ဒါဇင်ပလပ်စ်အဖွဲ့မှ ၄ရက် သြဂတ်စ် ၂၀၁၅
ည ကိုးနာရီတွင် ရန်ကုန်မြို့မှာ စတင်ထွက်ခွါပြီး
၅ရက် သြဂတ်စ် နေ့လည် ၁၂ နာရီတွင် မကွေး
မြို့သို့ရောက်ရှိခဲ့ပါသည်။
မကွေးမြို့တွင် လှူဒါန်းရန် ဝယ်ယူသော
ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အိမ်ထောင်စု ၃၀၀ အတွက်
တစ်အိမ်ထောင်လျှင်. . .

၁.ဆန် တစ်ပြည်
၂.ဆီ ၂၀သား
၃.ငါးသေတ္တာ ဘူးကြီး၃ဘူး
၎. ခေါက်ဆွဲခြောက် ၅ထုပ်
၅. ကွေကာ ၁၀ထုပ်
၆.ဓါတ်ဆား၅ထုပ်
၇.ဖယောင်းတိုင် အကြီး ၃ထုပ်
၈.မီးခြစ်၁ဘူး
၉.ဓါတ်မီး (၂တောင့်ထိုး) ၁လက်
၁၀.ရေသန့်ဆေး ၁ထုပ်
၁၁.မိုးကာစ ၃ပေ ၁စ
၁၂.ဖူဂျီဆပ်ပြာ ၃ထုပ်
၁၃. အမျိုးသမီးသုံးပစ္စည်း ၁ထုပ်
၁၄.အတွင်းခံဘောင်းဘီ ၂ထည်
ခန့်မှန်းခြေ တစ်အိမ်ထောင်လျှင် တစ်သောင်းကျပ်ခန့်
ဖြစ်ပါသည်။

Before Packing

After Packing

ကျားဝတ် မဝတ် ခလေးဝတ် အဝတ်အစား
အနည်းငယ်ကိုလဲ လှူဖြစ်တဲ့ရွာတွေကို
မျှပေးခဲ့ပါသည်။

ရွာအရေအတွက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁) ပေါက်စုရွာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်
၂) ချွန်းစုရွာ အိမ်ထောင်စု၂၀၀ ဝန်းကျင်
၃)ဖိုးပေါက်စုရွာ အိမ်ထောင်စု ၁၅၀ ဝန်းကျင်
၎) သာယာကုန်းရွာ အိမ်ထောင်စု ၁၅၀ ဝန်းကျင်

အိမ်ထဲတွင် ရေများနေရွေ့ လမ်းပေါ်တွင် လူများနေသည်

အိမ်တိုင်ရာရောက် လိုက်ပို့သည်

မကွေးမြို့နဲ့အနီးတဝိုက်ဒေသများဖြစ်သည့်
စေတုတ္တရာ ပွင့်ဖြူ ကျောင်းတော်ရာ စသည့်
နေရာများသို့ သွားရောက်လှူဒါန်းသူ များ
အများ အပြားရှိပါသည်။ ကျေးရွာအများစုမှာ
ကုန်းတွင်းပိတ်ဖြစ်ရွေ့ ဆည်ရေသောက်
ဒေသများဖြစ်သည့်အလျောက် သယ်ယူ
ပို့ဆောင်ရန် စက်လှေ အခက်အခဲရှိပါသည်။
ကျောင်းတော်ရာမှမကွေးသို့ ၃နာရီခရီးရှိပါသည်။

ကို့ရွာသူားတွေအတွက် တနိုင်တပိုင် သယ်ကြသည်

မကွေးမှ ပြည်သို့ ညတွင်းချင်းဆက်လက်ထွက်ခွါလာရာ
ပြည်မြို့သို့ မနက်ဆယ်နာရီ ခန့်တွင်ရောက်ရှိပီး
မြန်အောင်သို့ ညနေ၃နာရီခွဲကျော်ကျော်တွင်
ရောက်ရှိပါသည်။
မှော်ဆရာတို့ အဖွဲ့ လာကြိုရွေ့ဝေဠုဝန်ကျောင်း
၌ ခေတ္တ နေရာချပြီး မြန်အောင်မြို့
အနီးတဝိုက်ရှိ ရေမြုပ် နေသော ကျေးရွာများ
အခြေအနေကိုစုံစမ်းရာ အောက်ပါအတိုင်း
ဖြစ်ပါသည်။

*************—–*********************
မြန်အောင်မြို့ ပဲတခွဲအုပ်စု မဲကင်းချောင်ကျေးရွာ
မှ ကျွဲများ နေရာရွှေ့ဖို့ အခက်ခဲ ဖြစ်နေပြီး
ရေထဲမှာ မတ်တပ်နေရတာ သုံး လေးရက်ကြာ
ပြီဖြစ်ကြောင်း . . .
ကျေးရွာနေ လူထုအတွက်လဲ
စားသောက်စရာနဲ့ ရေသန့်များ အရေးတကြီး
လိုအပ်နေကြောင်း . . နယ်ခံ ကယ်ဆယ်ရေး
အဖွဲ့ဝင်များထံမှ သတင်းရရှိပါသည်။

ဒါဇင်ပလပ်စ်အနေနဲ့ လက်ကျန် အလှူငွေ
၁၃သိန်းဘဲ ရှိတော့တာကြောင့် အောက်ပါစာ
ရင်းအတိုင်း အိမ်ထောင်စု ၃၀၀ စာ လှူ ဒါန်းရန်
ရည်ရွယ်ထားပါသည်။
၁) ရေသန့် ၆လုံး
၂) သီးစုံဓါတ်ဆား ၃ထုပ်
၃) ခေါက်ဆွဲခြောက် ၅ထုပ်
၎) ကွေကာ ၁၀ထုပ်
၅) ဖယောင်းတိုင် ၃ထုပ် မီးခြစ်၁လုံး
ခန့်မှန်းခြေ ၄၅၀၀ကျပ် ဝန်းကျင်ဖြစ်ပါသည်။

ယနေ့ သွားရောက်မည့် ကျေးရွာများ
အခြေနေကို ဓါတ်ပုံနှင့်တကွ ဆက်လက်
တင်ပြပါမည်။
ယခုပို့စ်ကို မြန်အောင်မြို့မှ ရေးပါသည်။
၈ရက် သြဂတ်စ် စနေနေ့ နံနက် ၆း၀၆ နာရီ

လှူဒါန်းခဲ့သော ကျေးရွာများ မှာ…

၁) ဇီးကုန်းကျွန်းကျေးရွာ
၂) ပြင်စုကျေးရွာ
၃) သုံးဆယ်ကျွန်းကျေးရွာ (၁/၂)
၎) နှစ်ကျပ်ကျွန်းကျေးရွာ (၁/၂)
၅) အောင်ဘာလေကျေးရွာ
၆) တစ်ကြိုးခွဲကျေးရွာ

ပန်းတောင်းမြို့အ၀င်လမ်းတစ်နေရာ

တီရှပ်ပေါ်တွင် Caricature ဆွဲပေးခြင်းဖြင့် ရေဘေးသင့်ပြည်သူများအတွက် အလှူခံ

မှော်ဆရာနှင့်အဖွဲ့အား ကျေးဇူးတင်ပါသည်

တစ်ရွာဝင်တစ်ရွာထွက်

သယ်နိင်သမျှအကြီးဆုံးလှေက၁၄ပေထက်မကျော်

ကျေးဇူးတင်ပါသည်

Edited by

ရွှေအိ
(13th Aug 2015)

Shwe Ei

About Shwe Ei

Shwe Ei has written 44 post in this Website..