ဝါတွင်းကာလ သက်သတ်လွတ်စားကြသူတွေအတွက် ….

သက်သတ်လွတ်ကြာဇံကြော်နဲ့ တည်ခင်းဧည့်ခံပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့…………

၁။ ဆန်ကြာဇံ

၂။ အသားတု

၃။ ဂေါ်ဖီ

၎။ မုန်လာဥနီ

၅။ ကြွက်နားရွက်မှို

၆။ ကြက်သွန်ဖြူ

၇။ ဆား၊ သကြား၊ ဆီ တို့ ဖြစ်ပါတယ်။

 

ပထမဦးဆုံး ကြာဇံကို ရေစိမ်ထားပါတယ်။

 

ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဂေါ်ဖီ၊ မုန်လာဥနီ နဲ့ ကြွက်နားရွက်မှိုတွေကို ရေဆေးလှီးဖြတ်ထားပါတယ်။
CAM04228[1]

CAM04231[1]

အသားတုကို ရေစိမ်ပြီး လှီးထားပါတယ်။

CAM04229[1]

စကြော်ဖို့အတွက် ဆီပူထဲ ကြက်သွန်ဖြူထည့်ဆီသတ်ပြီး နည်းနည်းနွမ်းရင် အသားတုထည့်ကြော်ပါတယ်။

အသားတုကို အရသာရှိအောင် ဆား၊ သကြားသင့်ရုံထည့်ပေးပါတယ်။

ရေစိမ်ထားတဲ့အသားတုကို ရေနည်းနည်းခြောက်အောင်ဆီသတ်ပြီးရင် ဂေါ်ဖီနဲ့ မုန်လာဥနီထည့်ပါတယ်။

CAM04235[1]

ခဏကြာရင် ကြွက်နားရွက်မှို၊ ဆား၊ သကြားနဲ့  ရေနွေးပူထည့်အဖုံးဖုံးပြီး ဆူတဲ့အထိ တည်ပါတယ်။

 

CAM04239[1]

 

အရောင်လှချင်ရင် ကြာညို့ရည်ထည့်ပါ။

CAM04237[1]

နောက်ဆုံးမှာ ကြာဇံထည့်မွှေပြီး ခဏဖုံးအုပ်ထားပါတယ်။

 

စားလို့ရပြီနော်။

CAM04242[1]

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)