အမေစု သို့–>>

 

—–

ဒီနေ့မနက် ကျနော့်ကားကို အမျိုးသမီးတစ်ယောက် ငှားတယ်၊၊

 

မဂ်လာဒုံ ပန်းခြံကုန်းမှတ်တိုင်(ပြည်လမ်းပေါ်)နားက စစ်တပ်မိသားစုလိုင်းခန်းတွေထဲကို ငှားတာ၊၊

ပြည်လမ်းပေါ်ကနေ လိုင်းခန်းတွေရှိရာ ခြံဝန်းကြီးထဲ ချိုးကွေ့ဝင်ရမှာပေါ့၊၊

 

ဝင်ပေါက်ထဲကို ချိုးကွေ့အဝင်မှာပဲ အပေါက်စောင့်စစ်သားနဲ့ ကျနော် ပြဿနာတက်တယ် အမေစုရေ၊၊

 

ကျနော့်ကားကို အထဲ ဝင်ခွင့် မပေးနိုင်ဘူးတဲ့၊၊

စစ်သားတွေရဲ့ မျက်နှာက တင်းပြီး ထန်နေတာပဲ၊၊

 

ကျနော်က ဘာကြောင့်လဲ လို့ ပြန်မေးတာပေါ့၊၊

ကျနော့်အရှေ့မှာတင် တခြား Taxi တစ်စီး ဝင်သွားတယ်လေ၊၊

Taxi မဝင်ရလို့လည်း စာမရေးထားပါဘူး၊၊

 

ဝင်ခွင့်မပေးရတဲ့အကြောင်းက

ကျနော့်ကားမှာ NLD အလံ တပ်ထားလို့ပါတဲ့၊၊

 

ဖြစ်ရလေ ဝိုင်းစိန်ရယ်—-

 

အဲ့လို အခြေအတင်ဖြစ်နေတော့ အနောက်မှာ ထိုင်လိုက်လာတဲ့ ကားငှားစီးသူ အမျိုးသမီးက အဲ့ဒီအပေါက်စောင့်စစ်သားကို လှမ်းပြောတယ်၊ “ကျမ တပ်ကြပ်—- ရဲ့ ဇနီးပါ၊၊ ဒီ လိုင်းခန်းထဲမှာပဲ နေတာပါ”တဲ့၊၊

 

စစ်သားက လုံးဝ မလျှော့ပါဘူး၊၊ ကျနော့်ကား ဝင်သွားရင် ကားကို သေနတ်နဲ့ လိုက်ပစ်မလား / သူ့ကိုယ်သူပဲ ပစ်သတ်သေမလားမသိ မျက်နှာက အမျိုးအမည်မဖော်ပြနိုင်ပုံနဲ့ ကြောင်စီစီဖြစ်လို့၊၊

 

ကျနော် တပ်ထားတဲ့အလံကို ဖြုတ်ပေးရမလား လို့ ကျနော့်ဘက်က တစ်ထစ်လျှော့ မေးပါသေးတယ်၊၊

 

နိုးတဲ့၊၊ မင်းကားက အလံတွေတင်မက စတစ်ကာတွေရော ကပ်ထားတာဆိုတော့ မရဘူး မဝင်ရဘူးတဲ့၊၊ ခြေကာကာလက်ကာကာကို ပိတ်ရပ်ပြီး ငြင်းနေတာ၊၊

 

ကျနော် အတော် စိတ်ပျက်သွားပါတယ်၊၊

 

ဒီစစ်သားတွေနဲ့ စကားပြောရတာ နဂါးအမောက်ကြီးလိုပဲ၊၊ ညှိ မရဘူး၊၊

 

နောက်ဆုံးမတော့ ကားငှားလာတဲ့အမျိုးသမီးက (သူ့အမျိုးသားဆီ ဖုန်းဆက်သေးတယ်၊မထူးဘူး) အဲ့အပေါက်ဝကတင် လမ်းဆင်းလျှောက်ရပါတော့တယ်၊၊

 

ကားကို စစ်သားတွေရဲ့ ဂိတ်ပေါက်အရှေ့မှာ ပြန်ကွေ့ရင်းနဲ့ ကျနော့်ကို ဝင်ခွင့်မပေးဘဲ ခပ်ထန်ထန် ဆက်ဆံနေတဲ့ စစ်သားကို ကျနော် ပြုံးပြလိုက်ပါတယ်၊၊

 

တဆက်တည်း ပြုံးပြုံးလေးနဲ့ ရေရွတ်ညည်းတွားပြလိုက်တယ်၊၊

 

“ဗိုလ်ချုပ် ထူထောင်ခဲ့တဲ့ တပ်မတော်က ဗိုလ်ချုပ်သမီးရဲ့ ပါတီအလံကို လက်မခံနိုင်ဘူးနော် — အဟက်”

 

ကျနော် ပြောလ်ုက်တာကို သူ ကြားတယ်၊၊ ကျနော့်ကို စိမ်းစိမ်းကြီး လိုက်ကြည့်ပြီး ကျန်ခဲ့လေရဲ့၊၊

 

လမ်းတလျှောက်မှာ အတွေးစတွေ တဝေဝေပေါ့၊၊

 

တပ်မတော်နဲ့ NLD အဲ့သလောက်တောင် ဝေးသွားပြီလား၊

 

ဆန့်ကျင်စရာ တိုက်ထုတ်စရာ အဖြစ် NLD ကို စစ်တပ်က သတ်မှတ်ပြီလား၊

 

အမေစုရဲ့ NLD ပါတီ လမ်းစဉ်ဟာ စစ်တပ်က ခါးခါးသီးသီး ခက်ထန်စွာ ဆက်ဆံရလောက်အောင် ဦးတည်ချက်တွေ ဆိုးနေတာလား၊

 

NLD ပါတီရဲ့ လားရာ (လုပ်ဆောင်ချက်နဲ့ ဦးတည်ချက် / အနှစ်သားအတွင်းပိုင်း) ကို မဆိုထားနဲ့ အပြင်ပန်း သက်ေတဖြစ်တဲ့ အလံ(တံဆိပ်/စတစ်ကာ)လေးတွေကိုတောင်မှ တူတူတန်တန် မဆက်ဆံနိုင်တော့လောက်အောင်ပဲလား၊

 

အမေစုရဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ NLD ပါတီဟာ အမေ့ရဲ့ဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်နဲ့ အတော် ဝေးကွာသွားပြီပဲ လို့ တွေးမိခဲ့တဲ့မနက်—-

 

အဟက်

 

Maung Thura

 

စက်တင်ဘာ ၂၉၊ ၂၀၁၅

 

12048915_692880880847848_374154506_n

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013