မိုးရယ် ရပ်တန့်ပေးပါ

အလွမ်းဆွေ ရွာတဲ့မိုးကြောင့်
စမ်းရေမငြိမ်သက်ပေဘူး
စခန်းတွေ လေထန်လေရော့သလားလေ

တို့ဘဝတွေ ပန်းခရေလို မြေမှာကျဲပြန်ပေါ့
မသနားစိမ်းကားကာ ရွာတဲ့မိုးကြောင့်
စားစရာအသာထား ပြေးရှာကာရှောင်ပုန်းမယ်
မိုးရယ် ခဏလေးတော့ ရပ်ပေးပါလားကွယ်

ဥတုရာသီတောကိုမှီတဲ့ ပြောဖူးတဲ့ရှေးစကား
တောတောင်ရယ်ပျောက်လေပြီပေါ့
ခုအခြေအနေမလှပေဘူး ဘဝတွေ ခါးခဲ့ပါပြီ

ကြမ္မာရယ် ဆန်းကြယ်ပြီမို့ အတိတ်ကံအခြေပြောင်းအောင်
တို့တစ်တွေဆုတောင်းလိုက်ပါတယ်
မိုးရယ် ရပ်တန့်ပါစေသား

ကာရံ ၇့ ၈့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..