ရေးချင်တာတွေ မရေးနိုင်ခင် ဖရုံသီး အရင် သီးပါရစေ။

 

သခမသီး

သခမသီး

 

သခွါးမွှေး

သခွါးမွှေး

 

Winter Melon မြန်မာလိုတော့ ကျောက်ဖရုံ ပေါ့။

Winter Melon မြန်မာလိုတော့ ကျောက်ဖရုံ ပေါ့။

 

ဖရဲသီး

ဖရဲသီး

 

ရွှေဖရုံသီး

ရွှေဖရုံသီး

 

ကွကိုယ် ဘူး၊ ဖရုံ၊ ဖရဲ, သခွါးမျိုးတွေ ချာလပတ်ရမ်းနေအောင် မသိတာမို့။
ရှာရင်း ဖွေရင်း သိသလောက် လာထားထားတာ။

အခြေခံမျိုးတွေက…
၁) ရွှေဖရုံ (ဒါကတော့ ရှင်းတယ်။ ဟင်းချက်စားတာ၊ ဟိ)
၂) ကျောက်ဖရုံ (ဒါလည်း ရှင်းတယ်၊ ဟင်းခါးချက်တယ်၊ အကြော်ကြော်တယ်။ ဖရုံယို လုပ်တယ်)
၃) ဟန်နီဂျူး (သခွါးမွှေးခေါ်သလားမသိ၊ အစိမ်းရောင် ချိုချိုလေးး၊ ခု ရုံးမှာသီးတဲ့ဟာ)
၎) ဖရဲသီး (ဒါလည်း ရှင်းတယ်။ အဝါနဲ့အနီရှိတယ်)
၅) Rock Melon မှာ စရှုပ်ပြီ။ (မြန်မာလို ဘာခေါ်မှန်းမသိ။ ပန်းနုမိတ်ကပ်ရောင်ရော၊ စိမ်းဝါဝါ ရောင်ရောရှိတယ်။ အစိမ်းကို သတ်သတ်ခေါ်သေးတယ်။ ကိုကို ကျောက် ကတော့ မြန်မာလို သခမ သီးလို့ ခေါ်သတဲ့။

ကိုယ်တွေကတော့ အသီးမွှေးမွှေး စားလို့ ရတာမှန်သမျှ သခွါးမွှေး ခေါ်ပစ်တာကိုးးး

.
တကယ်တော့ သူတို့က အမျိုးတော်တဲ့ ဝမ်းကွဲတွေဖြစ်ကြောင်း ကိုကိုကျောက် က ဂလို ဆိုထားပါသေးရဲ့။

Honeydew နဲ့ Rock Melon ဘာကွာလဲဆိုတော့ အရောင် အနံ့အရသာနဲ့ အပြင်ခွံကွာပါတယ် ။
Rock Melon က သခွါးချဉ်မျိုးထဲမှာ ပါ ပါတယ် ၊ ကပြားမျိုးပါ ။
သခွါးမွှေး (Honeydew) နဲ့ သခွါးချဉ် (Canary Melon, Santa Claus Melon, Korean Melon) ဝတ်မှုန်ကူးရင် Rock Melon တွေ ထွက်လာတတ်တယ်လို့ ဒုတိယနှစ် ပုပ္ပါးမှာကွင်းဆင်းတုန်းက ဆည်ပေါက်စိုက်ပျိုးရေးခြံကပြောတာ မှတ်ဖူးပါကြောင်း…။
ဆိုတော့ နွယ်မျိုးတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီး အမျိုးတော်တယ်လို့ပဲ မှတ်လိုက်ပါပြီ။

ဘူးး
ဖရုံ
ဖရဲ
သခွါး
ကြက်ဟင်းခါး စသည်ဖြင့်ပေါ့။

~~~~~~~~~~~~~~

ကြွားချင်တာ ခုမှ လာတာ။ ဟိ။
သများတို့ ရုံးရှေ့မယ် ပိုက်ကွန်ပစ်ပြီး အဲဒီ ရှိသမျှ နွယ်မျိုးတွေ ပျိုးထားတာ စားလို့လည်းရ၊ သများလည်း ပျင်းရင် ဖုံးတစ်လုံးနဲ့ ဓာတ်ပုံတွေ
ရိုက် စသည်ဖြင့် အလုပ်ဖြစ်တာပေါ့။

ရုံးက အထွက် ကို ရသလောက် နေရာလေး မှာ ဂလို။

ရုံးက အထွက် ကို ရသလောက် နေရာလေး မှာ ဂလို။

 

စစချင်းတော့ နွယ်တွေ ကျဲတောက်တောက်

စစချင်းတော့ နွယ်တွေ ကျဲတောက်တောက်

 

နောက်တော့ နွယ်တာတွေများလာတော့ အသီးတွေလည်း များလာ

နောက်တော့ နွယ်တာတွေများလာတော့
အသီးတွေလည်း များလာ

 

ကြီး ပိုက်ကွန်ပေါ် သီးမိတော့ ကြိုးနဲ့ ဆိုင်းစရာမလိုတော့

ကြီး ပိုက်ကွန်ပေါ် သီးမိတော့ ကြိုးနဲ့ ဆိုင်းစရာမလိုတော့

 

Cucumber သခွါးသီးတွေလည်း အများကြီးးး ဟိ

Cucumber
သခွါးသီးတွေလည်း အများကြီးးး
ဟိ

 

Bitter Gourd ဆိုတော့ ဘူးခါးပေါ့။ :P ကြက်ဟင်းခါးလည်း ရှိ။

Bitter Gourd ဆိုတော့ ဘူးခါးပေါ့။ :P
ကြက်ဟင်းခါးလည်း ရှိ။

 

အစွန်းမှာ ရွှေဖရုံတွေ ညွှန့်နေလို့ ကြိုးနဲ့ ဆိုင်းထားရ

အစွန်းမှာ ရွှေဖရုံတွေ ညွှန့်နေလို့ ကြိုးနဲ့ ဆိုင်းထားရ

~~~~~~~~~~~~~~

ခု လာမှာ က သများရဲ့ အညွန့်ခူး အဲ အညွန့်အဖူးအပွင့်လေးတွေ လိုက်ရိုက်ထားတာကို ပြမှာ။
အမျိုးတော်မှန်း သူတို့ အပွင့်လေးကို ကြည့်ရင် သိတယ်။
သများက အသီးကနေတောက်လျှောက်လိုက်ပြီး ရိုက်ထားလို့ ဘယ် အပင်က အပွင့်တုန်းသိတာ။
နို့မို့ မကွဲဘူးရယ်။

 

 

ရွှေဖရုံညွန့် ထွက်ခါစလေး

ရွှေဖရုံညွန့် ထွက်ခါစလေး

 

Honeydew  ရဲ့ အပွင့်

Honeydew ရဲ့ အပွင့်

 

ကြက်ဟင်းခါးပွင့်

ကြက်ဟင်းခါးပွင့်

 

သခွါးပွင့်

သခွါးပွင့်

 

သခမပွင့်သေးသေးလေး

သခမပွင့်သေးသေးလေး

 

IMG_7270

~~~~~~~~~~~~~

 

နောက် ကြုံမှ ရုံးက ပန်းပင်လေးတွေ အကြောင်း ပြောပြမယ်။

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120