ရွာရွှေ့နေတုန်းကပေါ့။
ဒီလောက် ၄ ရက်လေး ပျက်ခဲ့လို့ သာ။
ဒီထက် ဆက် ကြာနေရင် သူ ကိုယ်တိုင် တောင် ဝင်ပါ ပြီး ပြင်ပေးမဲ့ လူတစ်ယောက် ရှိနေတာ သူကြီး ကတော့ သိမယ်မဟုတ်ခဲ့။
ဟုတ်တယ်လေ။
စိတ်ထဲရှိတဲ့ ပြောစရာစကားတွေ နဲ့ သတင်းတွေကို ရွာထဲ အန်ချ နေတာ။
ရွာထဲ ဝင်မရ မှတော့ မကောင်းသူထိပ်၊ ကောင်းသူထိပ် အနီးရှိ ရာ လူ ကိုဘဲ ပြောရတော့ မပေါ့။
စိတ်ထဲ ငုံ ထားလို့ မှ မရတာ။
ဒီ စနေ က ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းထဲမှာ ပြောလိုက်တဲ့ Speech တွေ လေ။
. ကောင်းလွန်းလို့၊ နားထောင်ရတာ အားရလွန်းလို့ ထပ်ခါ ထပ်ခါ ဖောက်သည်ချ နေလိုက်ရတာ။
. နောက်တော့ သူ့မှာ မခံ နိုင်တော့ တဲ့ အဆုံး
“အိုင့် ကို ဒီလောက် လော်ဘီ လုပ်မနေ နဲ့။ ထောက်ခံပြီးသား။ ဘုန်းတော်ဘွဲ့ သံ တွေ ကိုသာ မကြိုက်လွန်းလို့ ပြောနေတာ၊ တကယ်တော့ စစ်တပ် ကို သာ ရ အောင် လော်ဘီလုပ်”
ဆိုပြီး ပြောပါလေရော။

ဒီတော့ ကိုယ့်မှာ ထပ်ပြောစရာ ရှိလာတော့ ပြောရနိုး၊ ပါးစပ်ပိတ်ရနိုး ဖြစ်နေတုန်း သူ့ဆီက အသံထွက်လာတယ်။
“ရွာထဲ ဝင်မရပါလား တဲ့၊ ဒါကြောင့် သူ့ဆီလာပြီး ပေါက်ပေါက်လှော် နေတာကိုး”တဲ့။
“ဟုတ်တယ်၊ Hard drive ပျက်သွားလို့” လို့ ပြောတာကို ကလေး ကလဲ ကြားလိုက်တော့ “How sad!” တဲ့။
Sad က သူ့ပါပါး နားညည်း နေရတာ ကို လား၊ ရွာ ပျက်သွားလို့ ကို စိတ်မကောင်း တာလားတော့ မသိ။

ထားပါတော့။
အဲဒီ ကနေ အစဆွဲဖို့ ကြိုးတစ်ချောင်း ထွက်လာခဲ့ တယ်။

ဟုတ်ပါတယ်။
တကယ်တော့ ရွှေပြည်ကြီး ထဲ စစ်တပ် နဲ့ သူတို့ မိသားစု လိုမျိုး ကို တစ်ခြား သူ တွေ နဲ့ သီးခြားလို ခွဲပြီး ပြောနေကြတာ တွေ ဒီ ရက် Facebook ထဲမှာ ပိုပိုများလာတယ်။
အခုလောလောဆယ် hot ဖြစ်နေတဲ့ ဦးရွှေမန်း ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှာ မဲ ရခဲ့ပုံ စစ်တမ်းဇယား ထဲ မှာ အဲဒီအချက်ကို ထင်ထင်ရှားရှား တွေ့ခဲ့လိုက်တယ်။
စစ်တပ် နဲ့ မိသားစု များ က နေ ပေးတဲ့ % နဲ့ တစ်ခြား က ရတဲ့ % ပေါ့။
တကယ်လား၊ ဖွဖို့ လုပ်ကြံလား တော့မသိ။
ဘယ်က ဘယ်လို % ဘယ်လောက် တိတိကျကျ ပြောနိုင်အောင် လုပ်ထားနိုင်တဲ့ မဲပေးစနစ် က လက်ဖျားခါဖို့ ကောင်းအောင် တော့ ဖြစ်နေတာဘဲ။
ကြည့်ရင်တော့ ဘာမှမဟုတ် တဲ့ စာရင်းဇယားလေးပါဘဲ။
ဒါပေမဲ့ တစ်မြေထဲနေ တစ်ရေထဲသောက် လူအချင်းချင်း ကို တားပြလိုက်တဲ့ စည်း က ကြောက်ဖို့ကောင်းလှပါတယ်။
ဒီ ရွာထဲ မှာလဲ စစ်တပ် အသိုင်းအဝိုင်း မှာ ကျင်လည် နေသူတွေ ပါမှာပါ။
ကျွန်မ တို့ အချင်းချင်း ဘာများ ကွာ နေလို့ ဒီလို စည်းခြားပြီး ကြည့်နေကြတာလဲ။

ဒါက တစ်ဖက် ကို ကြည့်လိုက်ရင်ပါ။
တစ်ခြားတစ်ဖက်မှာလဲ စစ်တပ်အသိုင်းအဝိုင်း လို့ ပြောလိုက်တာနဲ့ ရန်သူလို ခါးခါးသီးသီး ဖြစ်ပြီး၊ ဆဲ ဆိုနေကြတာ အင်မတန် စိတ်ပျက်စရာပါဘဲ။
. နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရင် အဲဒီ နိုင်ငံ ရဲ့ လုံခြုံမှု အတွက် ကာကွယ်ဖို့ စစ်တပ် လိုပါတယ်။
တိုးတက်ပြီး ပြည်တွင်းပုန်ကန်မှု တွေ မရှိတဲ့ နိုင်ငံတွေ မှာ တောင်မှ စစ်တပ် ထားပါတယ်။
. ဘေးဒုက္ခ တွေ ဖြစ်လာရင် သူတို့ က ပြည်သူလူထု အတွက် ကူညီ ပံ့ပိုးပေးနိုင်ဖို့ အမြဲ အဆင်သင့်ရှိကြရပါတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာများလိုဘဲ စစ်သား ဆိုတာကလဲ ပြည်သူထဲက ပြည်သူ့သားပါဘဲ။
သူတို့ လဲ ဒီ လို သာမာန်လူတွေ ထဲ က ဘဲ လူဖြစ်ခဲ့ရတာပါဘဲ။
ဒါကို ကျွန်မ တို့ အချင်းချင်း ဘာများ ကွာ နေလို့ ဒီလို အမုန်းစည်းခြားပြီး ကြည့်နေကြတာလဲ။

ဒါတင် မဟုတ်သေး။
. မြန်မာပြည်ထဲ မှာ ဗုဒ္ဓဘာသာ မှ မဟုတ်ရင် တိုင်းပြည်ထဲ နေဖို့ မသင့် သလို ဗုဒ္ဓဘာသာ နဲ့ တစ်ခြားဘာသာ ခွဲ ပြန်တယ်။
ဗုဒ္ဓဘာသာ မှ မဟုတ်ရင် မျိုးမချစ် သလို၊ မျိုးမစစ် သလို ခြားထားတယ်။
ဘာသာ၊ သာသနာ ကို ကာကွယ်ဖို့ အသက်တောင်ပေးမဲ့ ဘယ်သူတွေမှန်း မသိနိုင်တဲ့ သူများ လူမှုရေးကွန်ယက်တွေထဲ လေကျယ် လာတယ်။
အဲဒီ User တွေ ဟာ သက်သက်ဖွ ဖို့ လုပ်ထားတဲ့ Account အတုကြီး မှန်းသိသာတယ်။

ပြီးခဲ့တဲ့ အပါတ်ထဲ ကဘဲ ရဲစခန်းရှေ့မှာ ပုဆိုးလှန်ပြီး ဆဲပြနေတဲ့ လူတစ်ယောက် သောင်းကျန်းနေတာ ကို ရိုက်ပြထားတဲ့ ဗီဒီယို ကလစ် တစ်ခု ကြည့်လိုက်တယ်။
. ရွှေသမင် ထွက်လာတာ အင်မတန် သိသာတဲ့ မင်းကြီး ရဲ့ တာ ကမို့ တမင် ကို အသေအချာကြည့်ခဲ့ပါတယ်။
“နည်းပညာအဆင့်မြင့်လှသကွယ်” လို့သာ မှတ်ချက်ပေးချင်ရဲ့။
ဒီလောက် ဝေးတဲ့ နေရာ က ပြောနေတဲ့ မုတ်ဆိတ်နဲ့လူ ရဲ့ အသံ ကို အင်မတန် ကြည်လင် ပြတ်သား အောင် ဖမ်းထားနိုင်တဲ့ ကင်မရာ ဘာအမျိုးအစားလဲ ဆိုတာ သိချင်ရဲ့။
အဲဒါမျိုး ဒီလို နိုင်ငံတွေ မှာတောင် မသုံးနိုင်ဘူး။
. ကြည့်ကြည့်ပါ။
ရိုက်နေတဲ့ နေရာ နဲ့ အဝေးကြီး မှာ ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး ၉၆၉ ကို မိုးမွှန်အောင် ဆဲနေတာ ကို ဗီဒီယို ကြည့်သူ ပရိတ်သတ်ကြီး များ ကြည်လင်ပြတ်သားစွာ ကြားနေရတာပါ။
ပထမကြည့်ရင်း အတော်လေး ကြောင်သွားတယ်။
ဆဲနေတာ ကင်မရာ နားက တစ်ခြားလူ က လားလို့။
. နောက်မှ သဘောပေါက်ပါတယ်။
အဝေးက မုတ်ဆိတ်ဖွား ဆဲဆိုပြီး ပြောနေတဲ့ ဟန် အသံသွင်းယူထားတာလို့။
ဒါတင်မပြီး သေး။ ရဲစခန်း က တာဝန်ရှိသူ နဲ့ မုတ်ဆိတ် တို့ ရဲ့ နှစ်ယောက်ဆိုင် ပြောပွဲ ကလဲ ပြဇာတ်ထဲ က လေသံအတိုင်း စာကျက် ပြီး ပြောနေသလိုပါဘဲ။
ကျွန်မ ရဲ့ ပါစင်နယ် ကောက်ချက်ကတော့ ဒါဟာ “မပီပြင် ရှာတဲ့ ဦးဏှောက်မဲ့ လုပ်ဇာတ်ကြီးပါဘဲ”
သိပ်မကြာပါ။
ထို မုတ်ဆိတ်ကိုယ်တော် ရဲ့ ရှေးတုန်းက ဓာတ်ပုံတစ်ပုံ ကို မြင်ရတော့တာပါဘဲ။

အမှန်တော့ သူတို့ လုပ်နေတာ ဗုဒ္ဓဘာသာဝင် နဲ့ အစ္စလာမ်ဘာသာဝင် များ ကို ရန်စည်းခြား ဖို့ လှုံ့ဆော်ပေးခြင်းပါ။
အဲဒီလို လှုံ့ဆော်ရာမှာ ထိုဘာသာ နှစ်ခု က ဘာသာဝင် များ ပူးပေါင်းပြီး ဖန်တီးပြတာပါ။
ဒါကို အများစု က မြင်နေပြီး ဖြစ်တာမို့ ဒီ မိုင်းဗုံး ကလဲ မပေါက်ကွဲ ဘဲ မအောင်မြင်လိုက်ပါဘူး။

ဒီလိုမျိုး ဟိုလူ နဲ့ ဒီလူ၊ သူ့ အဖွဲ့ နဲ့ ငါ့အဖွဲ့ စည်းတွေခြား ပြီး သွေးဆူ အောင် လုပ်နေတာ ထင်ထင်ရှားရှား မြင်သင့် နေပါပြီ။
လောလောဆယ် ဒီ/ချုပ် ထဲ မှာလဲ အဟောင်း/အသစ် စည်းမခြား ကြပါနဲ့။

အစုခွဲပြီး ထားမှ လိုချင်သလို ပုံသွင်းနိုင်တာ သဘောဝ တရားပါ။
တကယ်တော့ မထူးဆန်းပါဘူး။
မထူးဆန်းတာ ကို အဆန်းလုပ်ပြီး အကွဲ မခံ ကြဖို့ လိုပါတယ်။
အဲဒီလို အကွဲ မခံရ အောင် ပြည်သူ တွေ အားလုံးမှာ ဘုံ ရည်မှန်းချက် တူနေရပါမယ်။

အခု မြန်မာပြည် ထဲ မှာ လက်ရှိ အာဏာရှင် စနစ် ကို မကြိုက် ဘဲ ပုံစံပြောင်းလဲ ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကောင်း တစ်ခု လိုချင်ကြတယ်။
ဒါပေမဲ့ တစ်ဖက်မှာ လက်ရှိ အာဏာရှိ စနစ် ကို ဖက်တွယ်ပြီး အသက်ဆက်ထားချင်သူများလဲ ရှိနေတယ်။
ဟိုဘက်လိုလို ဒီဘက်လိုလို ကြားခွ နေသူများလဲ ရှိတယ်။
ဘာလုပ်ရမှန်းမသိဘဲ အများယောင် ရင် လိုက်ပြီး ယောင် မဲ့သူများလဲ ရှိနေမယ်။

ဒီ အတွက် ကျွန်မ လော်ဘီ လုပ်ပါတယ်။
အင်္ဂလိပ်တိုင်းပြည် မှာတော့ လော်ဘီ ဆိုတာ ပါလီမာန်ကျင်းပ ရာ အဆောက်အဦး ရဲ့ ဟောခန်း (လော်ဘီ) ထဲမှာ ပါလီမာန် မစခင် (သို့) လုပ်အပြီး လူများ စုပြီး စကားပြောကြတဲ့ အချိန် ကိုယ်လိုချင်တာလေး ရ အောင် သက်ဆိုင်သူများ ကို တွန်းတွန်းထိုးထိုးလေး စည်းရုံး ခြင်းပေါ့။
ဂဇက်ရွာ မှာလဲ ရွာ မျက်နှာစာ ပေါ်မှာ စာ တွေ ချချ ပြီး စည်းရုံးပါတယ်။
ဒါပေမဲ့
ကျွန်မ လော်ဘီလုပ်တာ ဒေါ်အောင်ဆန်းစုကြည် အတွက်လဲ မဟုတ်ပါ။
ကျွန်မ လော်ဘီလုပ်တာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက်လဲ မဟုတ်ပါ။
ကျွန်မ လော်ဘီလုပ်တာ ကျွန်မ အတွက် (သို့) ကျွန်မ အမျိုးများ အတွက်လဲ မဟုတ်ပါ။

ကျွန်မ လော်ဘီ လုပ်တာဟာ ရွာထဲ က ရွာသူ/သား တစ်ဦးချင်းစီ ရဲ့ အကျိုးအတွက် လော်ဘီလုပ်ပါတယ်။
တစ်စိမ်း နိုင်ငံ မှာ နေချိန် အဲဒီ အစိုးရ ကို အလုပ်လုပ်အောင်ချုပ်ကိုင် ထား တဲ့ စနစ် ကောင်း တစ်ခု ကို ကျွန်မ ရဲ့ ချစ်သော နိုင်ငံ မှာ ရှိစေချင်လွန်းလို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။
ဥပဒေ ဘောင် ထဲမှာ နေနေသမျှ ဘယ်သူ့ ဘယ်ကို မှ အောက်ကျို့ စရာမလို၊ ကြောက်နေစရာ မလို တဲ့ တရားရေးစနစ် ကို ကျွန်မ ရဲ့ ချစ်သော နိုင်ငံ မှာ ရှိစေချင်လွန်းလို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။
လူသားချင်း စာနာခြင်း ရဲ့ နောက်ကွယ် က ရလာတဲ့ လူအချင်းချင်း အပြန်အလှန် မေတ္တာထားခြင်း၊ အပြန်အလှန်လေးစားခြင်း၊ လူ ကို လူ လိုမြင်ခြင်း စတဲ့ ဗုဒ္ဓရဲ့ ဗြဟ္မစိုတရား ကျွန်မ ရဲ့ ချစ်သော နိုင်ငံ မှာ ပွါးများ ဖို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။
မတရားမှု ကို မျက်ကွယ် မပြုခြင်း၊ အမှန်တရား ကို မြတ်နိုးခြင်း၊ လူ့ကိုယ်ကျင့်သိက္ခာ ကို စောင့်စည်းခြင်း၊ ရိုးသား မှုကို တန်ဖိုးထားခြင်း၊ တိုးတက်မှု အတွက် မှန်ကန်သော နည်းလမ်း သုံးခြင်း တို့ကို  လေကျင့် သင်ကြားပေး ခံရတဲ့ အနာဂါတ်ကလေး များ ရဲ့ ဘဝ ကျွန်မ ရဲ့ ချစ်သော နိုင်ငံ မှာ ရှိစေချင်လွန်းလို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။
လူအချင်းချင်း လှည့်ဖျား မှ ထမင်းဝ ရတဲ့ ဘဝများ၊ အာဏာကို သုံးပြီး မှ အလုပ်ဖြစ်သော ဘဝ များ ကို ကျွန်မ ရဲ့ ချစ်သော နိုင်ငံ မှာ ရှိ စေဖို့၊ ပပျောက်သွားဖို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။
လူတန်းစား ကွာဟ လွန်းပြီး လည်သူစားစတမ်း ကစားပွဲ ရပ် သွားစေ ဖို့ ကျွန်မ လော်ဘီ လုပ်ပါတယ်။

အဲဒီလို အာဏာကို သုံးပြီး မှ စီးပွါးဖြစ် ပြီး ချမ်းသာ ကြွယ်ဝ ငွေ တွေ သုံးမကုန်အောင် အလုပ်ဖြစ်နေတဲ့ သူ မဟုတ်ဘူး ဆိုရင်တော့ အပြောင်းအလဲ တစ်ခု ကို လက်ခံ ပေးကြပါ။
ပံ့ပိုးပေးကြပါ။

စည်းခြား ပြီး တံဆိပ်တပ် ခံ နေရတဲ့ ….
စစ်သား ထဲ က အများ စု ဟာလဲ ဘဝ နေရေး ကို အတော်ရုန်းကန် နေရပါတယ်။
တစ်ခြား ပြည်သူ ထဲ က အများ စု ဟာလဲ ဘဝ နေရေး ကို အတော်ရုန်းကန် နေရပါတယ်။
ဗုဒ္ဓဘာသာဝင်  ထဲက အများ စု ဟာလဲ ဘဝ နေရေး ကို အတော်ရုန်းကန် နေရပါတယ်။
အစ္စလာမ်ဘာသာဝင် ထဲက အများ စု ဟာလဲ ဘဝ နေရေး ကို အတော်ရုန်းကန် နေရပါတယ်။
ဒါတွေ ဟာ စနစ် မကောင်း လို့ပါ။
မတရားမှု တွေ လုပ်လို့ ရ နေတဲ့ စနစ်ဆိုး ကြောင့်ပါ။
ဒီ စနစ် ကို ဖယ်ပြီး တရားမှု တွေကြီးစိုး မဲ့ စနစ် ကောင်း ကို ရ အောင်ပြောင်းဖို့ ရည်မှန်းချက် တွေ တူပေးကြပါ။
စည်းလုံးကြပါ။
မကောင်းသူ ကို သာ မကောင်းမြင် ပြီး ဖယ်ကြပါ။
အားလုံး ကို ဝါးလုံး နဲ့ သိမ်းပြီး မရိုက်ချင်ကြပါနဲ့။
အချိန် သိပ်ပြီး မရှိတော့ပါဘူး။

ဒါထက် စကား မစပ် ….
ကျွန်မ ဘေးက လူ ကို ပေါက်ပေါက်ဖောက်ခဲ့ တဲ့ အထဲ တွေ က အကြောင်းလေး တစ်ခု ပြောဗျစီဦး။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ “အမေစု သမ္မတကြီးဖြစ်ရင်ဘာကို အရင်လုပ်မလဲ” ဆိုပြီး ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦး က မေးခဲ့ သတဲ့။

ဒါကို ဒေါ်အောင်ဆန်းစုကြည် က “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို နံပါတ် (၁) အနေနဲ့ဆောင်ရွက်သွားမယ်” တဲ့။
. နိုင်ငံတစ်နိုင်ငံ မှာ လူတွေ မညီရင်၊ အချင်းချင်း ခွပ် နေရင် ဘယ်အဖွဲ့အစည်း မှ မတိုးတက်နိုင်ဘူး။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေး ကို လုပ်တဲ့ အခါမှာ အားလုံး ပါဝင်စေချင်တယ်၊ ဒါဟာ အရေးကြီးဆုံး အချက် ဆိုတာ ပြည်သူတိုင်း သဘောပေါက်စေချင်တယ်
ပြည်သူ တွေ မပါဝင် မပံ့ပိုး ဘဲ နဲ့ ဘယ်ကိစ္စ မှ မအောင်မြင်နိုင်ဘူး ” တဲ့။

ဒါကြောင့် လော်ဘီ ရရင်တော့ …. ကျွန်မတို့ ကိုယ်ကျိုးစီးပွါး တိုးတက်ကောင်းမွန်နိုင်ဖို့၊ လူကိုလူချင်း အောက်မကျို့ရဖို့ …

ဒီ ၂၀၁၅ မှာ တော့ ဒေါ်အောင်ဆန်းစုကြည် ကို အားလုံးပုံပြီး ယုံလိုက်ကြရအောင်ပါ။ :-)))

CHANGE …. We can BELIEVE in. (ခွက်ဒစ် – အိုBurma)

ပုံ
. လော်ဘီမြ
ဂဇက်ရွာသူ/သား များ ကြီးပွါးတိုးတက်ရေး တာဝန်ခံ

PS –
. လော်ဘီတဲ့လား … လွယ်တာလိုက်လို့ကွယ် …
* ပေါက်ကရ လေးဆယ် ကိုယ့်ဟာကို ဝါ တင်ပေးတတ်ရတယ်။
* သီချင်းဆိုပြတတ်ရတယ်။
* ပုံပြောပြတတ်ရတယ်။
* သမိုင်း ဖော်ပေးတတ်ရတယ်။
* နောက်ဆုံး ဟင်းတောင်ချက်ပြရသေး။  lol:-)))))

Night View Burma

ပြည်သူလူထုက မှောင်အတိထဲမှာ နေရတဲ့နိုင်ငံမျိုးဆိုတာ .. အင်မတန် ရှက်စရာကောင်းတဲ့နိုင်ငံလို့ ကျမတို့ မြင်ပါတယ် …..။ .ဒေါ်အောင်ဆန်းစုကြည်. မော်ကျွန်းမြို့ လူထုဟောပြောပွဲ (၂၆.၇.၂၀၁၅)

မူရင်း ပုံ ကို NASA Website ကို တွင်ကြည့်ပါ။
http://eoimages.gsfc.nasa.gov/…/dnb_land_ocean_ice.2012…

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..