ဒီမယ်ရာမ

ရာဇဝင်ထဲကလို ဒဿဆိုတဲ့ငါ့ကို

ခပ်လွယ်လွယ်ဖြိုဖို့များ စိတ်ကူးနေသလားကွာ

သီတာဆိုတာ ရာဇဝင်မှာ ငါအရင်တွေ့ဖြစ်

ယနေ့ခေတ်သစ်မှာလည်း ငါအရင်ချစ်ခဲ့သူ

အူတူတူအတွေးနဲ့ လေးတင်ဦးမတဲ့လား

အသာနားပါ ရာမရယ် နုပျိုခြင်းမယ် မင်းအသာရနိုင်ပေမယ့်

ရုပ်ဆိုးတဲ့ ဒဿမှာလည်း ချစ်တတ်တဲ့ အသည်းပါသလို

သိပ်အပိုမပြောချင်

ရာဇဝင်ကို အတိတ်မှာထား ဘယ်နည်းများနဲ့ ပြိုင်မလဲ ?

သွေးနဲရင် နောက်ဆုတ် ညှာမှာမဟုတ်တဲ့ အချစ်လုပွဲ

ပစ်လုဆဲဆဲ သေနတ်ပြောင်းဝ နှောင်းနောင်တ မလာခင်

ပစ်ကွင်းထဲကဖယ်ကွာ လက္ခဏပါခေါ်လာလည်း

ဆောရီးပါပဲ ရာမရယ်

ရာဇဝင်ထဲမယ် ရာမကိုထားလို့

သွားကြစို့ သီတာဒေဝီ

နှစ်ကိုယ်တူညီမယ့် ကိုယ်တို့ရဲ့  အချစ်တိုင်းပြည် ။

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..