အလယ်တန်းကျောင်းသားများနှင့်အချစ် (ထင်မြင်ချက်ကိုတင်ပြသည်။)
|766- Hits|လူ ရယ် လို့တော့ မွေးလာရင်တော့ အချစ်နဲ့မကင်းပါဘူး။ ရည်းစားဆိုတာ လူတိုင်းမှာရှိခဲ့မှာပါ။ ရင်ခုန်မှု ဆိုတာလဲ လူတိုင်းမှာရှိတာပဲ ။ ဒါပေမဲ့ . .. . . . အသက်အရွယ်ဆိုတာကို သတိထားသင့်ပါတယ်။ ကျောင်းမှာ ဆရာမ ပြောခဲ့တဲ့ စကားလေးကိုသတိရမိတယ်. ” မိန်းကလေးတွေလဲ အချိန်ကျ ယောကျာင်္းယူရမှာပဲ ၊ ယောင်္ကျားလေးတွေလဲ မိန်းမယူရမှာပဲ ၊ မင်းတို့မယူလဲ မိဘတွေက အိမ်ထောင်ချပေးလိမ့်မယ်။ ဒီအရွယ် ဒါတွေဘာလိုလို့လဲ” တဲ့။ မှန်ပါတယ်။ ဆရာမတွေလဲ အားရင်အားသလို ဆုံးမ ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းသူတွေ ချစ်သူဆိုတာကို ထားချင်ကြတာဘာလိမ့်? ကျွန်တော်လဲ ခုထိ အဌမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ “မင်းက အဲလောက်ပြောနေရအောင် မင်းကိုလွတ်ကင်းလို့လား” လို့မေးရင် ကျွန်တော်လဲ မလွတ်ကင်းပါဘူး။ ကောင်လေးဆိုတာကတော့ ကောင်မလေးဘက်က လက်ခံရင် ဘာမဆိုလုပ်မဲ့ လူစားမျိုးတွေပဲလေ. . . အဲ ဒိနေရာမှ ကျတော့ မိန်းကလေးတွေ ဘက်က လဲ အရေးကြီးသွားပါတယ်။ ယောကျာင်္းလေးဘက်က ဘယ်လိုပဲစစ ပါ။ စာပေးတယ် ရည်းစားစကားပြောတယ်။ မည်သို့ပင်ဖြစ်စေ ကောင်မလေးဘက်က ဘာမှပြန်မလုပ်ဘူး ဆိုရင် ကောင်လေးကအချိန်တန်ရင် လက်လျှော့သွားမှာပဲ။ ခုတော့ တစ်ခါတစ်လေ ကောင်မလေးဘက်က စလာတာတွေတောင် မြင်နေရတော့ လုံးဝ မဖြစ်သင့်တာတွေပါ။ မကြာသေးပါဘူး ညီမလေးကို သင်တဲ့ ဂိုက်ဆရာမ က အင်းစိန်က ဆရာမဆိုတော့ သူတို့ ကျောင်းကို လာတဲ့ တန်းပြဆင်းတဲ့ ကျောင်းဆရာလေးတွေကို ကျောင်းသူမလေးတွေက စာလိုက်ပေးလို့တဲ့ . .. ..ဒါဟာ မဖြစ်သင့်တဲ့အရာပါပဲ။ လုံးဝပါ။ အဲဒိရဲ့ ဇင်မြစ်အရင်းကို ပြန်ကြည့်ရင် ကိုရီးယားကားတွေကြောင့်လဲ ပါပါတယ်။ ကောင်မလေးတိုင်းက သူတို့စိတ်ဝင်စားတဲ့ကောင်လေး ရှေ့မှာ ရွပြမယ် ပြီးရင် ရည်းစားစာ ပေးဖို့ ဆိုတာ ၀န်မလေးတော့ပါဖူး။ ဒန်ကျွဲပင်ပုခတ်လွှဲမယ် ဆိုတဲ့စကားကြောင့်များလား? ခေတ်ပျက်ကြီးလား?
Related posts:


အလယ်တန်းဆိုတော့ အသက်က ဆယ်ကျော်သက်ပေါ့နော..။
၁၃-၁၅လောက်ရှိမယ် မှန်းပါတယ်။
အင်း…အပေါ်ကပို့ စ်ကိုဖတ်မိပြီး…ဘာပြောရမှန်းမသိပါဘူး။
မြန်မာပြည်က တခြားနေရာတွေတော့မသိဘူး ဒီနေရာက ယူအက်စ်နဲ့ အမှီလိုက်နေနိုင်တာပဲ ထင်မိပါတယ်။
ယူအက်စ်၊ ဥရောပ၊ ဂျပန်တို့လည်း အလယ်တန်းလောက်ဆို အတွေ့အကြုံတော်တော် ကြွယ်ပါပြီ။ အထက်တန်းပြီးလို့ ၂၀ကျော်ရင် လောကကြိးမှာ လေ့ကျင့်ပြီးသား အသင့်အနေအထားနဲ့ပေါ့။
မိန်းကလေးတွေလည်း သူ့လွတ်လပ်မှုနဲ့သူမို့  ယောက်ျားလေးလုပ်နိုင်သမျှလုပ်နိုင်ကြတာ ကောင်းတယ်လို့တော့ထင်မိတာပါပဲ။
ယူအက်စ်က ..လွန်ကျူးမှုတွေမဖြစ်အောင်…ဥပဒေတခုနဲ့တော့ အသေထိမ်းထားပါတယ်။ မိုင်နာ(ဆယ်ကျော်သက်)နဲ့ တခုခုဖြစ်ရင် လူကြီး(အရွယ်ရောက်ပြီးသူ)ကို အပြင်းအထန်အရေးယူတာပါ။
သဘောက မိုင်နာ၊မိုင်နာချင်း ဖြစ်တာပြသနာမရှိပေမဲ့ လူကြီး(ဥပမာ၊ ကျောင်းဆရာ) ပါလာရင် …ကျောင်းဆရာတော့ “မသက်သာဘူးသာမှတ်ပေတော့”ဆိုပြ၊ီး သေနတ်နဲ့ပစ်..အဲ..အဲ… ထောင်ချပစ်တာပါ။
အဲဒါမျိုး ဥပဒေလေး..မြန်မာပြည်မှာကြပ်ကြပ်မတ်မတ်လုပ်သင့်ပြီထင်တာပါပဲ..။
Was this answer helpful?
LikeDislikeရေးသူရဲ့စာထက် စာရေးသူရဲ့ အရေးအသားနဲ့ အတွေးအခေါ်ကို သဘောကျမိတယ်။ ဆယ်ကျော်သက် အရွယ်နဲ့ ခုလို အသိအမြင် ရင့်ကျက်တာကို ချီးကျူးပါတယ် ညီလေး။ ကျနော်တို့ ကျောင်းတုန်းကလည်း ဒီလိုပါပဲ။ ၆ တန်းလောက်ကတည်းက ဘာလိုလို ညာလိုလို ဖြစ်နေကြပြီ။ ၈ တန်း ၉ တန်းဆိုရင် ရည်းစားရှိတဲ့သူက ၁၀ ယောက်မှာ ၇ ယောက်လောက်ရှိတယ်။ စိတ်ကစားတဲ့အရွယ်ဆိုတော့လည်း ပြောရခက်သားကိုး။
ဒါပေမယ့် ကျောင်းသားချင်းဆိုတော့ ကလေးအရွယ်တွေမို့ စာပေးတာ၊ ထမင်းအတူစားကြတာ။ အိမ်ပြန်ရင် လိုက်ပို့တာ၊ လက်ကလေးကိုင်ပြီး ရင်ခုန်ကြတာ၊ တခါတလေ ရုပ်ရှင်အတူကြည့်ကြတာ ဒီလောက်ပါပဲ။ ဖြူစင်တဲ့ ဘ၀မို့ ရင်ခုန်စရာတောင် ကောင်းပါသေးတယ်။ လွန်ကျူးတာတွေ ဘာတွေလည်း စိတ်မ၀င်စားကြပါဘူး။
ဒါကို အခွင့်ကောင်းယူတာက အပြင်က အရပ်သားတွေ၊ ကျောင်းပြီးသွားတဲ့ကောင်တွေနဲ့ တက္ကသိုလ်ရောက်တဲ့ကောင်တွေပါ။ ဒီကောင်တွေက အပြင်မှာ ရည်းစားအတွေ့အကြုံတွေ ပြည့်ဝနေပြီဆိုတော့ High School ကျောင်းကိုလာ၊ ချောတဲ့ ကလေးမတွေရွေး၊ နောက်တော့ ပိုးပန်း၊ ကောင်မလေးတွေ အဖြေပေးရင် နည်းမျိုးစုံ ပရိယာယ်တွေနဲ့ မလုပ်သင့်တာ၊ မဖြစ်သင့်တာတွေ လုပ်ပစ်လိုက်တတ်ကြတယ်။ ဒါကြောင့် အထက်က Kai ပြောသလိုပဲ ဥပဒေတခုခုနဲ့ ကြပ်မတ်လိုက်ပြီး ကလေးတွေကိုလည်း အရွယ်မတိုင်ခင် ရည်းစားမထားဖို့ ဆရာမတွေက ဆုံးမသင့်တယ်လို့ မြင်တာပဲ။
Was this answer helpful?
LikeDislikeဒီမှာလည်းအရွယ်မရောက်သေးသူအတွက် ဥပဒေတွေရှိပါတယ်။
အမှန်တော့ အပျံသင်စငှက်ကလေးတွေအတောင်ဖြန့်ကြည့်တာ
ရေကူးတတ်စလဲလေး ကမ်းနဲ့ဝေးဝေးကူးကြည့်တာ
ဒါတွေဟာသဘာဝပါဘဲ။
အမြင့်ကြီးမပျံအောင် ဝေးဝေးမသွားအောင် ၀ိုင်းထိန်းသိမ်းပေးရမှာ မသိမသာလေးစောင့်ကြည့်ပေးရမှာက ကျနော်တို့လူကြီးတွေလေ။
Was this answer helpful?
LikeDislikeအော် လူတွေပဲ အချစ်နဲ့တော့ ဘယ်ကင်းမလဲ .. အတင်းအကြပ်ကြီး တားမြစ်ပိတ်ပင်လို့ မရသလို ဒီတိုင်းလွှတ်ထားလို့လည်းမရဘူး .. အထူးသဖြင့် မြီးကောင်ပေါက် ၆ တန်း ၇ တန်းလောက်တော်တော်ထိန်းသိမ်းရမယ် …
ကျွန်မတို့ ၇ တန်းနှစ် (၁၂ နှစ်)က အတန်းထဲမှာ သူငယ်ချင်းတစ်ယောက် စာမေးပွဲလာမဖြေတာ နေမကောင်းလို့ မလာနိုင်တာလို့ပဲ သိထားတယ်.. နောက်မှ ထပ်ဆင့်သိရတာက ကိုယ်ဝန်ဖျက်ချလို့တဲ့ .. ဒီအသက်အရွယ်ရောက်မှ ပြန်တွေးကြည့်တော့ မိဘလူကြီးတွေရဲ့ အထိန်းအကွပ်လည်း လိုအပ်တယ်ဆိုတာပါပဲ … လွှတ်ထားတာလည်း လွန်ပါတယ် .. သမီးမိန်းကလေးကို မွေးတုန်းကမွေးထားပြီးတော့ စိတ်ဓာတ်အရည်အသွေး မသွေးပေးတော့ ခံစားရပြီပဲ .. သူ့ရည်းစားက ၂၈ တဲ့… နိုက်ကလပ်မှာ တွေ့ကြသတဲ့ .. ၁၂ နှစ်အရွယ် ကောင်မလေးနဲ့ ချစ်ကြိုက်အောင် ကြိုးစားပြီးမှ ကာမပါယူတာ တော်တော်အောက်တန်းကျတယ် …
Was this answer helpful?
LikeDislikeသားပု ရေးပြီးသတိပေးတာကောင်းပါတယ် အဲ.လိုကောင်မလေးတွေကိုတွေ.ရမြင်ရတာတော်တော်များနေပါပြီ သူတို.က ကိုကမစရင်တောင်သူတို.ကလာစနေတဲ.အခြေအနေကိုတောင်ရောက်လာပါပြီ ဒါတွေကိုပြုပြင်ထိန်းသိမ်းဖို.လိုပါတယ်။ယောကျာင်္းလေးတွေကိုလဲ တစ်ခုပြောချင်တာက(ဆရာလုပ်တာမဟုတ်ပါဘူး) သူတို.ဘက်ကစခဲ.ရင်တောင်ကို.ဘက်ကနေအလိုက်သတိရှောင်ပေးဖို. ပြောချင်ပါတယ်။
Was this answer helpful?
LikeDislikeမိန်းကလေးတွေကိုပြောချင်တာက ကိုရီးယားရုးသိပ်လဲမရုးကျပါနဲ.လို. မြန်မာ မိန်းကလေး ပီပီ ယဉ်းကျေးစွာနေပါလို.ပြောချင်ပါတယ်
Was this answer helpful?
LikeDislikeကျုပ် လဲ ၉တန်း ကျောင်းသား အရွယ်တုန်းက ရည်းစားတစ်ယောက် ရခဲ့ဖူးပါတယ် ။
ဘာမှန်းညာမှန်း အသေအချာ မသိခဲ့ရပါ ။
အပေါ်က ခရိုင်းရင်းဆိုး ပြောသလိုဘဲ ကောင်မလေး ဘက်က စခဲ့လို့ ပါ ။
ဟီဟိ
Was this answer helpful?
LikeDislikeကိုရင်ပေါက်ကမသိမသာကလေးစောင့်ကြည့်နေပါတယ်တဲ့
ဘယ်သူ့ကိုများလဲနော်
Was this answer helpful?
LikeDislike