“ပြေ ကွဲ ဇာတ်လမ်း”

 

ပုတီးကုံး

အစည်းပြေ

အစီစီ

မွကြဲ

တစ်ကွဲစီ။

 

မှန်တစ်ချပ်

ကျကွဲကြေ

အစိတ်စိတ်

မွကြဲ

တစ်ကွဲစီ။

 

အချုပ်ပြေသော်

တစစီကွဲ

ဖြစ်မြဲ

ဓမ္မတာ။

ထိပ်ခေါင်ချုပ်

ပြောင်းကြွကြွေ

တစ်စစီ

ကွဲ မကွဲ

အစည်း

ပြေ မပြေ

စိတ်ဝင်စားပါသလေ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

30-7-2015

 

 

 

 

 

 

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1570 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။