## သုဘရာဇာမှူးကြီးနှင့် သင်္ချိုင်းစောင့်တပ်ဖွဲ့ ##

ဘိုက် ညာ …… ဘိုက် ညာ .… ဘိုက် ညာ …ဘိုက် …… ( ဘယ် ညာ ဘယ်ညာ ဟုအော်ခြင်းဖြစ်သည် )

.…” ဘာ လုပ် နေလဲ “”


… “” လေ့ ကျင့် နေတယ် … ”

.…” ဘာ လုပ် ဖို့လဲ ” …

…… ” အလောင်းးတွေမြှုတ် ဖို့ ” ……
…… “”


… ” ဘယ်သူ့အတွက်လဲ …”

… ” ပြည်သူ့ အတွက်ဘဲ … ဘိုက်ညာ …… ဘိုက်ညာ …… ဘိုက်ညာ … ဘဲ … “”

……”” တပ်ဖွဲ့ ဒိ (တပ်ဖွဲ့သတိ )””

… “ပေါက်တူးးးး တင် ”

” … တိတ် နှိတ် သုံ … တိတ် နှိတ် သုံ တိတ် … ” ( တစ် နှစ် သုံး … တစ် နှစ် သုံး တစ် )

…… ” ပေါက်တူးးးးးး ချ ” .…

” တိတ် နှိတ် သုံ …… တိတ် နှိတ် သုံ တိတ် ” …… ( တစ် နှစ် သုံး … တစ် နှစ် သုံး တစ်) ……

အထက်ပါ ကဲ့သို့ အမှတ်စဉ်ရေတွက်၍ ပေါက်တူးရေး ပြနေသောအသံများကားးး သုဘရာဇာသံချောင်းနေထိုင်ရာ ” ပေါရိသာဒ” သင်းင်္ချိုင်းအတွင်းမှထွက်ပေါ်လာလေသည် ။
အကြောင်းမှာ ………
မကြာသေးမှီ ကာလကပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်တကွ ကျန်းမာရေးဌါနများသို့ တပ်မတော်မှအရာရှိကြီးများ ပြောင်းရွှေု့လာခဲ့ကြသည် ။
ထို့အတူ သံချောင်းတို့၏ မသာမြှုတ်နှံရာဖြစ်သော “ပေါရိသာဒ” သင်းချိုင်းသ်ို့လည်း သုဘရာဇာလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက်
တပ်မတော်မှအရာရှိကြီးတစ်ဦးရောက်လာခဲ့လေတော့သည် ။

ထိုအချိန်မှစ၍ သံချောင်းတို့ သုဘရာဇာများမှာ နံနက်စောစောထ၍ P T ပြေးရခြင်း ၊ ပေါက်တူးတင် ပေါက်တူးချ အမှတ်စဉ်ရေတွက်မှုအားညီညာစွာလေ့ကျင့်ရခြင်း ၊ သုဘရာဇာမရိန်းတပ်ဖွဲ့အားဖွဲ့စည်းပြီးလျှင် မြေပုံဖတ်ခြင်း ၊ ညအခါ အလာင်းပြန်ဖေါ်ခြင်း မြှုတ်နှံခြင်းများလေ့ကျင့်စေခြင်း ၊ သတိ ၊ သက်သာ ၊ အေးစေ စသော စစ်ရေးပြများလေ့ကျင့်စေခြင်း ဖြင့် သုဘရာဇာအရည်အသွေးအားမြင့်တင်လေတော့သည် ။

တစ်ခုသောနံနက်ခင်း သြဝါဒခံယူချိန်၌ အဆိုပါ အရာရှိကြီးမှ လိုအပ်သည်များကိုမှာစား၍ ပိုအပ်သည်များကို ကြွတ်ကြွတ်အိပ်ဖြင့်ထုပ်ပြီးသောအခါ ……
သံချောင်းတို့ လူစုအားအောက်ပါအတိုင်းမိန့်ကြားလေတော့သည် ။

“” ဟေ့ကောင်တွေ …… မင်းတို့လို အလောင်းကိုင် မြေမြှုတ်တွေကများ ရာရာစစ သုဘရာဇာ တဲ့ … ဟုတ်လားကွ ဟေ .… “”

သံချောင်းမှာ အလိုက်သင့်ပင် စကားထောက်လိုက်မိသည် ။

” ဟုတ်ပါတယ် ခင်ဗျ ”

” ဒီမှာဟေ့ကောင်တွေ … ဒူးနေရာဒူး တော်နေရာတော် ဆိုတာမကြားဖူးဘူးလား ။ ရာဇာ ဆိုတာ အကြီးအမှူး ဒါမှမဟုတ် ဘုရင်ကိုခေါ်သကွဲ့ ။ မင်းတို့လို သင်းချိုင်းစောင့်တွေအနေနဲ့ အဲ့သည်ဂုဏ်ပုဒ်နဲ့ မသင့်တော်ဘူးကွ ။
မအပ်မရာ ရာထူးဂုဏ်ပုဒ်တွေကို အဓမ္မယူထားရင် ချီးစိမ်းစိမ်းပန်းပြီးသေတတ်သကွ !!! ။
ဒါကြောင့် ဒီကနေ့ ဒီအချိန်ကစပြီး မင်းတို့ကို သင်းချိုင်းစောင့်တပ်သားအဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်ပြီ ။ ရာဇာ ဆိုတဲ့ဂုဏ်အင်္ဂါနဲ့ညီညွတ်တဲ့ ကျုပ်ကိုလည်း ဒီကနေ့ကစပြီး “” သုဘရာဇာမှူးကြီး “” အဖြစ် မင်းတို့အနေနဲ့ ဂါရဝတရားနဲ့အညီ ရိုရိုသေသေဆက်ဆံရမယ် ကြားလား ဟေ့ကောင်တွေ “”

“” ဟုတ် …… ဟုတ်ကဲ့ပါ ဘဘ သုဘရာဇာမှူးကြီး ခင်ဗျ “”

ထိုအချိန်မှစတင်၍ သံချောင်းတို့ လူစုမှာ သုဘရာဇာဟူသော အသုံးအနှုံးအား အသုံးပြုခွင့်မရှိတော့ဘဲ ရွှေလေထီးဖြင့်ဆင်းလာလေသော အထက်ပုဂ္ဂိုလ်ကြီးအား အပြီးအပိုင် လွှဲပြောင်းပေးအပ်လိုက်ရလေတော့သတည်းးးးးး ………… ။
သာဓု ……… သာဓု ………… သာဓု ………

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ခုသော နံနက်ခင်းတွင်ဖြစ်သည် ။
” ဒေါက် … ဒေါက် …… ဒေါက် “”

သံချောင်းသည် သုဘရာဇာမှူးကြီး၏ ရုံးခန်းအဖြစ် သိမ်းပိုက်ထားလေသော ဇရပ်ဟောင်းကြီး၏ တံခါးကို ညင်သာစွာခေါက်လိုက်လေ၏ ။

“” ဘယ်သူလဲ တံခါးခေါက်တာ “”

“” ကျနော် သံချောင်းပါ ဘဘ သုဘရာဇာမှူးကြီးခင်ဗျ “”

“” အေး .… ဝင်ခဲ့ “”

သံချောင်းမှာ လက်ထဲမှကိုင်လာသော အထုတ်ကြီးငယ်များကို မနိုင်မနင်းဆွဲရင်း ရုံးခန်းအတွင်းသို့ လှမ်းဝင်လိုက်သည် ။

“” ဘာတွေလဲကွ မောင်သံချောင်းးး ”

သံချောင်းမှာ အထုတ်များကိုဖြေရင်း ……

“” သုဘရာဇာ သက်သာချောင်ချိရေးအတွက် မသာအလောင်းတွေကချွတ်ယူထားတဲ့ပစ္စည်းတွေ လာအပ်တာပါ အဘ “”

“” အော် …… အေးအေး ဒီလိုလုပ်ကွာ ။ တချို့ကို အဟောင်းဆိုင်ပို့ တစ်ချို့ကို အပေါင်ဆိုင်ပို့ပြီး ငွေဖေါ်လိုက်ကွာ … ပြီးမှ ငါ့ဆီငွေလာအပ် ။ စာရင်းတော့ သေချာလုပ်နော် လိုရင်မင်းစိုက်ရမယ် ကြားလား …… ”

“” ဟုတ် …… အဘ “”

“” မသာပါးစပ်တွေထဲလည်း သေချာနှိုက်ကွာ …… ဒေါ်လှတွေပါလာရင် ငါ့ဆီမြန်မြန်လာအပ် … ကဲ ဘာပြောစရာရှိသေးလဲ မရှိရင်သွားတော့ .””

… “” ဟုတ်ကဲ့ အဘ … သွားခွင့်ပြုပါခင်ဗျ ”
… ” နောက် …… လှည့် !!! တိတ် နှိတ် သုံ …… တိတ် နှိတ် သုံ …… တိတ် !!! ( တစ် နှစ် သုံးးး .…… တစ်နှစ်သုံး …… တစ် )………

About သုဘရာဇာ သံချောင်း

သုဘရာဇာ သံချောင်း has written 2 post in this Website..