ဒိုင်းကနဲ မိုးခြိမ်းသံကြား

လက်များက ထီးကိုဟန်ပြင်

သံစဉ်မကျလှတဲ့မိုး

ဘယ်အငြိုးနဲ့ရွာ

လမ်းပေါ်မှာက ဗွက်တွေတအား

ဈေးက မသွားလို့မဖြစ်

ညစ်လှတဲ့စိတ်က ဦးဆောင်

ရှောင်ဖို့လည်း မတားသာ

မိုးရွာထဲမှာ ဒေါသူပုန်ထ

မကုန်နိုင်လှတဲ့ ဒီရာသီ

ရှည်ကြာသည် စိတ်မှာတွေး

နေနွေးနွေးနဲ့ ကောင်းကင်ပြာ

ဆောင်းအဝင်မှာဖြင့် ဆုံစို့ကွာ ။

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..