* ဒေါ်ဇီဇီခင်ဇော်
လိုတာ ကို တောင့်တ ရင် အလွယ်လေး နဲ့ ပြည့်တတ် တဲ့ ဇာတာပါလေသလား။ :-))
မနေ့ကတင်ဘဲ ထွဏ်းထွဏ်း သီချင်း တွေ ကို ပြန်နားထောင်တော့ “မရှိတော့ဘူး” ဆိုတာ ကိုလဲ နားထောင်ခဲ့သေးတယ်။
အဲဒါလဲ ကော်ပီ သီချင်းပါဘဲ။
မူရင်းက ဇီချစ်သော “Bon Jovi” ရဲ့  “I will be there for you” သီချင်း ပါ။
Bon Jovi ကလဲ American rock band ပါဘဲ။ (Boy Band  လို့ အလွယ်မပြောရဲ တော့ပါဘု။)
လိဒ်ဂီတာသမား ဘွန်ဂျိုဗီ ရဲ့ အမည်ယူထားတဲ့ အဖွဲ့ ပေါ့။ ဒီ အဖွဲ့ကလဲ ဘုရားသီချင်း တွေ လဲ တော်တော်ဆိုတယ်။

၁၉၈၃ က စတာ အခုထိလဲ နာမည်ရှိ နေတုန်း ဆိုတော့ အတော်လေး ပါရမီထူးတယ် ခေါ်ရမယ်။ သူ့ကြည့်ရတာလဲ အတော်လေး ကြည့်လို့ ကောင်းသေးတယ်။

ငယ်တုန်းက အရီး မောင်လေး များ ဒီ သီချင်းတီးပြီ ဆို “I’ll be there for you  These five words I swear to you ” ဆိုတာ ကို လိုက်ပြီး ဝင်အော် နေကျ သီချင်း။
သူတို့ ဂီတာတီးတော့ လိုက်တီးသေးတယ်။
ကြိုးဖိတော့ လက်ထိပ်တွေ နာတာ ကို မခံနိုင်လို့ အလွယ်လေး နောက်ဆုတ်ပြီး ဆက်မတီး ခဲ့တာ ကို အခု နောင်တ ရ နေတယ်။
သီချင်းတွေလဲကြိုက်တတ်ခဲ့တယ်၊ တီးဖို့ တူရိယာလဲ ရှိခဲ့တယ်။ ကူပြီး သင်ပေးမဲ့ လူတွေလဲ ဘေးမှာ ရှိခဲ့တယ်။
ကိုယ့်လက်ကို အနာခံဖို့ စိတ်မရှိခဲ့ လေတော့ မတတ် ခဲ့ဘူး။
လက်ထိပ်မှာ အစွပ်လေးတပ် လဲ စမ်းတယ်။ မဖြစ်ပါဘူး။
မဟုတ်ရင် ဒီနေ့ မောင်ဂီ နဲ့ ပြိုင်ပြီး ကီးတွေ အကြောင်းကို ပြောနိုင်မှာ။
အခုတော့ ဒီအတိုင်းဘဲ ဗဟုသုတအဖြစ် ယူလိုက်ရတော့တယ်။
ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ ဆရာလေးဂီ။
. မေဂျာ တွေ မိုင်နာ တွေ နဲ့ နဲနဲတော့ ယဉ်ပါး လိုက်ပါသေးရဲ့။
ဖြစ်မလာတာဘဲ ရှိတာ။
ဒီ သီချင်း အကြောင်း သိသင့်သည်များ ကိုရော ဝင်ပြီး မျှ ပေးပါဦး။

ထွဏ်းထွဏ်း က ခရစ်ယာန်ဘုန်းကြီး လုပ်သွားပြီ လားမသိ သူကြီး ရေ။
ဟိုးအရင်ကတော့ သူငယ်ချင်း တစ်ယောက် နဲ့ ဘုရားရှိခိုးကျောင်းချင်း တူတယ် ပြောတာဘဲ။

. မောင်အောင် – အချစ်ရူး ရူး ဖူး မှ၊ အသဲကွဲဖူး မှ လူ ဖြစ်ရကျိုးနပ် မလားဘဲ။ :wink:

ကိုမျိုး – ဒီခေတ်မှာ မိန်းကလေး တွေ က ဦးရေ ပိုများလာတာ ကလဲ တစ်ကြောင်းလို့ ပြောရ ပေမဲ့ ကိုရီးယားကား ယဉ်ကျေးမှု ရဲ့ လွှမ်းမိုးတာ ခံခဲ့ ရတာလဲ ပါပါတယ်။
. ယောကျာင်္းလေးတွေ ဘက်ကလဲ အလွယ်ရတိုင်း မယူသင့်ဘူး လေ။
တစ်ချို့ မိန်းကလေးများ က ရီးစားအပြိုင် အများကြီး ထားရ တာ ကို ဂုဏ်ထင်နေတာမို့ ကိုယ်က အတည်ကြံလဲ သူတို့ က မြဲမြဲတွဲချင်မယ်မထင်။
ဒီတော့ ဒီလို မျိုး မိန်းကလေးတွေ က ကိုယ့်ဆီ ကို ကပ်လာခဲ့ရင် စဉ်းစားပြီး မှ တွဲပေါ့။ မဟုတ်လဲ အသဲကွဲခံနိုင်ရင် တွဲပေါ့။

လူဆိုးလေး ကို ဘန်းပြပြီး အရင်ပို့စ် က မှတ်ချက် တွေ ကို ဒီ မှာ ပေါင်းတင်လိုက်တယ်။
အကြံအဖန် ကာလ မို့ ခွေးလွှတ်ကြပါ။ :-)))))

ထွဏ်းထွဏ်း – “မရှိတော့ဘူး”

ခုံမင်ခဲ့ဘူးတဲ့ အနမ်းတွေများစွာ ဆိတ်သုဉ်းကာ ပျောက်ကွယ်သွားပြီလား
ရင်ခုန်သံများနဲ့ အဆိပ်ပြေညတွေ မနက်လင်းမှ အချစ်တွေ ထပြန်သွား
မင်းမရှိတော့တဲ့ ရွှေရောင်မနက်မှာ အရာရာစိတ္တဇ ဖြစ်နေသလား
ဆုံးရှုံးခြင်း နဲ့ ဝေးကွာခြင်း မုန်တိုင်းကြီး တစ်ခု လို ကိုယ့်ရင်ထဲ
တိုက်ခိုက်ကြ သေကုန်ပြီ အကြင်နာအချစ်များ
အားလုံးပျောက်ကုန်ပြီ မီးခိုးငွေ့အဖြစ်ကောင်းကင်ကို
အချစ်များ တည်နေရာတွေ ရွေ့ကုန်ပြီ
သွားပြီ မရှိတော့ဘူး။
အားလုံး အားလုံး အရည်ပျော်သွား
နှုတ်ဆက် ထွက်လို့ သွားပြီလေ
အချစ်ရဲ့ အနှစ် ရဲ့ အရသာများ သွားပြီ မရှိတော့ဘူး။
အကြင်နာ အနံ့များ အခန်းငယ်ထဲမှာ
ကျန်နေတယ် ကျုပ်တော့ရူးမှာဘဲ
ရှေ့ဆက်ရမဲ့ မနက်ဖြန်များရယ်
ဆိုးဝါးပြီး ဆုတ်ပြတ်ခြောက်ကပ်သွား
ကိုယ်ငိုနေတယ် အသည်းကွဲသွားလို့ဘဲ
အသည်းကွဲလို့ သွားတယ်
ဒါဏ်ရာတွေကို အချစ်က ထားခဲ့တယ်
သိပ်ချစ်ရတယ်
အရာရာဆိုင်တာ မင်းဘဲအချစ်လေး
အဆုံးသတ်ကြည့်တော့ ကိုယ်ရူးပြီဘဲ ဟိုး
အားလုံးပျောက်ကုန်ပြီ မီးခိုးငွေ့အဖြစ်ကောင်းကင်ကို
အချစ်များ တည်နေရာတွေ ရွေ့ကုန်ပြီ
သွားပြီ မရှိတော့ဘူး။
အားလုံး အားလုံး အရည်ပျော်သွား
နှုတ်ဆက် ထွက်လို့ သွားပြီလေ
အချစ်ရဲ့ အနှစ် ရဲ့ အရသာများ သွားပြီ မရှိတော့ဘူး။

Bon Jovi – “I’ll Be There For You”

I guess this time you’re really leaving
I heard your suitcase say goodbye
Well as my broken heart lies bleeding
you say true love is suicide

You say you’ve cried a thousand rivers
And now you’re swimming for the shore
You left me drowning in my tears
And you won’t save me anymore

Now I’m praying to God you’ll give me one more chance, girl

I’ll be there for you
These five words I swear to you
When you breathe I want to be the air for you
I’ll be there for you
I’d live and I’d die for you
I’d steal the sun from the sky for you
Words can’t say what love can do
I’ll be there for you

I know you know we’ve had some good times
Now they have their own hiding place
Well I can promise you tomorrow
But I can’t buy back yesterday

And Baby you know my hands are dirty
But I wanted to be your valentine
I’ll be the water when you get thirsty, baby
When you get drunk, I’ll be the wine

I’ll be there for you
These five words I swear to you
When you breathe I want to be the air for you
I’ll be there for you
I’d live and I’d die for you
Steal the sun from the sky for you
Words can’t say what a love can do
I’ll be there for you

And I wasn’t there when you were happy
I wasn’t there when you were down
I didn’t mean to miss your birthday, baby
I wish I’d seen you blow those candles out

I’ll be there for you
These five words I swear to you
When you breathe I want to be the air for you
I’ll be there for you
I’d live and I’d die for you
Steal the sun from the sky for you
Words can’t say what a love can do
I’ll be there for you

Bon Jovi

Bon Jovi 80

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..