ခွင့်လွှတ်နားလည်တတ်ခြင်း၊ ကတိတည်ခြင်းတွေဟာ အိမ်ထောင်ရေးရဲ့ လျှိ့ဝှက်ချက်တွေပါ ဆိုတဲ့ ယူရီနဲ့ တွေ့ဆုံခြင်း
|1463- Hits|

ယူရီနှင့် ခွန်မယ်ထီး
ဒီတစ်လအတွက် လိင်တူ လက်ထပ်ထိမ်းမြားခြင်း ဟူသော ခေါင်းစဉ်နဲ့ အထူးအင်တာဗျူး ကဏ္ဍလေးကိုတော့ ကရင်အမျိုးသား အဆိုတော် ယူရီနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။ ယူရီဟာ ထိုင်းနိုင်ငံ အတွင်းမှာ ထိုင်းလူမျိုး ချစ်သူလေးနဲ့ နှစ်ဖက်မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေ အားလုံးရဲ့ သဘောတူညီချက် အပါအ၀င် ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်သည့် အလျှောက် သင်းအုပ်ဆရာရဲ့ ရှေ့မှောက်မှာ တရားဝင် လက်မှတ်ရေးထိုး လက်ထပ်ထားပြီးတဲ့ လိင်တူချစ်သူ တယောက်ပဲ ဖြစ်ပါတယ်။
နာမည်လေးတွေကို စာဖတ်ပရိသတ်ကို တချက်လောက် မိတ်ဆက်ပေးပါဦး။
ကျွန်တော့်နာမည် ယူရီလို့ ခေါ်ပါတယ်။ ကျွန်တော့် ဘ၀လက်တွဲဖော် နာမည်ကတော့ ခွန်မယ်ထီး လို့ ခေါ်ပါတယ် ခင်ဗျား။
ဘယ်အချိန်ကစပြီး ချစ်သူနှစ်ဦး ဆုံတွေ့ခဲ့ကြတာလဲ။ စတွေ့တွေ့ချင်း ရင်တွင်းခံစားချက် လေးတွေကိုလည်း ပြောပြပေးပါအုံး။
လွန်ခဲ့တဲ့ လေးနှစ်လောက်က စတွေ့ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်က မဲဟောင်ဆောင်မှာ တာဝန်ကျနေတာ။ မဲဟောင်ဆောင်မြို့ ဆိုတာလည်း ကျဉ်းကျဉ်းလေးဘဲလေ။ တစ်မြို့လုံးနဲ့ ကျွန်တော် သိပါတယ်။ တစ်ညနေ သူငယ်ချင်းရဲ့ ဆိုင်ထဲမှာ အစားအသောက် သွားဝယ်ရင်းနဲ့ မထင်မှတ်ဘဲ မြို့ခံမဟုတ်တဲ့ လူစိမ်းတစ်ယောက်နဲ့ ဆုံမိသွားကြတာ။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီး မျက်လုံးတွေတောင် ပြာသွားတယ်။ ဒီလောက် ချောတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ရင်တအား ခုန်နေတာလည်းပေါ့။ နောက်ပိုင်းမှ ပြန်မေးကြည့်လိုက်တော့ သူ့ဘက်ကလည်း အဲဒီလိုမျိုး စ စတွေ့ခြင်းမှာ ခံစားလိုက်ရပါတယ်တဲ့။ သူက နောက်တော့မှ ပြောတယ် ကျွန်တော့်ကို မြင်မြင်ချင်းဘဲ ချစ်မိသွားတာတဲ့။
ဘယ်လို အခြေအနေကနေ စပြီးတော့ လက်ထပ်ထိမ်းမြားဖို့ကို စဉ်းစားမိလာတာလဲ။ ဘာဖြစ်လို့လဲ။
ရည်းစားဘ၀နဲ့ တစ်နှစ်လောက် ကြာလာတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်။ ဒီတစ်နှစ်အတွင်းမှာ ဘာသာစကား မပေါက်လို့၊ အခက်အခဲရှိလို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေလွဲပြီး မကြာခဏ ရန်ဖြစ်ရလေ့ရှိတယ်။ သို့သော် အမြဲတန်း သူအရှုံးပေးပြီး ပြဿနာကို သေးအောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်ကို သူ အရမ်းချစ်တယ်။ စိတ်ချမ်းသာအောင် အမြဲထားတယ်။ ဒါက ပထမ အချက်ပေါ့နော်။ ဒုတိယ အချက်အနေနဲ့ ကျွန်တော်တို့ဆိုတာ တစ်ချိန်ကျရင် အသက်တွေ ကြီးလာတော့မယ်။ အဲဒီအခါမှာ တစ်ဦးနဲ့ တစ်ဦး အမှီသဟဲတွေ လိုလာတဲ့ အချိန်မှာ ဘ၀လက်တွဲဖော်ဆိုတာ အရေးကြီးတဲ့ အခန်းကနေ ပါလာပါပြီ။ ဒါကြောင့် တစ်သက်လုံး လက်တွဲမယ့် တစ်ဘ၀စာ လက်တွဲဖော် လိုနေတယ်လို့ ယူဆမိလို့ပါ။ တတိယ အချက်အနေနဲ့ ပေါ့နော် လူတွေ တော်တော်များများရဲ့ အမြင်မှာ လိင်တူချစ်သူတွေဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် အင်မတန်မှ ရှုပ်ကြသော၊ တွေ့သမျှ ယောက်ျားကို မြူဆွယ်ပြီး လိင်ဆက်ဆံချင်ကြသော၊ တစ်ဦး တစ်ယောက်တည်းကို မည်သည့်အခါကမျှ စွဲစွဲမြဲမြဲ မချစ်တတ်သော၊ သစ္စာမရှိသော လူတွေလို့ မြင်ကြ ထင်ကြပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ လိင်တူချစ်သူ ဆိုသည်မှာ ထိုသို့ဖြစ်ပါသည် ဆိုတဲ့ အဲဒီအစွဲကြီးကို မှားနေပါတယ်၊ လောကကြီးမှာ သစ္စာရှိတဲ့ လိင်တူချစ်သူတွေလည်း အများကြီးရှိပါတယ် ဆိုတာကို သိစေချင်လို့ပါ။ စတုတ္ထအချက်ကတော့ ကျွန်တော် တစ်လင်တစ်မယား စနစ်နဲ့ တစ်ဦးကိုတစ်ဦး အမြဲချစ်မယ့် အတည်တကျ သာယာတဲ့ အိမ်ထောင်ပြုချင် နေလို့ပါ။

ဆွေမျိုးများနှင့် ယူရီတို့ မင်္ဂလာမောင်နှံ
လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာရော ဘယ်လိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲ။
အဆိုးဆုံးကတော့ ပတ်ဝန်းကျင် ရိုက်ခတ်မှုပါ။ ကျွန်တော်က သီချင်းလေး ဘာလေးလည်း ဆိုတယ်၊ အရင်တုန်းကလည်း လေယဉ်မောင်ချုပ် ၁၀နှစ်လောက် လုပ်ခဲ့တယ်။ အမေကလည်း ဘာသာရေး တက္ကသိုလ်မှာ ဆရာမလုပ်တယ်။ အသင်းတော်မှာ သင်းထောက် အဖြစ်လည်း ပါဝင် လုပ်နေတယ်။ လက်ထပ်တော့မယ်ဆိုတော့ နှစ်ဖက် မိဘကို ပြောပြကြတာပေါ့။ အားလုံးက သဘောတူကြပါတယ်။ သို့သော် ပတ်ဝန်းကျင်က လက်မခံဘဲ ဒါမှားနေတယ်။ ယူရီ နင် မိန်းမကိုဘဲ ယူရမယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပေါ့။ အမေက ပြောတယ် သားကြီး၊ ပတ်ဝန်းကျင်ကို ဂရုစိုက် မနေပါနဲ့တဲ့။ ကိုယ်မှန်တယ် ထင်တာကို သတ္တိရှိရှိနဲ့သာ လုပ်ပါတဲ့။ ဟုတ်တယ် ကျွန်တော်တို့ သတ္တိရှိရှိနဲ့ ပတ်ဝန်းကျင်က ဖြစ်စေချင်နေတဲ့ ပုံစံနဲ့ ကွဲလွဲပြီး လက်ထပ်ခဲ့ပါတယ်။ အခုတော့ အားလုံး မဟုတ်တောင် တော်တော်များများက ကျွန်တော်တို့  စုံတွဲကို လက်ခံနေကြပါပြီ။
လက်ထပ်ပွဲ ပြုလုပ်ကျင်းပတဲ့နေ့က အဖြစ်အပျက်လေးကို ပြန်ကြည်နူးပြပါအုံး။
ကျွန်တော်က မဲဆောက်မှာ သူက ချင်းမိုင်မှာ ရုံးစိုက်ကြတယ်ပေါ့။ လက်ထပ်ဖို့ ဟိုတယ်ခန်းမတွေ ငှါး၊ သင်းအုပ်ဆရာတွေဖိတ်၊ အ၀တ်အစားတွေ ငှါး စသဖြင့် ကျွန်တော်က မအားလို့ သူ အကုန်လုပ်တာပေါ့။ စနေနေ့ လက်ထပ်မယ်ဆိုတော့ ကျွန်တော်က သောကြာနေ့ ညနေမှ ချင်းမိုင်ကို ရောက်တယ်။ ကျွန်တော်လည်း ပျော်နေတာနဲ့ လက်ထပ်ရင် ဘာဝတ်မလဲဆိုတာကို မေ့နေတာရယ်။ လက်ထပ်ဖို့နီးလာတော့ မိတ်ကပ်ဆရာတွေ က အ၀တ်အစားတွေ ယူလာတော့မှဘဲ ကြည့်လိုက်မိတယ်။ အောင်မလေး သကြားမင်း ၀တ်စုံနဲ့ဗျို့။ အတောင်တွေ အတက်တွေ နဂင်း နဂက်တွေနဲ့၊ အဲဒါတွေကို ကြည့်ရင်းနဲ့ မူးမိုက် လဲကျတော့ မတတ်ပဲ။ ဒါနဲ့  ကဲ ဒါတွေတော့ မ၀တ်နိုင်ဘူး အသစ်ရှာမယ် ဆိုတော့လည်း အချိန်က နီးနေပြီ။ ၀တ်လည်း မ၀တ်ချင်ဘူး။ ဒါနဲ့ ကဲ အပေါ်အင်္ကျီတွေ အကုန်ချွတ်၊ အောက်က ပုဆိုး လေးရယ် ကျန်တဲ့ အပေါ်က တန်ဆာ ပလာလေး နည်းနည်း ရယ်နဲ့ဘဲ ထွက်မယ်လို့ ဆုံးဖြတ်လိုက်ရတယ်။ ရယ်လည်းရယ်ရတယ်။ ဒါနဲ့ ဒီလိုဘဲ ပွဲထွက်ဖြစ်သွားတယ်။ ကျွန်တော်တို့ က လူ ၅၀ လောက်ဘဲ ဖိတ်ထားသော်လည်း လူ ၂၀၀ လောက် လာကြလို့ အခန်းထဲမှာ စားပွဲတွေ ခင်းတဲ့လူကခင်း ဘူဖေးတွေ ပွဲထပ်ဖြည့်တဲ့ လူက ဖြည့်နဲ့ ရောက်ရက်တွေ ခတ်လို့။ အခန်း အပြင်ဘက်မှာကလည်း ထိုင်းသတင်း လိုင်းအမှတ် ၃နဲ့ လိုင်းအမှတ် ၇ ကလည်း သတင်းလာယူဖို့ မီးတွေ တ၀င်းဝင်း ကင်မရာတွေ တစ်ပြင်ပြင် ဖြစ်နေလို့ ရိုက်ကူးထုပ်လွှင့်ဖို့ အခွင့်မပေးနိုင်ကြောင်း ဟိုတယ်ကို ပြောခိုင်းနဲ့ မင်္ဂလာပွဲစဖို့ တီးလုံး စမြည်တော့မှ ဣနြေ္ဒလေးနဲ့ တစ်လှမ်းခြင်း ထွက်လာနိုင်ခဲ့ပါတယ်။ သင်းအုပ်ဆရာက လက်ထပ်လက်စွပ်ကို ကိုင်ပြီး ကောင်းချီးပေး ဆုတောင်း နေချိန်၊ တစ်ဦးနဲ့တစ်ဦး တစ်သက်လုံး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ ဖျားနာသည်ဖြစ်စေ သေသည်အထိ ချစ်ခင်စွာဖြင့် သစ္စာရှိပါမည်လို့ ကျမ်းကျိန် သစ္စာပြုတဲ့ အချိန်၊ နှစ်ဖက်မိဘ ညီအစ်ကို မောင်နှမများမှ ထိုင်းရိုးရာအရ နဖူးပေါ်မှာ အစက်လေးတွေ လာတို့ပြီး အသိအမှတ် ပြုတဲ့အချိန် ဒီအချိန်တွေကို ကျွန်တော် ဘယ်တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်သလို ကျွန်တော့် အိပ်မက်တွေ အကောင်အထည် ပေါ်ခဲ့တဲ့ နေ့တစ်နေ့အဖြစ် အမြဲတန်း ကြည်နူးမိနေမှာပါ။
လိင်တူချစ်သူနှစ်ဦး ပေါင်းဖက်ရခြင်းမှာ ဘယ်လိုမျိုး အခက်အခဲတွေကို ကျော်လွှားခဲ့ရလဲ၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နေနိုင်အောင် ဘယ်လိုမျိုး နားလည်မှုတွေ နှီးနှောတိုင်ပင်မှုတွေ ညှိနှိုင်းတိုင်ပင်မှုတွေကို လုပ်ဆောင်ခဲ့ရလဲ ဆိုတာပြောပြပါဦး။
ဘာသာ စကား မတူ၊ လူမျိုးမတူ၊ အတွေးအခေါ်မတူ၊ ပတ်ဝန်းကျင် မတူ၊ ပညာရေး အဆင့်အတန်းလည်း မတူ၊ ကိုးကွယ်မှုလည်း မတူ၊ မတူတာတွေ အများကြီး ထဲကနေ တစ်ဦးနဲ့တစ်ဦး နားလည်အောင် တည်ဆေက်ခဲ့ရတာ တည်ဆောက်နေရတာ တွေဟာ ကျွန်တော်တို့ နှစ်ယောက်အတွက် အကြီးမားဆုံး အခက်အခဲပါဘဲ။ ကျွန်တော်က ထိုင်းလို မရမက သင်ယူတယ်၊ နားလည်အောင် လုပ်တယ်၊ သူလည်း မြန်မာလို နားလည်အောင်လုပ်နဲ့ တော်တော်ပင်ပန်းပါတယ်။ နှစ်ဖက်မိသားစု တွေဆီကို သွားလည်ရင်လည်း သူ့မိသားစုနဲ့ ကိုယ် အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ရတာလည်း ခက်ခဲပါတယ်။ ဒါတွေကတော့ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပေါ့နော်။ လမ်းမှာတွေ့ရင် ရိုက်သတ်မယ်ဆိုတာမျိုး၊ ညကျရင် အိမ်ကို မီးလာရှို့မယ်ဆိုတာမျိုး၊ ဖုန်းထဲကနေ ဆဲတာမျိုးတွေကတော့ သာမန် ရင်ဆိုင်ရတဲ့ အခက်အခဲတွေပါ။ ဒီလို အခက်အခဲနဲ့ ကြုံလာတိုင်း ကျွန်တော်တို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေတာလည်း ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖလှယ်ကြပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကိုလည်း နှစ်ယောက်သား တိုင်ပင်ကြပါတယ်။ တစ်ဖက်က အခြေအနေ တင်းမာနေရင် ကျန်တဲ့တစ်ဖက်က လျှော့ပေးပါတယ်။ တစ်ယောက်က မှားနေရင် ကျန်တဲ့တစ်ယောက်က ဘာကြောင့် မှားတယ်လို့ ယူဆသလဲ ဆိုတာကို အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ခွင့်လွှတ်ပါတယ်။ လူဆိုတာ အမှားနဲ့ မကင်းတဲ့ သတ္တ၀ါတွေ ဖြစ်ကြတော့ ကျွန်တော်တို့ နှစ်ယောက်လည်း မှားတဲ့အခါတော့ မှားကြမှာဘဲလေ။ ဒါကို ကျန်တဲ့ တစ်ယောက်ကလည်း နားလည်ခွင့်လွှတ်ပြီး အမှားလုပ်တဲ့ တစ်ယောက်ကလည်း နောင်ကို ထပ်မမှားဖို့ ကြိုးစား ကြပါတယ်။ ဘယ်လို ပြဿနာတွေ ပေါ်ပေါ်၊ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတော့ နောက်ဆုံး အားလုံးအဆင်ပြေ သွားကြပါတယ်။
အခုလို အောင်အောင်မြင်မြင်နဲ့ လက်ထပ်ထိမ်းမြားဖို့ အဆင့်ထိရောက်အောင် အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်နိုင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်က ဘာလဲ။
ခွင့်လွှတ်နားလည်တတ်ခြင်း၊ ကတိတည်ခြင်း စတာတွေဟာ ကျွန်တော်တို့ ၂ယောက် အိမ်ထောင်ရေး အဆင်ပြေခြင်းရဲ့ အဓိက လျှို့ဝှက်ချက်တွေပေါ့။

မင်္ဂလာအခမ်းအနားမှ ယူရီတို့မောင်နှံ
တချို့ လူတော်တော်များများက ပြောကြတယ်။ လိင်တူချင်း လက်ထပ်ထိမ်းမြားတဲ့ သူတွေက ကြာရှည်တည်မြဲစွာ ပေါင်းဖက်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကလေးမမွေးနိုင်လို့ ဆိုတဲ့ အမြင်ပေါ်မှာရော အစ်ကိုတို့ရဲ့ ခံယူချက် ထင်မြင်ယူဆချက်လေးတွေကို သိပါရစေ။
ကျွန်တော်တို့ အနေနဲ့ကတော့ ဒီအချက်က သိပ်မဆိုင်သလိုဘဲဗျ။ အခု ကျွန်တော်တို့  နှစ်ဦးပိုင်ဆိုင်တဲ့ အိမ်လေးရယ် ခြံလေးရယ် ရှိတယ်။ ကျွန်တော်တို့မှာ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိတယ်။ ကျွန်တော်တို့ကို အပြည့်အ၀ နားလည်ပေးတဲ့ နှစ်ဖက် မိဘ မောင်နှမတွေ ရှိတယ်။ ကျွန်တော်တို့ကို လက်ခံတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ရှိတယ်။ အထူးသဖြင့် ကျွန်တော့်မှာ နွေးထွေးပြီး ကြင်နာတတ်တဲ့ ဘ၀လက်တွဲ ဖော်ရှိပါတယ်။ ကျွန်တော့် ဘ၀ဟာ ပြည့်စုံနေပါပြီ။ ကျွန်တော့်မှာ နွေးထွေးတဲ့ မိသားစုလေး ရှိနေပါပြီ။ ကျွန်တော့်မှာ ကလေးမရှိလည်း ကျွန်တော့် ဘ၀ကို ကျွန်တော် ကျေနပ်နေပါတယ်။ ကိုယ့်ဘ၀ ကိုယ့်ဖြစ်တည်မှုကို ကျေနပ်နေရင်၊ လက်ခံတတ်ရင် လောကကြီးက သာယာနေပါတယ်ဗျာ။
လူတွေ အတော်များများမှာ ထင်မြင်ယူဆချက် တစ်ခုရှိတယ်။ လိင်တူချင်း အတူတကွ လက်ထပ်မယ်ဆိုရင် တယောက်က မိန်းမပုံစံ နောက်တယောက်က ယောက်ျားပုံစံ နေရမယ်လို့ လူတွေရဲ့ ရှေးရိုးစွဲ ထင်မြင်ယူဆချက် အပေါ်မှာရော အစ်ကိုတို့ ဘယ်လိုခံယူလဲ။ အစ်ကိုတို့ နှစ်ယောက်ကြားထဲမှာရော အဲလိုမျိုး သတ်မှတ်မှုရှိလား။ ဘယ်လိုမျိုးပုံစံနဲ့ သွားကြတာလဲ ဆိုတာကို စာဖတ်ပရိသတ်ကို ပြောပြပေးပါဦး။
အဲဒါ မှားတယ်ဗျ။ လိင်တူအချင်းချင်း လက်ထပ်မယ်ဆိုရင် တစ်ယောက်က မိန်းမပုံစံ နောက်တစ်ယောက်က ယောက်ျားပုံစံ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တရားသေ သတ်မှတ်ချက်က မှားတယ်ဗျ။ ကျွန်တော်တို့ လောကမှာ ယောက်ျားပုံနဲ့ လိင်တူချင်း ကြိုက်နှစ်သက်တဲ့ လူတွေအများကြီးပါ။ ဥပမာ ကျွန်တော်ဆိုရင် မိန်းမပုံနဲ့ ဘယ်လိုမှ နေလို့ထိုင်လို့  မတတ်ဘူး။ နေလည်း မနေချင်ဘူး။ ကျွန်တော့် အိမ်ထောင်ဖက်ကလည်း အဲဒီလိုဘဲ။ မိန်းမပုံနဲ့ နေကြတဲ့ လိင်တူချစ်သူ တွေလည်း ရှိကြပါတယ်။ ဒါကတော့ လူတစ်မျိုးမှာ အကြိုက်တစ်မျိုးစီကိုးဗျ။ ကျွန်တော်တို့ နှစ်ယောက် ကြားမှာတော့ သတ်မှတ်ချက် မရှိပါဘူး။ စာဖတ် ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်ဆိုရင် လိင်တူချစ်သူတွေကို အဓိက သုံးမျိုးခွဲထားပါတယ်။ အကြိုသက်သက် (Bottom)၊ အကြိုလည်းရ ပို့လည်းရ (Versatile)၊ ပို့သက်သက် (Top) ဆိုပြီးတော့ ရှိပါတယ်။ အဲဒီ သုံးမျိုး သုံးစားစလုံးထဲမှာ မိန်းမပုံနဲ့လည်း ရှိတယ် ယေက်ျားပုံနဲ့လည်း ရှိတယ်။ ကဲ စဉ်းစားကြည့်လိုက်တော့။ ဆိုတော့ကာ ၀တ်ပုံစားပုံ (မိန်းမပုံ ၊ ယောက်ျားပုံ) ကြည့်ပြီး သူ့ရဲ့ လိင်စိတ်ကိုင်းညွတ်မှု အခြေအနေကို ခန့်မှန်းလို့ မရပါဘူး။
မြန်မာပြည်မှာ တချို့ လိင်တူချစ်သူတွေ အချိန်အကြာကြီး (တချို့ဆို သေသည့်တိုင်အထိ) အတူတကွ နေထိုင်သွားတာရှိတယ်။ ဒါပေမယ့် သူတို့တွေ လက်ထပ်ထိမ်းမြားခြင်း မပြုခဲ့ကြဘူး။ ဒါပေမယ့် အနောက်နိုင်ငံ တော်တော်များများမှာ တရားဝင် လက်ထပ်ထိမ်းမြားခြင်းကို ပြုကြတယ်။ ဘာဖြစ်လို့ သူတို့တွေက လက်ထပ်ထိမ်းမြား ရတာလဲ ဆိုတဲ့ အမြင်အပေါ်မှာလည်း ပြောပြပေးပါဦး။
တကယ်တော့ လက်မထပ်လဲ ချစ်နေလို့ ရတာဘဲလေ၊ လက်ထပ်လိုက်တော့ကော ဘာထူးမှာလဲလို့ သူငယ်ချင်းတွေက ပြောပြောနေကြတယ်။ ကျွန်တော့် အမြင်ကတော့ လက်ထပ်လိုက်ခြင်းဟာ ဒီလူတစ်ယောက်ကို တစ်သက်လုံး ချစ်ပါမယ်လို့ ပတ်ဝန်းကျင်ကို သက်သေထားပြီး ကိုယ်ချစ်တဲ့ လူရဲ့ စိတ်လုံခြုံမှုကို ပေးလိုက်တာပါဘဲ။ ဒီစိတ်လုံခြုံမှု မရှိတာကို ကျွန်တော်တို့ လိင်တူချစ်သူများမှာ တော်တော်များများ ခံစားဖူးကြမှာပါ။ ဘယ်အချိန် သူများနောက် ပါသွားမလဲ၊ ဘယ်အချိန် စနှိုက်ကျော်တွေ ရောင်းခံရမလဲ ဆိုတဲ့ မလဲ မလဲ တွေ တော်တော်များများ ရင်တထိပ်ထိပ်နဲ့ ဖြစ်ရပါတယ်။ လက်ထပ်လိုက်ခြင်းအားဖြင့် သူ့ကို ကိုယ်က တရားဝင် ပိုင်ဆိုင်သွားပါတယ်။ သူများနောက် ပါသွားသည် ဆိုစေအုံး ကိုယ့် လက်မှတ်မပါရင် ကွာရှင်းဖို့ မဖြစ်နိုင်ပါဘူး။ စိတ်လုံခြုံမှုကို ရရှိစေပါတယ် ဆိုတာကတော့ ပထမအချက်ပါ။
ဒုတိယအချက်အနေနဲ့ နှစ်ဖက် မိဘ မောင်နှမတွေ ပါဝင်လာခြင်းပါ။ ကိုယ်ဘာကို လုပ်လုပ် နှစ်ဖက် မိသားစု မျက်နှာကို ပြန်ကြည့်ရပါတယ်။ ကိုယ်လုပ်တဲ့ ဟာတွေက တစ်ခါတစ်ရံမှာ သူ့မိသားစုကိုပါ သွားထိခိုက်တတ်ပါတယ်။ လက်ထပ်ပြီးရင်တော့ နှစ်ဖက်မိသားစုနဲ့ အဆင်ပြေအောင် ကိုယ့်ကိုယ်ကို အလိုလို ထိန်းသိမ်းဖြစ်သွားပါတယ်။
တတိယအချက်ကတော့ တရားဝင် လက်ထပ်လိုက်ခြင်းအားဖြင့် ဥပဒေရဲ့ ကာကွယ်မှုနဲ့အတူ မတော်တစ်ခုခု ဖြစ်ခဲ့ရင် ကျန်ခဲ့တဲ့ လူအတွက် နစ်နာမှု လျှော့နည်းသွားပါတယ်။ ဥပမာ လိင်တူချစ်သူ နှစ်ယောက် ချစ်ကြပြီး အတူတူနေ စီးပွားအတူတူလုပ်၊ တစ်ဦးက သေတော့ လုပ်သမျှ စီးပွားတွေကို သေတဲ့ဘက်က အမျိုးတွေကလာသိမ်း၊ ကျန်တဲ့ တစ်ယောက်က ဒုက္ခတွေရောက် စသဖြင့်ပေါ့လေ ဖြစ်တတ်ပါတယ်။
မြန်မာပြည်မှာကတော့ ဥပဒေအရ အခွင့်မပေးလို့ လက်မထပ်ဘဲ ဒီအတိုင်း နေသွားကြတာပါ။ ဥပဒေများသာ လက်ထပ်ဖို့ ခွင့်ပေးလို့ကတော့ မြန်မာပြည်မှာ လိင်တူချစ်သူတွေ တအုံးအုံးနဲ့ လက်ထပ်လိုက်မယ့်ဖြစ်ခြင်း။

ယူရီ
အစ်ကိုတို့ ချစ်သူနှစ်ယောက်မှာရော ကလေးယူဖို့ အစီအစဉ်ရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုမျိုး စဉ်းစားထားလဲ စီစဉ်ထားလဲဆိုတာကို ပြေပြပေးပါဦး။
လောလောဆယ်တော့ အစီအစဉ် မရှိသေးပါဘူး။ နှစ်ယောက်လုံးက အလုပ်တွေ သိပ်များကြလို့ပါ။ ကျွန်တော်တို့ ကလေးယူဖို့ အဆင်သင့် မဖြစ်ကြသေးပါဘူး။
နောက်ဆုံးအနေနဲ့ သက်တံ့ရောင် စာဖတ်ပရိသတ်တွေနဲ့ မြန်မာပြည်က လိင်တူချစ်သူတွေကို ပေးချင်တဲ့ စကားလက်ဆောင်လေးကိုလည်း ပြောပြပေးပါဦး။
အခြင်းခြင်း စည်းလုံးကြပါ၊ ကူညီကြပါ၊ ဖေးမကြပါ၊ သစ္စာရှိကြပါ။ လူအများရဲ့ အထင်အမြင်သေးခြင်း၊ နှိပ်ချ ဆက်ဆံခြင်းမှ ကင်းဝေးအောင် ဂုဏ်သိက္ခာနှင့် ပြည့်စုံပြီး ပတ်ဝန်းကျင်မှ အတုယူ လေးစားအပ်သော လိင်တူချစ်သူများ ဖြစ်ကြရအောင် အဖက်ဖက်မှ ကြိုးစားကြပါလို့ စကားလက်ဆောင် ပါးချင်ပါတယ်။ အားလုံးသော လိင်တူချစ်သူများ လိုအင်ဟူသမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
သက်တံ့အယ်ဒီတာအဖွဲ့
23/August/2010
http://www.coloursrainbow.com/index.php?option=com_content&view=article&id=380&joscclean=1&comment_id=357#josc357
Related posts:
- ဗြိတိန်ပါလီမန်က ပထမဦးဆုံးလိင်တူချင်း လက်ထပ်ထိမ်းမြားပွဲအခမ်းအနားကို ပြုလုပ်ပေး
- ကောလာဟလဆိုတာ အချိန်တန်ရင် ပျောက်ပြယ်သွားမှာပါဆိုတဲ့ မိုးယုစံနှင့် တွေ့ဆုံခြင်း
- လက်ကိုင်ဖုန်းတစ်လုံးရဲ့လှို့ဝှက်ချက်တွေ
- တောင်အမေရိကတိုက်မှာ လိင်တူ လက်ထပ်ထိမ်းမြားခြင်း ခွင့်ကို အာဂျင်တီးနား နိုင်ငံက ပထမဦးဆုံး တရားဝင် အတည်ပြု
- သက်တံ့အယ်ဒီတာထံသို့ ရင်ဖွင့်လွှာ (၁)


သနာစရာအလွန်ကောင်တဲ့လူတွေလို့မြင်ပါတယ်၊ပုံမှန်မဟုတ်တဲ့စိတ်လို့ထင်ပါတယ်၊
ဗုဒ္ဓဘာသာအရ၀ဠ်တမျိုးပါဘဲ။
Was this answer helpful?
LikeDislikeတကယ်တမ်းပြောရရင် တော့ လုံးဝအမှားကြီးလို့မြင်ပါတယ်။
ဒီလိုသဘာဝမကျဘဲမှားနေတာကို တခမ်းတနားလုပ်ပြနေတာကလဲ ထပ်မှားနေတာပါ။
ထပ်ပြောရရင် ဒီလိုအရေးမပါ အသုံးမ၀င်တာကိုဖတ်ပြီးမှတ်ချက်တွေပေးမိတဲ့ကျနော်ကလည်းမှားတဲ့ထဲပါနေပြန်ပါတယ်။
ဘာလို့လဲဆိုတော့ အချိန်ကုန်အကျိုးမရှိတာကိုလုပ်မိလို့ပေါ့ဗျ။
Was this answer helpful?
LikeDislikeသူငယ်ချင်းတယောက် ပြောဖူးတဲ့ တကဲ့အဖြစ်အပျက် ဟာသလေးတခုပါ။ သူတို့မြို့မှာ လိင်တူဆက်ဆံတာ နှစ်သက်တဲ့ ဆယ်ကျော်သက် အခြောက်လေး တဦးရှိပါတယ်။ သူ့အကိုကတော့ စစ်ဗိုလ်ပါ။ တညမှာခွင့်နဲ့ပြန်လာတဲ့ အကိုက မူးမူးနဲ့ ညီဖြစ်သူကိုခေါ်ပြီး ဟိတ်ကောင် မင်းမှာရှိတဲ -ီး ကဘာလုပ်ဖို့လဲလို့ မေးတော့ သူကကြောက်ကြောက်နဲ့ ပြန်ဖြေတာက သေး..သေးပေါက်ဖို့ပါတဲ့.။ အကိုက ဒေါသထွက်ပြီး ရိုက်လားပုတ်လားနဲ့ ထပ်မေးလည်း ညီလုပ်သူက သေးပေါက်ဖို့ဆိုတဲ့ အဖြေကနေ မပြောင်းပါဘူး။ နောက်ဆုံးတော့ စစ်တပ်ထဲမှာ မ တထောင်သားတွေကို အုပ်ချုပ်လာတာဆိုတဲ့ စစ်ဗိုလ်ကြီးလည်း သူညီနဲ့ကြမှ လက်လျှော့ခဲ့ရတယ်ဆိုပါတယ်။
ွ
Was this answer helpful?
LikeDislikeလုံးဝလုံးဝ သဘာဝတရားနဲ့ ဆန့်ကျင်နေသလို၊ ခရစ်ယာန်ဘာသာရဲ့ သမ္မာတရားနဲ့လည်း ဆန့်ကျင်နေပါတယ်၊ ကျိန်းသေတာကတော့ ဒီလူတွေ ငရဲပြည်ကို ဗီဇာရဖို့ ကျိန်းသေနေပါပြီဗျာ…
Was this answer helpful?
LikeDislikeလုံးဝရှံ့ ချသင့်တဲ့ ကိစ္စမျိုးပါ ။
“အစ်ကိုတို့ ချစ်သူနှစ်ယောက်မှာရော ကလေးယူဖို့ အစီအစဉ်ရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုမျိုး စဉ်းစားထားလဲ စီစဉ်ထားလဲဆိုတာကို ပြေပြပေးပါဦး။” ဆိုတဲ့မေးခွန်းကလည်းသဘာဝကိုလွန်ဆန်နေသလိုပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ရင်းနဲ့တောင် ရွံလာတယ် ။
Was this answer helpful?
LikeDislikeမဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာဘဲ ရှိတယ်ဆိုတော့ ပြောဖို့ခက်သား….
မြန်မာယောင်္ကျားစစ်စစ်ကြီးဖြစ်နေတာကတာ့ ကြားရတာမကောင်းလှဘူး
Was this answer helpful?
LikeDislikeလောကကြီးမှာ ဖန်ဆင်းထားတာ ယောကျာ်းနဲ့မိန်းခလေး နှစ်မျိုးဘဲဖန်ဆင်း ထား တာပါ။ ကျန်းမာရေးချို့ယွင်းလို့ မိန်းမ စိတ်ပေါက်တာယောကျာ်းလေး စိတ်ပေါက်
်တာကို လက်ခံပေမဲ့ အတူတူနေလောက်အောင် ခွင့်ပြုတာတော့ လက်မခံနိုင်ဘူး။ ဘာသာတရားအရဘဲ ကြည့်ကြည့်ဘယ်လိုမှလက်မခံနိုင်ဘူး။ ကလေးပါယူမယ်ဆိုတော့ပိုဆိုး… သဘာဝတရားကိုလွန်ဆန်နေကြတာ… ဘုရား အရွံ့ဆုံးအလုပ်ဘဲ…
Was this answer helpful?
LikeDislikeဘာမှကိုမပြောချင်တော့ဘူး
စိတ်လေတယ်…ဘာတွေလဲ..ငပေါတွေ…
Was this answer helpful?
LikeDislikeထူးဆန်းလို့ဖတ်ကြည့်လိုက်တာ………ဘာပြောရမှန်းတောင်မသိတော့ဘူး…
ကိုယ်ထင်ခုတင်ရွှေနန်းဆိုသလိုဖြစ်နေပြီ……….
Was this answer helpful?
LikeDislikeခင်ဗျားသုံးတဲ့ စကားပုံမှားနေတယ်ဗျ။ အမှန်က ကိုယ်ထင် ကုတင်ရွှေနန်း။
ကျုပ်တို့မြန်မာတွေ နိုင်ငံခြားရောက်တော့ ညဖက်အိပ်ရင် ခြင်ထောင်မလို၊ မွေ့ယာကလည်း ကောင်းတော့ ရွှေနန်းတော်ထဲက ကုတင်ပေါ် အိပ်ရတယ်လို့ ထင်ကြလို့ ဒီစကားပုံပေါ်လာတာ။
ဗိုလ်ရွှေမန်းခေတ်တုံးကတော့ ငှက်ကဌ ဗိုလ်သန်းရွှေကြောင့် ကိုယ်တင် ခုတင်ရွှေမန်း ဆိုလား ဆင်တူယိုးမှား စကားပုံတခု ပေါ်ခဲ့ဖူးတယ်။
Was this answer helpful?
LikeDislikeကုတင် ခြေလေးချောင်း
Was this answer helpful?
LikeDislikeကလေးကို ဘယ်သူကယူမှာလဲ . . . အငှားမွေးမှာပေါ့နော် . . .
Was this answer helpful?
LikeDislike