ရေနံ့က ရွံ့စရာလိုလို
တစိမ့်စိမ့်တက်လာတဲ့ရေက ရက်စက်တဲ့မျက်နှာ
စားတော့ဝါးတော့မယ်ဆိုတဲ့ မာန်နဲ့
အိမ်အမိုးထိအောင်တက်လာတဲ့ ကြမ်းကြုတ်ဟန်တွေ
ငါတို့တွေသစ်ပင်မခုတ်ကြဘူး
ငါတို့တွေကြေးနီမတူးဘူး
ငါတို့တွေ ဧရာဝတီကို ချစ်ခဲ့ကြတယ်
တို့ဘိုးတို့ဘွားတွေ ဥတုရာသီတောကိုမှီခဲ့ကြတယ်
ဖေါက်ပြန်တဲ့လူတန်းစားကိုမုန်းတယ်
ဖေါက်ပြန်တဲ့ ဥတုကိုမုန်းတယ်
ညမှောင်မှောင်ထဲ ရေတွေထပ်တက်လာမလား
မြွေဆိုးတွေ အိမ်ပေါ်တက်လာမလား
ရေဘေးရဲ့နိပ်စက်ချက်
အိပ်ဖို့ခက်တယ်။
ငိုသံတွေ
စိုးရွံ့နေတဲ့မျက်နှာ ဖြူရော်ရော်
မိသားစုတွေထမင်းလက်ဆုံစားလို့
မနေ့ကပျော်ရွှင်ခဲ့တာ အိပ်မက်လား
ရေကအဓမ္မသယ်ဆောင်သွားလို့ သေကွဲကွဲခဲ့ရ
ကမ်းလင့်နေတဲ့လက်တွေ
အော်ခေါ်နေတဲ့ အသံတွေ
ကလေးတွေရဲ့ ဆာလို့ငိုသံတွေ
ပင်လယ်လိုရေပြင်ကြီးပေါ်
သောကတွေထင်းလိုစည်းလို့ မီးဖိုလိုက်မိပါတယ် ။
ထက်ဝေး

About htet way

has written 133 post in this Website..