My Note :::::
* မုန်တိုင်း ကာလ ထဲ သမိုင်းကျန်ခဲ့ အောင်ပါ။
* ဒီချုပ် အတွက် ကိုယ်စားလှယ်လောင်းများထဲ မှာ ကျန်သူများ မပါတာ Fair enough  ပါ။
* ဒီ အမျိုးသမီး ကို ချန်ခဲ့တာကတော့  လုံးဝကို Fair  မဖြစ်ပါ။

* ကိုယ့်ထောက်ခံတာ မှန်မမှန်  တစ်နေ့မှာ ဒီ အဖြစ်အပျက် တွေ ကို ပြန်ပြီး လည်ပြန် လှည့်ကြည့်ချင်ပါသေးရဲ့။
* ဒါကြောင့် ဒီစာစု ကို ရေးပါတယ်။

++++++++++++++++++

Nyo Nyo Thinn  : 06 July 2015
မိတ်ဆွေတော်တော်များများက ကျွန်မကိုမေးကြပါတယ်။ NLD ကိုယ်စားလှယ် အဖြစ် အရွေးမခံရတာဘာကြောင့်လဲတဲ့။ အခုလာမဲ့ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလ အနေနဲ့ NLD ကိုယ်စားလှယ်လောင်းနဲ့ ယဉ်ပြိင်သွားဖို့ရှိပါသလားတဲ့။ ဒါမှ မဟုတ်ရင် NLD ရဲ့ ပြိင်ဖက်ပါတီတွေနဲ့ သွားရောက်ပူးပေါင်းဖို့ အစီအစဉ်ရှိပါသလားလို့ မေးကြပါတယ်။

NLD ကိုယ်စားလှယ်အဖြစ်ဘာကြောင့် အရွေးမခံရတာလဲ ဆိုတာကတော့ NLD ၏ CEC ကိုဘဲမေးသင့်ပါတယ်။
ကျွန်မအနေနဲ့ကတော့ ကိုယ်သင်ကြားတတ်မြောက်ထားတဲ့ ဥပဒေ ပညာနဲ့ ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်တာခြင်းအတူတူ ပြည်သူချစ်တဲ့ အမေစု ဦးဆောင်မှူ့ အောက်မှာ တိုင်းပြည်နဲ့လူမျိုးအတွက်က ပထမ နဲ့
NLD ပါတီပိုပြီးအောင်မြင်တိုးတက်ဖို့က ဒုတိယ ဆိုတဲ့ ခံယူချက်ထားပြီး၊ NLD ပါတီဝင်မိတ်ဆွေတော်တော်များများရဲ့ ဖိတ်ခေါ်တိုက်တွန်းချက်ကို လေးစားပြီး NLD ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံပေးဖို့ လျောက်လွာတင်ခဲ့တာပါ။
NLD ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူများဟာလည်း ထီပေါက်သလိုပျော်ရွင်နေကြမယ်လို့လည်း ကျွန်မ မထင်မြင်ပါဘူး။ သူတို့တွေဟာလည်းမကြာခင်မှာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကြောင့် ပင်ပန်းကြရမဲ့သူတွေပါ။
အခုလာမဲ့ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလ အနေနဲ့ NLD ကိုယ်စားလှယ်လောင်းနဲ့ ယဉ်ပြိင်သွားဖို့ရှိပါသလားဆိုတာကတော့ ကျွန်မအနေနဲ့ စဉ်းစားနေတုန်းပါဘဲ။
အကယ်၍ NLD ကိုယ်စားလှယ်လောင်းနဲ့ ယဉ်ပြိင်ရမယ်ဆိုရင်တော့ ကျွန်မကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို မေတ္တာရပ်ခံတိုက်တွန်းသွားမှာပါ။
အမေစုရဲ့ အရှိန်အဝါက ကြီးမားလို့ NLD ကိုယ်စားလှယ်လောင်းကို နာမည်မသိတောင် မဲပေးမဲ့သူတွေက အများကြီးရှိမှာပါ။
ကျွန်မရွေးကောက်ပွဲ မဝင်ဖြစ်ခဲ့ရင်တော့ ကျွန်မကိုယ်တိုင် NLD ကိုယ်စားလှယ်လောင်းကိုသာမဲပေးမှာပါ။
ကျွန်မရဲ့ မဲဆန္ဒနယ် မဟုတ်တဲ့ အခြားနယ်တွေမှာလည်း NLD ကိုမဲပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းသွားမှာပါ လို့ ကျွန်မကိုဝိုင်းဝန် ထောက်ခံကြတဲ့ ပြည်သူလူထုကို အသိပေးတင်ပြလိုက်ပါတယ်ရှင် –

Nyo Nyo Thinn : 07 July 2015
ကျွန်မရဲ့ မိတ်ဆွေအများစုနဲ့ ကျွန်မကိုထောက်ခံခဲ့ကြသော ထောင်ပေါင်းများစွာသောပြည်သူ လူထု၏ (feed back) တိုက်တွန်းပြောဆိုချက်တွေကို လေးစားသောအားဖြင့် ကျွန်မ၏ မဲဆန္ဒနယ်မြေဖြစ်သော ဗဟန်းမြို့နယ် မှ (တစ်သီးပုဂ္ဂလကိုယ်စားလှယ်) ပြည်သူ့လွတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်အရွေးခံရန်ဆုံးဖြတ်လိုက်ပါသည်။
Source from – https://www.facebook.com/nyo.thinn.7

 

+++++++++++++++++++++++
My Note ::::::
* ဒေါ်ညိုညိုသင်း ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ထင်ပါတယ်။ အောင်မြင်ပါစေ။
* ဒေါ်အောင်ဆန်းစုကြည် လဲ နားလည်မှာပါ။ ဒီချုပ် အနေ နဲ့ နောင်အနာဂါတ် မှာ ဒီလို အဖြစ်အပျက်မျိုး မှ သင်ခန်းစာ ယူနိုင်ကြပါစေ။
* ဒီချုပ် မှ တာဝန်ရှိသူများ Flexible မလုပ်နိုင်ရင်၊ မလုပ်တတ်ရင် အများနဲ့ ဆက်ဆံရာမှာ အရှုံး ဖြစ်ပါလိမ့်မယ်။
လွှတ်တော်ထဲ လူတော် တစ်ယောက် ကို မဆုံးရှုံးစေချင်ပါ။ အစိုးရဖွဲ့ဖို့ ဆိုတာ ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ ဗဟန်း အတွက်ကိုတော့ ဒေါ်ညိုညိုသင်း ကို ဘဲ မဲ ပေးကြစေချင်ပါတယ်။ 

ဘာလို့လဲ ဆိုတော့
(၁) သူ့ ရဲ့ စေတနာကို အလုပ် နဲ့ လက်တွေ့ပြနေသော အတွေ့အကြုံရှိ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်နေ၍ ဖြစ်သည်။
(၂) သူ့ ဘက်က ညှိနှိုင်းပေးခဲ့သည်။
(၃) ဒီချုပ် မှ တစ်ဇွတ်ထိုးဆရာကြီး များ ရှိနေခဲ့ပါလျှင် သင်ခန်းစာယူ တတ်ရန် ဖြစ်သည်။

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..