ငါ့ ကို မပေါင်းချင်ရင်တော့ ငါး ကို ပေါင်းရအောင်။
ဟိ။
အချိုနည်းရော၊ အစပ်နည်းရော။

ထုံးစံအတိုင်းးးးစားဖိုမှူးဘယ်သူတွေတုန်း ကြည့်  ကြည့်…!!

:k:

~~~~~~~~~~~~~~~~

.
၁) ခရစ်နဲ့ ပေါင်း အဲလေ ခရစ် နည်းနဲ့ ပေါင်းရအောင်။

 

chris

  • ငါးကိုသေချာဆေး…
  • အရသာနယ်ဗိုက်ထဲစပါးလင်ထုထည့်…
  • ဂျင်းစိပ်လေး..
  • ငြုပ်သီးစိမ်း..
  • ရှမ်းနံနံနည်းနည်းထည့်..
  • ပြီးရင်.ပြုတ်…
  • ရေနည်းနည်းနဲ့ပြုတ်လို့..
  • တဖက်စီလှန်..
  • ငါးကျက်လောက်ရင်..
  • ပန်းကန်ထဲထည့်…
  • ငြုပ်သီးစိမ်း..နံနံ..ပင်စိမ်း..ရှမ်းနံနံ..ကြက်သွန်ဖြူကြိတ်ပြီးငါးပြုတ်ရည်ထဲထည့်..
  • သကြား..နန်းပါ..သံပုရာသီးညှစ်.. အရသာပြင်..ငါးပေါ်လောင်း..
  • ကောင်းလယ်..

~~~~~~~~~~~~~~~~~~

.

.

၂) ဦးကျောက်ခဲ နည်း ပေါင်းကြမယ်။

  • ကကတစ်ကို အကောင်လိုက် ကျောဘက်ကနေ တစ်ခြမ်းခွဲ…
  • ဂျင်းရည် နှမ်းဆီ ဆား/သကြားသဘောလောက် ပဲငံပြာရည်အကြည်နဲ့နှပ်ထား…
  • စားခါနီးမှ ပန်းကန်ထဲ စပါးလင်ခံ နှပ်ထားတဲ့ငါးကိုတင် ၊
  • ကြက်သွန်နီဥသေး (မီးကင်ရင် ပိုကောင်း) ကြက်သွန်ဖြူ ထူထူလှီးထားတာတွေတင် ၊
  • နူးအောင်ပေါင်း…
  • ပြီးမှ ငရုပ်စိမ်း နံနံပင် ကြက်သွန်မြိတ် ကြိုက်တတ်ရင် ရှောက်ဘီလူးရွက် ရှမ်းနံနံအပေါ်ကတင်ပြီး သံပုရာရည်ညှစ် ၊
  • သံပုရာသီး အကွင်းလိုက် အလှဆင်…
  • ခဏပြန်ပေါင်းရင် ရဘီ…

~~~~~~~~~~~~~~~~~~~~

.

.

.

၃) ဝေ့ ရဲ့  Easy ပေါင်းနည်း ကတော့

 

wei

 

  • ကကတစ်ငါးကို ဆား၊ ဂျင်းရည်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီနဲနဲနဲ့ခဏနယ်ထားတယ်။
  • ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထောင်းပြီး သံပုရာရည်နဲ့ဆား သကြားထည့်ပြီး ငါးပေါ်လောင်းတယ်။
  • ငါးအောက်က စပါးလင်ခံပြီး ကြွေပန်းကန်ထဲထည့် ဇကာပေါ်တင်ပြီး ပေါင်းထားလိုက်ပြီ။
  • ကျက်ခါနီးမှ နံနံပင်လှီးထားတာထည့်လိုက်မယ်။

~~~~~~~~~~~~~

.

.

.

၎) မွဘုတ်ရဲ့ Hakka ငါးပေါင်းနည်း

 

IMG_9113

 

  • မြက်စားငါး သို့ ငါးကြင်း အမှန်က ဘာငါးဖြစ်ဖြစ်ပါ။
  • ငါးကို သန့်စင်ပြီး ငရုပ်ကောင်း နဲ့ ဖြူးထားပါ
  • ချင်းခပ်ကြမ်းကြမ်းကြိတ်ထားပြီး ငါးတစ်ကိုယ်လုံးနှံအောင်သုတ်
  • ငါးဗိုက်ထဲကို ငရုပ်ကောင်း နည်းနည်း ချင်းကြိတ်ဖတ်နဲ့ ကြက်သွန်မိတ် တစ်ပင် နံနံပင်အမြစ် ရှိရင်ထည့်
  • ငါးအတွက် sauce ချက်ရန် ကြက်သွန်ုဖြူ ဆီ ထဲ အကြွပ်ကြော် ပါ.. အကြွပ်ဖတ် ကိုဖယ်ထားပါ .. ကြက်သွန်ဖြူဆီထည့် နှမ်းဆီ၊ ခရုဆီ၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင် အနည်းငယ်စီ သင့်အောင်ထည့်
  • ငါးပေါ်က လောင်းချပြီး ၁၀ မိနစ် .. အကောင်ကြီးရင် ၁၅ မိနစ်ပေါင်းပါ
  • ငါးအပေါ်မှဖြူးရန် ကြက်သွန်မိတ် တစ်လက်မခန့်ုဖြတ်ပြီးတာနဲ့ အရှည်လိုက် အမျှင်လှီး ရေစိမ်ထား
  • နံနံပင်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါကြောင်း
  • သတိ၊ ဆား အချိုမှုန့် မပါ
  • သံပုရာမှ မဟုတ် ချင်းကလည်း အဆီကျပါကြောင်း
  • ဆိုင်တွေမှာတော့ ငါးပေါင်းရည်တွေ သွန်ပစ်ပြီးမှ
  • Sauce လောင်း
  • သံပန်းကန်ပြား ပေါ်တင်ပြီး မီးဖိုနဲ့ပေးတာမို့  အမြင်မှာ လှလည်းလှ စားရင်းနဲ့ အရသာလည်း တဖြေးဖြေးဝင်နေတာပေါ့
  • အိမ်မှာကတော့ တစ်ခါတည်းပဲရောပေါင်း လိုက်ပါတယ်

~~~~~~~~~~~~~~~

.

.

.

၅) မွမိုးခိုင်ရဲ့ အလွယ်ဆုံးနည်း

  • ငါးကိုနှစ်ချက်လောက်ဓားရာပေးပန်းကန်ပြားပေါ်တင်..
  • ဂျင်းပါးပါးလှီးထားတာထည့်
  • ၁၀..မိနစ်ပေါင်း
  • ပေါင်းနေတုန်းကြက်သွန်မြိတ.်.နံနံပင်..ပဲငံပြာရည်အကြည်..ငရုတ်သီးစိမ်း..သံပြာရည်အကုန်ရောထား
  • ငါးကျက်ရင်ငါးထဲကအရေတွေသွန်..
  • ခုဏကဆော့ရည်ထဲ့
  • မီးဖိုပေါ်ခဏပြန်တင်ရပြီ
  • လွယ်တယ်ဟုတ်

~~~~~~~~~~~~~~~

.

.

.

၆) မွသဲ ရဲ့ ငါး ဝီစကီပေါင်း

IMG_9114

  • ငါး သင့်တော်ရာ ငါးကြင်း ကက္တစ် အဆင်ပြေရာ ကို ဂျင်းရည် ကြက်သွန်ဖြူရည် ခရုဆီနဲ့နယ်
  • ဆားလေးလိုရင်ထည့် နှပ်ထား
  • အာလူးကိုအခွံခွာ ပါးပါးအဝိုင်းလေးဒေလှီး ဆားနယ်
  • ပေါင်းမဲ့ဇလုံထဲနှမ်းဆီမွှေးဖြန်း
  • အာလူးစီထည့်
  • အပေါ်ကနှပ်ထားတဲ့ငါးတင်
  • အပေါ်ကရှောက်ရွက်အုပ်
  • အဖုံးဖုံး ရေခံပေါင်း
  • သရီးအင်ဝမ်း အရည်လဲရ အာလူးလဲပါ
  • အသားလဲစားရ
  • (ဘူ့မှ မပြောနဲ့ တညားက ဝီစကီ ၂ ပက်လောက်ထည့်တယ်)

~~~~~~~~~~~~~~~~~~

.

.

.

၇) မွနိုလှလှ ငါးလှလှပေါင်း ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး
ငါးပေါင်းကနေစမယ်နော် ( ချိုချဉ်ဟင်းရည်) – ငါးကတော့ (ကကတစ်/ စလားပီးယား/ ငါးပါနီ) မိမိကြိုက်နှစ်သက်တဲ့ငါးအကောင်လိုက်ဝယ်ဖို့လိုပါတယ်
လူ ၅ယောက်စာ ပါဝင်ပစ္စည်းများ

  • ငါး – ၆၀ သား ( 1kg)
  • ပဲပြား – ၁တုံး
  • မှို – ၁၀ သား
  • ငုံးဥ – 5 လုံး
  • ချဉ်စော်ခါးသီးခြောက် – ၂ကျပ်ခွဲသား (40 ဂရမ်)
  • ရေသန့် – 3 လီတာ
  • ကြက်သွန်နီ – ၂ကျပ်ခွဲသား (40 ဂရမ်)
  • ကြက်သွန်ဖြူ – ၂ကျပ်ခွဲသား (40 ဂရမ်)
  • သကြား – ၂ကျပ်ခွဲသား (40 ဂရမ်)
  • စပါးလင် – ၂ ချောင်း
  • ပင်စိမ်း – ၁စီး (40 ဂရမ်)
  • ရှမ်းနံနံ – ၁စီး (40 ဂရမ်)
  • ဂျင်: – လက် ၂ဆစ် ((20 ဂရမ်)
  • ဟင်းခက် မှုန့် / ဆား / ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်း

ကဲစပြီးပြင်ပါပြီ…

  • ငါးကို အကြေခွာ ဗိုက်ခွဲကလီစာတွေ ဗဟတ်ထုတ် အကောင်မပျက်စေနဲ့နော်
  • ဆေးပြီးလို့မှ အငြီနံ့ရှိသေးတယ်ထင်ရင် ရှာလကာရေ၂ဇွန်းကို ရေရောပြီး ငါးကို ၂မိနှစ်လောက်စိမ်ပြီးပြန်ဆေးလိုက်ရင် ရပါပြီ
  • ငါးကို ဘယ်ညာနှစ်ဖက် ဓါးနဲ့မွန်းလိုက်ပါပြီရင် ဆား / သကြား /ဟင်းခက်မှုန့် သင့်တော်သလောက်ထဲ့ပြီးနယ်ပြီးနှက်ထားလိုက်ပါ
  • ပဲပြားကိုတော့ လက်မ၀က်ပတ်လည်လောက်အတုံးလေးတွေတုံးထားပါ
  • မှို (ကောက်ရိုး / ငွေနှင်း / ပင်အပ် ) ကြိုက်ရာကို ရေဆေးပြီး အသင့် စားအရွယ်လေးတွေဖြစ်အောင် လှီးထားပါ
  • ငုံးဥ ပြုတ်ပြီး အခွံခွါထားပါ
  • ချဉ်စော်ခါးသီးခြောက် – ၂ကျပ်ခွဲသား (40 ဂရမ်) ကိုရေ1လီတာဖြင့်ပြုတ်ပါ
  • 10မိနှစ်လောက်ဆူပါစေ ပြီးလျှင် အဖက်များစစ်ယူပြီး နောက်ရေ၁လီတာဖြင့်ထပ်ပြုတ်ပါ
  • ပြီးလျှင် အဖတ်များပစ်ပြီး အရည်များကို ပေါင်းမည့်အိုးတွင်ထဲ့ထားပါ
  • ကြက်သွန်နီ ကို အခွံခွာအတုံးလေးတွေတုံးထားပါ
  • ကြက်သွန်ဖြူ အခွံခွါပြီး တံပြားရိုက်ထားပါ
  • ဂျင်း အခွံခွာပြီး အပြားလိုက် ပါးပါးလေးလှီးထားပါ
  • ပင်စိမ်း / ရှမ်းနံနံ ကို ဆေးကြောသန့်စင်ထားပါ
  • စပါးလင် ဆေးကြောသန့်စင် အရင့်တွေဘယ်ပြီး အနုတွေကို ပါးပါးတစ်စောင်းလေးတွေလှီးထားပါ
  • ပေါင်းအိုး အပေါ်စကာပေါ်မှာ စပါးလင်အရင့်တွေကိုခင်းပါ ပြီးလျှင်ငါးတင်ပါ
  • ငါးဗိုက်ထဲကို ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် / ဂျင်း လေးပုံတပုံထဲ့ပါ
  • နောက်တပုံကို ငါးအပေါ်ကနေဖြူးပါ (ပင်စိမ်း / ရှမ်းနံ့နံ) မပါ ချန်ထားရန်
  • ပေါင်းအိုးထဲမှာ ချဉ်စော်ခါးသီးခြောက်ပြုတ်ရေ ၂လီတာ ကျန်ရေ၁လီတာထဲ့ပါ
  • ကြက်သွန်နီ/ဖြူ / ပင်စိမ်း / ရှမ်းနံ့နံ/စပါးလင် /ဂျင်း လေးပုံ၂ပုံထဲ့ပါ
  • ဟင်းခက်မုန့် / ဆား/ သကြားထဲ့ပါ

ကဲ!! ဟင်:ရည်အအတွက်လည်းပြီးပြီဆိုတော့….

  • စပေါင်းမယ်နော်…
  • ဟင်းရည်ပေါင်းအိုးအပေါ်မှာ ငါးထဲ့ထားတဲ့အပေါ်စကာတင်ပြီးအငွေ့မထွက်အောင် အဖုံးလုံရပ့ါမယ်…
  • မီးဖိုပေါ်မှာ အရည်အိုးဆူးတာ မိနစ်၃၀လောက်ပေါင်းပြီးပြီဆိုရင်တော့ ငါးကကျတ်သလောက်ရှိနေပါပြီ…
  • အပေါ်က ငါးပေါင်းထားတဲ့စကာကိုခဏဖယ်ပါ ( အပူဟပ်တက်ပါတယ် သတိထားဖယ်ပါ)…
  • ဟင်းရည်ကိုအပေါ့အငံမြည်းပါ အစဉ်ပြေပြီဆိုပါက ပဲပြား/ငုံးဥ/ မှိုတွေကိုထည့်ပါ ငါးပေါင်းထားတဲ့စကာကိုပြန်တင်ပါ ၁၀မိနစ်လောက်ပြန်ဆူပါစေ…
  • အခုဆိုရင်တော့ မွှေးပျံတဲ့ ငါးပေါင်းလည်းကျတ်ပြီ ချိုချဉ်မွှေးဟင်းရေလည်းကျတ်ပါပြီ…
  • ငါးပေါင်းပေါ်မှာ ခုဏကချန်ထားတဲ့ ပင်စိမ်း / ရှမ်းနံ့နံလေးတွေ အလှဆင်လိုက်အပါအုံး…
  • ငါးအသားကိုတို့စားဖို့ဆော့ကတော့ လွယ်လွယ်ကူကူ ပဲငံပြာရည်အကျဲ / နှမ်း / ငရုပ်သီးစိမ်းတွေကိုဖျော်လိုက်ပါ…
  • ရေနဲ့တိုက်ရိုက်မထိပဲ ဟင်းရည်ငွေ့နဲ့ပေါင်းထားတဲ့ ငါးရဲ့လက်ဆက်ချိုမြိန်မှု အရသာကို ပဲငံပြာရည်ဆော့လေးနဲ့တို့ပြီးခံစားရင်း ချဉ်စော်ခါးသီး ပဲပြား/ငုံးဥ/ မှိုတို့ရဲ့ ချိုချဉ်မွှေး ဟင်းရည်ပူပူလေးသောက်လိုက်ပါ…
  • ဒါမှ ငါးပေါင်း ချိုချဉ်ဟင်ရည်မေွးှ ရဲ့ ပြီးပြည့်စုံတဲ့ အရသာကို ခံစားနိုင်မှာပါလို……

~~~~~~~~~~~~~~~~~~~~~

.

.

.

၈) တညားရဲ့ ငါး ဖြစ်ကတဲ့ဆန်းပေါင်း

 

kz

 

  • တွေ့တဲ့ငါး အကြေးခွံ ချွတ်ပြီး ဆား ငံပြာရည်နဲ့ နယ်ထား
  • ဂျင်းရယ်၊ ကြက်သွန်ဖြူရယ်ထောင်း အရည်ညှစ်ထည့်
  • ငရုတ်သီးစိမ်းကို ထောင်းပြီး ခုနက ဂျင်း၊ ကြက်သွန်ဖြူဖတ်တွေကို ငါးပေါ်ဖြူးပြီး
  • အိုးထဲရေခံပြီး ပေါင်းတာပဲ။
ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120