အကြည့်က ရင်ဖို ချိုသာတဲ့ စကား

ဖက်ထားတဲ့လက်တွေ ချွေလေခဲ့အနမ်း

မရိုးတမ်းအိပ်မက်တွေကြား

ဗျာများရင်းကျော်ဖြတ်

အတော်မရပ်တဲ့ အကယ်ဒမီရှော့ခ်

ကြာလေပြီ ဆိုတော့ရိုး

နိုးလာတဲ့ မနက်တိုင်းဟာ ဗလာ

ဘာလက်တွေ့မှ မရှိလေတော့လည်း

တကယ့်ဘဝကိုမျှော်ရင်း

သိပ်မထူးအသွင်ချင်း စိတ်ကူးယဉ်ခြင်းကိုပစ်

တရားသစ်တွေနဲ့အိပ်စက်

ဘာအိပ်မက်မှာ မလာတော့သမို့

ကျေနပ်လို့ရတဲ့ နံနက်ခင်း

ကြည်လင်ခြင်းကို အားပြု

အနားအခုရှိသူသာ ငါ့ဘဝအတွက် သင့်သူပါ ၊

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..