မူလတန်းဖတ်စာမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ်မှာ….

ခရုငယ်လေးကို အတုယူပြီး ကြိုးစားအားထုတ်ခဲ့တဲ့ မပုကြွယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။

 

ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ အတုယူကြိုးစားတာမျိုး မဟုတ်ပဲ

ဘေးလူက တွန်းထိုးပင့်တင်မှပဲ နိုးထတတ်ကြတဲ့သူတွေလည်း ရှိတတ်တယ် မဟုတ်လား။ :k:

 

ဒီတစ်ပတ်တစ်နေ့ပြီးတစ်နေ့ အပိုင်း (၁၈) ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိဖြစ်ပါတယ်။

CAM04246[1]

ဒါကတော့ စက်တင်ဘာတစ်လလုံးအတွက် အမြည်းပေးတာ ဖြစ်ပါတယ်။ :)

******************************************************************************************

 

CAM04247[1]

လုပ်ငန်းသစ်ကို ပိုကောင်းမယ်ထင်ပြီး လုပ်ငန်းဟောင်းကို ခြေစုံကန်ပြီးတော့မှ

မျောက်သစ်ကိုင်းလွတ်သလို ဒုက္ခရောက်တာတွေ မြင်ဖူးတွေ့ဖူးလို့ ဒီအတွေးအခေါ်ကို သဘောတူထောက်ခံပါတယ်။

 

ဘ၀တစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ အဖိုးတန်တဲ့ သတိပေးချက်တစ်ခုပါပဲ။

 

*******************************************************************************************

CAM04248[1]

ဒီကာတွန်းကတော့ စဉ်းစားတွေးခေါ်ကြံဆနေတဲ့အဆင့်ကို ကျော်ပြီး အလုပ်ဖြစ်ချင်တဲ့ တွန်းအားပေးစကားပေါ့။

 

ခတ်တက်ပြင်တာနဲ့ ရွှေလောင်းရောက် ဆိုတဲ့ စကားပုံကို ကြားဖူးကြလားမသိဘူး။

အလုပ်တစ်ခုလုပ်ခါနီး နေ့ရွှေ့ညရွှေ့နဲ့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး မလုပ်ဖြစ်ရင် ပြောလေ့ရှိတဲ့ စကားပါ။

 

ရှိတာနဲ့ ဖြစ်အောင်လုပ်တတ်တဲ့ အကြံကောင်းဥာဏ်ကောင်းတော့ ရှိဖို့လိုတာပေါ့။

******************************************************************************************

CAM04249[1]

တချိန်လုံးပြေးလွှားနေတဲ့၊ ရပ်နားခိုင်းလို့မရတဲ့ အချိန်ကို လူတွေဟာ အမှတ်တမဲ့နဲ့ နေမိကြတာများပါတယ်။

 

နောင်တ နောင်မှရလို့ ဆိုစကားရှိတယ် မဟုတ်လား။

စာမေးပွဲနီးမှ၊ သေခါနီးမှ ဆိုသလို အချိန်နည်းလာတဲ့အခါကျမှ ပြန်မရနိုင်တော့တဲ့ အချိန်ရဲ့ တန်ဖိုးကို သိရင် နောက်ကျသွားပြီ။

*******************************************************************************************

CAM04250[1]

တပြိုင်တည်းလုပ်တာနဲ့ ပတ်သက်ရင် စီမံခန့်ခွဲမှုအပိုင်းကိုပဲ မြင်မိတယ်။

စီမံခန့်ခွဲမှုကောင်းရင် ကောင်းသလို လုပ်ငန်းတွေ မြန်မြန်ဆန်ဆန်နဲ့ ပြီးမြောက်အောင်မြင်နိုင်တယ်။

ယှဉ်ပြိုင်မှုများတဲ့လောကကြီးထဲမှာ တပြိုင်တည်းလုပ်ပြီး သူများထက်ရှေ့ရောက်နေဖို့ လိုတာပေါ့။

*********************************************************************************************

CAM04251[1]

ကိုယ့်လုပ်ရပ်ကို မကြည့်မမြင်ပဲ အကောင်းတွေဖြစ်လာဖို့ မျှော်လင့်နေတတ်ကြတာအတွက် သတိပေးချက်ပေါ့။

***************************************************************************************

CAM04252[1]

ဒီကာတွန်းနဲ့ စာကလည်း ရှင်းပါပေ့။

အိပ်မက်က မနိုးထရင် လက်တွေ့မှာ ဘာမှဖြစ်မလာနိုင်ဘူးလေ။

********************************************************************************************

CAM04253[1]

ကိုယ်ရဲ့ အကျင့်ဟာင်းကို ပယ်ဖို့၊ ကောင်းတဲ့အကျင့်သစ်နဲ့ လဲလှယ်ဖို့အတွက် ကိုယ့်ကိုယ်ကို ယထာဘူတကျကျ (မညှာမတာ) ရှု့မြင်သုံးသပ်ဖို့ အရေးကြီးလိမ့်မယ်။

*********************************************************************************************

CAM04254[1]

တခါတလေမှာ ဖြစ်နိုင်တာတွေအများကြီးကို စဉ်းစားပြီး စိတ်ပူနေမယ့်အစား

တကယ်ဖြစ်လာလို့ ရင်ဆိုင်လိုက်ရတာကမှ သက်သာလိမ့်အုံးမယ်။

***********************************************************************************************

CAM04255[1]

ထာဝရပြောင်းလဲဖို့ ဆုံးဖြတ်ချက်တစ်ခုပဲ လိုတာ မှန်ပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ချက်ကြောင့် ပြောင်းလဲတာမှာ အကောင်းဖြစ်နိုင်သလို၊ အဆိုးလည်း ဖြစ်နိုင်တယ်ဆိုတာတော့ ထည့်စဉ်းစားဖို့ လိုပါတယ်။

***********************************************************************************************

CAM04256[1]

စာဖတ်ခြင်းဖြင့် သူများရဲ့အတွေ့အကြုံကနေ အသိပညာဗဟုသုတတွေ သင်ယူနိုင်ပါတယ်။

သူတပါးအတွေ့အကြုံက သင်ယူခြင်းဖြင့် တကယ်လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ထိခိုက်နစ်နာမှုတွေလည်း နည်းနိုင်တာပေါ့။

 

စာရှု့သူအပေါင်းလည်း ဘ၀မှာ ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားကျော်လွှားပြီး အောင်မြင်ပျော်ရွှင်နိုင်ကြပါစေလို့………

 

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)