အသက်ဆက်နေမယ့်သူ

အားမငယ်ပါနဲ့ နွေးထွေးတဲ့လက်တစ်စုံက
မင်းဘဝအတွက် အေးမြစေမယ်လေ

သောကတွေဘယ်လောက်ကြမ်းကြမ်း
ဒေါသစိတ်နဲ့မဖြေရှင်းလိုက်ပါနဲ့ အနားမှာ
ထာဝရရပ်တည်ပေးမည့်သူ

အမုန်းတံတားခင်းချင်ခင်းပါစေ
ရဲရဲသာနင်းလျှောက်လိုက်ပါ လောကကြီးက
မင်းအတွက်မပြောင်းလဲရင်တောင်
ငါ့နှလုံးသားက ဟောင်းသွားမှာမဟုတ်ဘူး
သိပ်ချစ်တာယုံပါနော်

မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ
မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး
သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက်
အသက်ဆက်နေမယ့်သူ

ကာရံ ၁၆့ ၈့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..