိမ်ပြီး မညက်တညက် အကောင်ပျက်ရုံထောင်း ၊ မြေပဲလှော် (သီဟိုဠ်စေ့လှော်ဆို ပိုကောင်း) စားပွဲတင် ၂-ဇွန်း ၊ ကြက်သွန်ဖြူ အမွှာကြီး ၂-မွှာ ၊ ငရုပ်သီးစိမ်း စားနိုင်သလောက် ထည့်ထောင်း ၊ လေးစိတ်ကွဲသွားရင် ကြံသကာ လက်တစ်ဆစ်ထည့်ထောင်း ။ ပြီးမှ ပဲသီးထည့်ထောင်း အနည်းငယ် ကြေသွားရင် ငံပြာရည် စားပွဲတင် ၁-ဇွန်း ၊ ဆား အချိုဇွန်း ၁-ဇွန်းထည့် ၊ ချယ်ရီ ခရမ်းချဉ်သီး ၅-လုံးလောက်ကို လေးစိတ်ကွဲထည့်ပြီး ထမင်းခပ်ဇွန်းကြီးနဲ့ သာသာယာယာမွှေ သံပုရာရည် တစ်ခြမ်းညှစ် ၊ အရသာ ကောင်းမှကောင်း… မောင်ကျန်တစ်တို့ ဖစ်တွားမယ်… ရှလွတ်စ်

 

 

 

 

 

 

ပဲကြာဇံ ထမင်းခြောက်ကြော် သုပ်  ပဲကြာဇံ သင်္ဘောသီးခြစ် အာလူး ပဲမှုန့် နံနံပင် ထမင်းခြောက်ကြော် ငါးပိ ဆီချက် မန်ကျည်းရည်  ထမင်းခြောက်သုပ်နည်းအစစ်က ထမင်းခြောက်ကြော် ရယ်  ကြက်သွန်နီ ပါးပါးရယ် ဆား ငြုပ်သီးစိမ်းရယ် ပဲ  သင်္ဘောသီးသုပ်ထဲရောနယ်တော့လည်း တမျိုးစားကောင်းသွားတာ အိမ်မှာ ဘယ်သူမှ ဘာနည်းလည်းလို့ မမှတ်ရဲဘူး  ဒီတစ်ခါ ဒီလို လုပ်ပြီး နောက်တစ်ခါ ဒီအတိုင်း လုပ်ချင်မှ လုပ်တော့တာ ခိခိ

ပဲကြာဇံ ထမင်းခြောက်ကြော် သုပ် (Credit to မွဘုတ်)
ပဲကြာဇံ သင်္ဘောသီးခြစ် အာလူး ပဲမှုန့် နံနံပင် ထမင်းခြောက်ကြော် ငါးပိ ဆီချက် မန်ကျည်းရည်
ထမင်းခြောက်သုပ်နည်းအစစ်က ထမင်းခြောက်ကြော် ရယ်
ကြက်သွန်နီ ပါးပါးရယ် ဆား ငြုပ်သီးစိမ်းရယ် ပဲ
သင်္ဘောသီးသုပ်ထဲရောနယ်တော့လည်း တမျိုးစားကောင်းသွားတာ အိမ်မှာ ဘယ်သူမှ ဘာနည်းလည်းလို့ မမှတ်ရဲဘူး
ဒီတစ်ခါ ဒီလို လုပ်ပြီး နောက်တစ်ခါ ဒီအတိုင်း လုပ်ချင်မှ လုပ်တော့တာ ခိခိ

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120