DSC0234

နှင်းဆီများနှင့် စီးမျောခြင်း

 

နှင်းဆီလို့ ဆိုလိုက်တာနဲ့ ချစ်ခြင်းရဲ့ သင်္ကေတအဖြစ် အများက သတ်မှတ်ထားမယ်ဆိုတာ ယုံမှားဖွယ်တော့မရှိပါဘူး။ ဒီအယူက ယေဘူရအားဖြင့်တော့ မှန်နိုင်ပေမယ့် တစ်ကယ်တန်းနှင်းဆီမှာ သူ့အရောင်နဲ့သူလိုက်ပြီး ဆင့်ပွား အဓိပ္ပါယ်တွေလဲများစွာရှိနေပါတယ်။ နှင်းဆီအရောင်ကွဲများစွာရှိတဲ့ အထဲမှာမှ အတွေ့များ အမြင်များရတဲ့ နှင်းဆီပန်းများနှင့် သူ့အရောင်နဲ့လိုက်ကာ ဖေါ်ဆောင်နေတဲ့ အဓိပ္ပါယ်တွေကို လက်လှမ်း မှီသလောက် ဖေါ်ပြရမယ်ဆိုရင်

  • အနီရောင် နှင်းဆီ (Red Rose) – အချစ်။ ချစ်ရေးချစ်ရာနှင့် သက်ဆိုင်ခြင်း
  • ပန်းရောင် နှင်းဆီ (Pink Rose) – ချစ်ခြင်း။ ကျေးဇူးတင်ရှိခြင်း။ တန်ဖိုးထားခြင်း။ နားလယ် သဘောပေါက်ခြင်း။
  • အဖြူရောင် နှင်းဆီ (White Rose) – ထိမ်းမြားလက်ထပ်ခြင်း။ ယုံကြည်သက်ဝင်မှု။ ပြန်လည်စတင်ခြင်း။ အပြစ်ကင်းစင်ခြင်း။
  • လိမ္မော်ရောင် နှင်းဆီ (Orange Rose) – တက်ကြွမှု။ စိတ်အားထက်သန်မှု။
  • အ၀ါရောင် နှင်းဆီ (Yellow Rose) – ခင်မင်ရင်းနှီးမှု။ ၀မ်းသာ ပျော်ရွှင်ခြင်း။ ကျန်းမာစေခြင်း။
  • ကြက်သွေးရောင် နှင်းဆီ (Dark Red Rose) – ငုတ်လျှိုနေသော အလှတရား။ ကတိတရားအတွက် သင့်ရှိခြင်း။
  • အနက်ရောင် နှင်းဆီ (Black Rose) – ၀မ်းနည်းစွာ နှုတ်ဆက်ခြင်း။ ဆုံးရှုံးခြင်း၊ သေဆုံးခြင်း။

ဆိုပြီး အသီးသီး အဓိပ္ပါယ်တွေ ဆောင်နေတာကို တွေ့ရပါတယ်။

Utitled

အနီရောင် နှင်းဆီကို အရိုးရှင်းဆုံး အဓိပ္ပါယ်ဆောင်ရရင်တော့ ‘I Love You (မင်းကိုငါချစ်တယ်) ’ လို့ပဲ ပြောရမှာပါ။ ၁၅၀၀ အချစ်နဲ့ ပတ်သက်ပြီး သရုပ်ဖေါ်မယ်ဆိုရင်တော့ နှင်းဆီနီဟာ အကောင်းဆုံးပေါ့။ နှင်းဆီနီကို နက်ရှိုင်းသော ချစ်ခြင်းမေတ္တာတရားကို ဖေါ်ကြူဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ သင်္ကေတအဖြစ် အသုံးပြုလျက်ရှိပါတယ်။

ပန်းရောင် နှင်းဆီဟာ ကျက်သရေရှိတဲ့ အလှတရားကို ဖေါ်ကြူးဖို့ဆိုရင်တော့ အသင့်တော်ဆုံးပါ။ သူ့မှာ ဂုဏ်သတင်း မွှေးပျံ့ခြင်းဆိုတဲ့ ဆင့်ပွားအနက်ကလဲ ကပ်ပါနေသေးတယ်လေ။ စေ့စပ်ကြောင်းလမ်းပွဲတွေ ဂုဏ်ပြုပွဲတွေမှာ အတွေ့များနိုင်တဲ့ နှစ်ဆီတစ်မျိုးပေါ့။ ရှက်သွေးဖြာနေတဲ့ ပါးမို့မို့နဲ့တူတဲ့ နှင်းဆီလေးမို့ အလှတရားရဲ့ သင်္ကေတဖြစ်နေတာပေါ့။

အဖြူရောင် နှင်းဆီဟာ သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားခြင်းကို ကိုးစားပြုနေတယ် ဆိုတာကိုတော့ သိပ်ခက်ခက်ခဲခဲ စဉ်းစားနေစရာ မလိုလောက်ပါဘူး။ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ မေတ္တာတရားဟာ နှင်းပွင့်လေးလို ဖြူစင်ကြောင်း ပြသချင်တယ်၊ ဒါမှမဟုတ် လက်ခံပေးစေလိုတယ်လို့ ရည်ရွယ်ရင်တော့ နှင်းဆီအဖြူဟာ အသင့်တော်ဆုံးပါ။ ပြီးတော့ မင်္ဂလာပွဲတွေအတွက် အကောင်းဆုံးပန်းကလဲ နှင်းဆီဖြူပါပဲ။

လိမ္မော်ရောင် နှင်းဆီကို အသုံးပြုရခြင်းရဲ့ အကြောင်းအရာတွေထဲမှာ ‘I am so proud of you. (မင်းအတွက် ငါဂုဏ်ယူတယ်)’ ဆိုတဲ့ အဓိပ္ပါယ်ဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ကယ်တော့ မြင်ရသူရဲ့ ရင်ထဲမှာ ကြည့်နူးမှုဖြစ်သွားစေနိုင်တဲ့ နှင်းဆီလိမ္မော်မှာ ပြောလို့ မကုန်နိုင်အောင် အဓိပ္ပါယ်တွေက များလွန်းလှပါတယ်။ အလွယ်ကူဆုံးအနေနဲ့ ဆိုရရင်တော့ စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူဝမ်းမြောက်မှုလို့ပဲ သတ်မှတ်ရမှာပါ။ သူ့ကို သီးခြားအဓိပ္ပါယ်နဲ့ အသုံးပြုတဲ့နေရာတွေလဲ ရှိနေပါသေးတယ်။  အကယ်၍များ တစ်စုံတစ်ယောက်ရဲ့ ညှို့ငင်ပြုစားမှုအောက်မှာ ဣနြေ္ဒမဆည်နိုင်အောင် အရူးမူးဖြစ်နေပြီဆိုရင်တော့ ဆွဲဆောင်မှုအားကောင်းတဲ့ လိမ္မော်ရောင်နှင်းဆီလေး သူ့ဆီပို့ကာ အသိပေးလိုက်ပါတော့။

အ၀ါရောင် နှင်းဆီကတော့ ခင်မင်ရင်းနှီးမှုကို ဘယ်တော့မှ မမေ့ပါဘူးဆိုတဲ့ သင်္ကေတအဖြစ် အသုံးများတာတွေ့ရပါတယ်။ အခြား အဓိပ္ပါယ်အနေနဲ့တော့ နွေးထွေးမှုနှင့် ဖြူစင်တဲ့အပြုံးတွေကို ငတ်မွတ်တောင့်တနေပါပြီဆိုတာကို ဖွင့်ဟ ပြသဖို့အတွက် နှင်းဆီအ၀ါကို ပေးပို့ကာ အသိပေးတတ်ကြပါတယ်။

ကြက်သွေးရောင် နှင်းဆီကတော့ အလွယ်တကူ မြင်လွယ်ခြင်းမရှိတဲ့ အလှတရားတွေကို သရုပ်ဖေါ်ဖို့ သင့်တော်ဆုံးပါ။ သူ့ဆီမှာက နားလည်ရခက်တဲ့ ဆွဲဆောင်မှုတွေရှိနေတယ်လေ။ အကယ်လို့များ လူတစ်ယောက်ဟာ တစေ့စေ့ကြည့်လေ တစ်ရေးရေးပိုလှလာလေဆိုတာတဲ့ အဓိပ္ပါယ်ကို ဆောင်ချင်တယ်ဆိုရင်တော့ ကြက်သွေးနှင်းဆီကိုသာ အသုံးပြုလိုက်ပေါ့။ ဒါမှမဟုတ် ချစ်သူနှစ်ဦးရဲ့ကြားက ရှင်းပြဖို့ခက်တဲ့ နားလည်မှု သံယောဇဉ်ကို ကိုယ်စားပြုဖို့အတွက်လဲ ဒီနှင်းဆီကိုပဲ သုံးနိုင်တာပါပဲ။

အနက်ရောင် နှင်းဆီကို အပြင်မှာတွေ့ရဖို့ဆိုတာဟာ အတော်ကိုမဖြစ်နိုင်တဲ့အရာပါ။ သို့ပေမယ် နတ်သမီးပုံပြင်တွေထဲမှာ တွင်ကျယ်စွာ သုံးနှုန်းထားမှုတွေကြောင့် ယနေ့ခေတ်လူငယ်များ အကြားမှာတော့ ခေတ်စားလျက်ရှိပါတယ်။ အများအားဖြင့်တော့ ၀မ်းနည်းပူဆွေးမှုဆိုင်ရာ နေရာတွေမှာ နှင်းဆီနက်နဲ့ သရုပ်ဖေါ်ကြပေမယ့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအတွက်လဲ နှင်းဆီနက်ကို အသုံးပြုကြပါသေးတယ်။

ဒါတွေကတော့ နှင်းဆီပန်း နှင့်သူ့ရဲ့ အရောင်များ ကိုယ်စားပြုတဲ့ အဓိပ္ပါယ်တွေပါ။

ပြောလက်စနဲ့ မိမိချစ်သူကို နှင်းဆီပန်းစီး လက်ဆောင်ပေးရာမှာ အပွင့်အရေအတွက် ပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ အဓိပ္ပါယ်တွေ အကြောင်းလဲ အကျဉ်းလေး ပြောပါရစေ။

  • နှင်းဆီ ၁ပွင့်။ ။ “မြင်မြင်ချင်း ချစ်မိခဲ့တာပါ”
  • နှင်းဆီ ၂ပွင့်။ ။ “ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်မယ်”။ အပြန်အလှန် ခံစားနားလယ် မိခြင်း။
  • နှင်းဆီ ၃ပွင့်။ ။ “ကိုယ်မင်းကို ချစ်နေကြောင်း အသိပေးပါရစေ”
  • နှင်းဆီ ၅ပွင့်။ ။ “ကိုယ်မင်းကို အရမ်းချစ်တယ်”
  • နှင်းဆီ ၆ပွင့်။ ။ “ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လိုလွမ်းကြောင်း ပြောပြချင်တယ်”
  • နှင်းဆီ ၇ပွင့်။ ။ “အရမ်းစွဲလမ်းနေပြီ”
  • နှင်းဆီ ၉ပွင့်။ ။ “မခွဲအတူ နေကြမယ်”
  • နှင်းဆီ ၁၀ပွင့်။ ။ “အရမ်းလှတယ်”
  • နှင်းဆီ ၁၁ပွင့်။ ။ “မင်းဟာ ကိုယ့်ရဲ့ ရတနာတစ်ပါးပါ”။ နက်ရှိုင်းသော အချစ်ကို ဖေါ်ကြူးခြင်း။
  • နှင်းဆီ ၁၂ပွင့်။ ။ “စိတ်ချထားပါ”
  • နှင်းဆီ ၁၃ပွင့်။ ။ “ထာဝရ သူငယ်ချင်းပါ”။ လျှို့ဝက် အချစ်။
  • နှင်းဆီ ၁၅ပွင့်။ ။ “တစ်ကယ်ကို စိတ်မကောင်းပါဘူး”
  • နှင်းဆီ ပွင့်၂၀။ ။ “ကိုယ်ဟာ မင်းအတွက်”
  • နှင်းဆီ ၂၁ပွင့်။ ။ “ကတိပေးပါတယ်”
  • နှင်းဆီ ၂၄ပွင့်။ ။ “နှလုံးသားထဲမှာ အမြဲရှိတယ်” “အချိန်တိုင်း သတိရနေပါတယ်”
  • နှင်းဆီ ၃၆ပွင့်။ ။ “ကြည်နူးစရာကောင်းတဲ့ နေ့ရက်တွေကို သတိရနေမှာပါ”
  • နှင်းဆီ ပွင့်၄၀။ ။ “စစ်မှန်သော ချစ်ခြင်း”
  • နှင်းဆီ ၄၄ပွင့်။ ။ “ခိုင်မြဲသော အချစ်အတွက် ကတိပြုပါတယ်”
  • နှင်းဆီ ပွင့်၅၀။ ။ “အချစ်ကြောင့် နောင်တမရစေရပါဘူး”။ အချစ်ကို သရုပ်ဖေါ်ခြင်း။
  • နှင်းဆီ ပွင့်၁၀၀။ ။ “အမြဲချစ်သွားမယ်”
  • နှင်းဆီ ၁၀၁ပွင့်။ ။ “မှတပါး အခြားမရှိ”
  • နှင်းဆီ ၁၀၈ပွင့်။ ။ “ကိုယ့်ကို လက်ထပ်ပါ”
  • နှင်းဆီ ၃၆၅ပွင့်။ ။ “နေ့ရက်တိုင်း ချစ်နေမယ်”
  • နှင်းဆီ ၉၉၉ပွင့်။ ။ “ကမ္ဘာကုန်တိုင်အောင် ချစ်ပါ့မယ်”
  • နှင်းဆီ ၁၀၀၁ပွင့်။ ။ “ထာဝရမြဲမယ့် ချစ်ခြင်းသစ္စာ”

အထက်မှာ ဖေါ်ပြခဲ့တာတွေကတော့ နှင်းဆီပန်း အပွင့်အရေအတွက် ပေါ်မူတည်ပြီး ပြောင်းလဲသွားတဲ့ အဓိပ္ပါယ်လေးတွေပါ။ ယနေ့ခေတ်မှာ ချစ်သူနှစ်ဦးအကြား နှင်းဆီပန်း လက်ဆောင်ပေးခြင်း အလေ့အထဟာ တွင်ကျယ်လာခဲ့ပြီဖြစ်ပေမယ့် အပွင့်အရေအတွက် ပေါ်မူတည်ပြီး ပေးသူကတော့ အနည်းငယ်မျှသာရှိပါလိမ့်မယ်။ အပွင့်ရေများတိုင်း ကောင်းတယ်လို့သတ်မှတ်ပြီး ပန်းတွေပေးနေမယ်ဆို ၁၀၈ပွင့်သာပေးခဲ့မိရင် အတော်ကို မတော်တဲ့ အဓိပ္ပါယ်ကြီး ဖြစ်သွားနိုင်ပါတယ်။ တစ်ကယ်လို့ ကိုယ့်ချစ်သူက ဒီအဓိပ္ပါယ်ကို နားလည်နေတဲ့သူဖြစ်နေလို့ကတော့ “လက်ထပ်ကြတာပေါ့”လို့ အပြောခံရနိုင်တာပေါ့။ ပြီးတော့ ကိုယ်ဘာကြောင့် ဒီပန်းလေးပေးရတယ် ဘာအတွက် ဘယ်နှစ်ပွင့်ပေးရတယ် ဆိုတာကတော့ သိထားသင့်တဲ့ အရာတွေပါ။ ကာယကံရှင်ကိုယ်၌က မသိရင်တောင် ပန်းစီးရောင်းတဲ့ဆိုင်များက ရှင်းပြ ပြောပြသင့်ပါတယ်။ အရေအတွက်က အရေးမကြီးဘူးဆိုရင်တော့ နှင်းဆီ ၂ပွင့် သို့မဟုတ် ၅ပွင့်နဲ့တင် လုံလောက်နေပါပြီ။

နှင်းဆီများဖြင့် ခံစားချက်ကို အဓိပ္ပါယ် ဖေါ်နိုင်ကျပါစေ။          ။

Courage

 

References –

http://www.proflowers.com/blog/rose-colors-and-meanings

http://www.roseforlove.com/the-meanings-of-rose-colors-ezp-22

http://www.roseforlove.com/the-meanings-of-the-numbers-of-roses-ezp-46

 

Courage

About Courage

has written 44 post in this Website..