. ပြီးခဲ့တဲ့ အပါတ်ထဲ က မောင်ဂီ ရဲ့  “သိပ္ပံပညာ နှင့် ဘာသာရေး” ကို ခွဲ ထားသင့်တယ်လို့ ပြော တဲ့ အဆို ကို ကန့်လန့်တိုက်ပြီး ပို့စ်တစ်ခု ရေးဖို့ ဆွဲအား လုပ်နေတာ ။
ဒီနေ့ တော့ ကကြီးမိုက် ရဲ့  ကိုသစ် နားထဲရောက်နေတဲ့ သီချင်းလေး အကြောင်း မှတ်ချက်လေး ကနေ ရေးဖို့ တွန်းအား ဖြစ်ခဲ့ပေါ့။ (ခွက်ဒစ် တူ အေပီကေ မမ ပို့စ်)
ဒီတော့ ဆွဲအား နဲ့ တွန်းအား ပေါင်းပြီး အချိန်လေး တစ်ချို့ ဖြုန်းလိုက်ပါဦးမယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အကြောင်း ရစ်ပြီး တော့ ဘီဘီစီ ရဲ့ Science Category ထဲ က ဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရတယ်။
အကြောင်းက Science Study  တစ်ခု ရဲ့ လူတွေ မသေခင် အချိန်လေးမှာ ဦးဏှောက်ထဲ ဘာတွေ တွေးလဲ၊ ဘယ်လို အလုပ်လုပ်ခဲ့လဲ ဆိုတာမျိုး တွေ ကို လေ့လာတဲ့ အကြောင်းပါ။
အဲဒီမှာ သေပြီလို့ ထင်ပြီး မှ မသေဘဲ ပြန်ရှင်လာ သူ တွေ ကို အင်တာဗျူး လုပ်ပြီး စစ်တမ်းကောက် ထားတာ။
လူပေါင်း ထောင်ချီပြီး (အတိအကျ ပြောဖို့ အဲဒီဆောင်းပါးကို Bookmark မလုပ်ခဲ့ မိလို့) ရတဲ့ အထဲ က စိတ်ဝင်စားဖို့ ကောင်း တဲ့ သူ တစ်ချို့ အကြောင်းပါ။

တစ်ချို့ က သေပြီလို့ ထင်နေချိန် မှာ ( မြန်မာ အယူ ဆို မျော နေတယ် ခေါ်မလား) သူတို့ အိမ်မက် လို တွေ မက် နေတာ တဲ့။
အဲဒီထဲ မှာ ဘုရားသခင် နဲ့ တွေ့လို့ စိတ်ထဲ အေးချမ်း ပြီး ပျော်လိုက်တာ လို့ ပြောတဲ့ သူ ရှိသလို ကြောက်စရာ လန့်စရာ တွေ မြင်ပြီး သွေးလန့် နေသူ တွေလဲ ရှိသတဲ့။
ရှားရှားပါးပါး တစ်ယောက် ကတော့ အဲဒီ အချိန်မှာ အခန်းထဲ ဖြစ်ပျက်နေတာ တွေ အားလုံး ကို မြင်နေရတယ်တဲ့။
သူ့နား ကို ရောက်လာကြတာ ဘယ်နှစ်ယောက် ဘယ်လို ပုံစံ တွေ လို့ ပြောနိုင်သတဲ့။
အဲဒီလူ တွေ က သူ နဲ့ အရင်က မသိတာ သေချာတဲ့ အပြင် သူ့ ကို ဘာတွေလုပ်ခဲ့ တယ်လို့ ပြောတာ တွေကလဲ မှန်နေသတဲ့။
. နောက် သူပြောတာ က သူ ရှိနေတဲ့ အခန်းထောင့် မှာ မိန်းမကြီး တစ်ယောက် က လာခဲ့ လို့ ခေါ်တော့ သွားမယ်လုပ်တော့ သူ့ ခန္တာကြီး က ကျန်နေတာ ကိုလဲ မြင်လိုက်သတဲ့။
ဒေမီမိုး ရဲ့ Ghost ရုပ်ရှင်ထဲ ကလို ဘဲ။

Study ကတော့ ရေရှည် မှာ ဘာကောက်ချက်ချ မယ် မသိ။
စိတ်ဝင်စားမိတာ က မသေခင်အချိန်ပိုင်းလေးထဲ အိမ်မက်လို မြင်ချင်ရာ မြင်သွားနိုင်တာ တော့ အသေအချာဘဲ။
စိတ်ချမ်းသာဖို့ ကောင်းတာ တွေကို မြင်သူ နဲ့ ကြောက်စရာကောင်းတာ တွေ မြင်ခဲ့ တဲ့ သူ တွေ ရဲ့ Lifestyle  ဘာ ကွာ ခဲ့သလဲ ဆိုတာ ကိုတော့ သိချင်တယ်။

ဒီမှာ ဘာသာရေး လုပ်သူ/ မလုပ်လို့ကွာနိုင်တယ် လို့တော့ ဘောင် ခတ် မထားတော့ဘူး။
ဘာလို့ လဲ ဆိုတော့ ဘာသာရေး လုပ်တာ နဲ့ စိတ် ကို အေးချမ်းအောင်ထား မေတ္တာတရား ထားနိုင်တာ အချိုး မကျ ကြောင်း ကို သိခဲ့ပြီ မို့ပါဘဲ။

သေချာတာကတော့ အချိန်မရွေး ရပ်သွားနိုင် တဲ့ ဝင်သက် အတွက် ကိုယ့်စိတ်မှာ အချိန်မရွေး အညစ်အကြေး ကင်းနေဖို့ လိုတယ် ဆိုတာလေးတော့ အသိဝင်လိုက်မိတယ်။
အသိ သိ ရုံ သိနေ တဲ့ ဘဝ က နေ လက်တွေ့ ဖြစ် နေအောင် ကျင့်ဖို့ လိုနေသေးတာ ကိုလဲ မြင်မိတယ်။
အဲလို ကျင့်တာ ကလဲ ရွေ့လျား မှု မရှိတဲ့ ကျင့် နေတာ  မဟုတ်ဘဲ  ရွေ့လျား မှု ရှိ တဲ့ အကျင့် ဖြစ်ဖို့လဲ ကြိုးစား ဖို့ လိုနေတယ်။
မမ မျှ နေတဲ့ ဆရာအော်ပီကျယ် ရဲ့ အရှုပ်ထဲ မှာ ရှင်းအောင်နေ ဆိုပြီး ငှက်ကလေး က ထိပ်မှာ နားနေတာ ထက် ပိုပြီး ရှုပ်ထွေး တဲ့ လောကကြီး ထဲ တကယ်တော့ သိပ်တော့ မလွယ်လှပေဘူး။
ဘာဘဲဖြစ်ဖြစ် လောကကြီး ထဲ အထွက်မှာ စိတ်အေးချမ်းတာလေး တွေ မြင်ပြီးတော့ ဘဲ ထွက်ချင်ပါတယ်။

ဒီမှာ လာပါပြီ။ ကို့ယိုးကား အတွေး။
ဒီလို သိပ္ပံစမ်းသပ်ချက် တွေ က နေ သေခါနီး လူ့ရဲ့ ဦးဏှောက် ထဲ အင်မတန် ကောင်း တဲ့ အာရုံ လိုမျိုး ချိတ်ဆက်ပြီး သွင်းပေး နိုင်ခဲ့ ရင် ဘယ်လိုနေမယ်မသိ။
ထောက်ခံမဲ့ သူကြီးမင်း ကို ပြေးမြင်လိုက် တယ်။
ဒါပေမဲ့ ကိုယ့်သက်တမ်း အတွင်း ထွက်လာနိုင်ဦး မဲ့ အရာ မဟုတ်လေတော့ ….
သိပ္ပံပညာ ကို အားကိုးနေမဲ့ အစား ကွကိုယ် ဗုဒ္ဓ ရဲ့ တရား စစ် တရားမှန် လေး ကိုဘဲ နှလုံးသွင်းပြီး နံရံ ရဲ့ တစ်ခြား တစ်ဖက် ကို ကူးဖို့ ကြိုးစားတာက စိတ်အချ ရဆုံးပါ။

ဒီတော့ မောင်ဂီ ပြောသလို
“သိပ္ပံပညာ နှင့် ဘာသာရေး”  ကို ခွဲဖို့ အကြောင်း ထောက်ခံ ရလေတော့ မလား ပါဘဲ။
မှင်စာ ဝမ်းမြောက်ပါလေတော့။

.လောလောဆယ် မတော့ ရ ပြီ။
တရာ x 2။  lol:-)))

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..