ငါ့မျက်ရည်ကျတဲ့အခါ … အပိုတွေလို့နင်ပြောတဲ့အခါတိုင်း

ကမန်းတမ်းနဲ့ ကျပြီးသားမျက်ရည်တွေ ပြန်ကောက်သိမ်းရတာ အမော….

ငါဟာနင်ပေးတဲ့ပျော်စရာတွေကို အားပါးတရ သုံးဆောင်ဖို့ပြင်တဲ့အချိန်တိုင်း….

နင်ပသတဲ့ ၀မ်းနည်းခြင်းအာဟာရတွေကိုသာ ဖြည့်တင်းခဲ့ရတာပါ……

တကယ့် တကယ်တော့…

ငါဟာ ဥပေက္ခာပြုခံထားရတဲ့ စာခြောက်ရုပ်..

ငါဟာ အထီးကျန်ခြင်းမုဆိုးရဲ့ ၀မ်းစာဖြေဖို့အတွက် သားကောင်…

ငါဟာ ဥပေက္ခာပြုတတ်သူတို့ရဲ့ အခမ်းအနားနဲ့

ဝေဒနာပေးအပ်ခြင်းခံရသူ…

ငါဟာ အသက်ကို၀၀ရှုတဲ့ သက်မဲ့တစ်ကောင်…

တကယ့်တကယ်တော့…

ငါဟာ နှလုံးသားကို လျိုသပ် ကြိုးပေါင်းများစွာသွပ်သွင်းလို့..

နင့်ပါးစပ်အလှုပ်မှာ ကွေးနေအောင် ကရတဲ့…

ဖေဇော်ဂျီ အရုပ်လေးတစ်ရုပ်…….။      ။

 

About Mr. Pocket

Mr. Pocket has written 9 post in this Website..