နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်…

ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ…

ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ..

ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို့ 

လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်..

 

ရစရာရှိတာ ရဖို့ အတွက် မဖြစ်စလောက်ပေးဆပ်ကြသလို..

အစွမ်းကုန်ပေးဆပ်ကြလည်း မဖြစ်စလောက်လေးနဲ့ တင်းတိမ်ရတဲ့သူတွေ အများပေါ့…

 

အတ္တတွေအနည်ထိုင် ငါ ငါ ငါ နဲ့ တစ်ကိုယ်ကောင်းဆန်

ရွံစရာကောင်းသူတွေက အောင်အလံနဲ့ ပွဲတော်ခံကြတယ်…

 

အနစ်နာခံ ကိုယ်ကျိုးမငဲ့ကွက် သူတွေက

တစ်ခါထပ်ပြီး ရင်ပါနာ ခပ်ဝေးဝေးမှာ ငြိမ်ကုပ်နေရတယ်….၊

 

အများသိတဲ့အတိုင်း အမှောင်ကအားကြီးလွန်းတယ် မဟုတ်လား…

ဘာပဲဖြစ်ဖြစ်လေ… နောက်တစ်နေ့မနက်မှာတော့…

နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်…

ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ…

ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ..

ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို့ 

လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်…….။    ။

 

About Mr. Pocket

Mr. Pocket has written 9 post in this Website..