ဒေါ်စုက သူသမ္မတ မဖြစ်လျင်လည်း သူ၏ပါတီကဖွဲ့သည့် အစိုးရကို ဦးဆောင်မည်ဟု အခိုင် အမာပြောသည်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ တည်ကြည်သည်ဟု ပြောကြားသကဲ့သို့ တရုတ်သမ္မတ ရှီကျင်ပင်းနှင့်လည်း နွေးထွေးမှုရှိသည်ဟု ဒေါ်စုကဆိုသည်။

အိန္ဒိယနှင့် တရုတ်ကို ပိုမိုကောင်းမွန်သော မိတ်ဆွေများ၊ ပိုမိုကောင်းမွန်သော အိမ်နီးချင်း နိုင်ငံများ ဖြစ်လာရန် ကူညီလိုသည်ဟုလည်း ဒေါ်စုက ပြောကြားသည်။ မြန်မာ အတိုက် အခံခေါင်းဆောင်နှင့် အဲန်အဲလ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်စုက သူသည် သမ္မတ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူ့ပါတီက ဖွဲ့စည်းသော မည်သည့် အစိုးရအဖွဲ့တွင် မဆို ဦးဆောင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ခိုင်မာစွာဖြင့် ပြောကြားခဲ့သည်။

သီတင်းပတ်များစွာ ငြိမ်သက်နေပြီး သုံးနှစ်နီးပါးကြာပြီးမှ အိန္ဒိယ မီဒီယာအဖွဲ့အစည်းနှင့် ပထမဆုံးအကြိမ် အင်တာဗျူးတွင် ဒေါ်စုက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဖြစ်ပြီး ကွယ်လွန်သူ ခင်ပွန်း သည် ဗြိတိသျှလူမျိုးဖြစ်နေသော ဒေါ်စုအား အခြေခံဥပဒေက သမ္မတဖြစ်ခွင့် မပေးပေ။ သို့သော်လည်း NLD ပါတီ မဲအများစုအနိုင်ရရှိကာ အာဏာရလာမည်ဟု ကျယ်ကျယ် ပြန့်ပြန့် မျှော်လင့်ထားကြသည်။ ရန်ကုန် အင်ယားကန်ဘေးရှိ နေအိမ်တွင် အိန္ဒိယ ယနေ့ရုပ်သံ အစီအစဉ် To The Point သို့ ဒေါ်စုက ပြောကြားမှုများကို ဘာသာပြန် ဖေါ်ပြထားပါသည်။

“ကျမ ရှင်းရှင်းလင်းလင်း ပြောထားတာရှိပါတယ်။ NLD က ရွေးကောက်ပွဲနိုင်လို့ အစိုးရ တစ်ရပ်ဖွဲ့ရင် အဲဒီအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်က ကျမဖြစ်မှာပါ။ ကျမသမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့”ဟု To The Point သို့ပြောခဲ့သည်။

ခင်ဗျား သမ္မတမဖြစ်ရင် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာမလဲ။

ဘာလို့မဖြစ်နိုင်ရမလဲ။ နိုင်ငံကို ဦးဆောင်ဖို့ သမ္မတ ဖြစ်ဖို့ လိုလို့လား။

– See more at: http://mizzimaburmese.com/article/5736#sthash.RQRN7iqz.dpuf

Published on Oct 7, 2015

Burma will soon be going to the polls in less than 5 weeks and it is widely considered a seminal election. It could change a militarily controlled democracy into a genuine one. Also, it has a huge bearing on the future of Aung San Suu Kyi. Listen in.

Follow us:
YouTube: https://www.youtube.com/channel/UCYPv…
Twitter: https://twitter.com/IndiaToday
Facebook: https://www.facebook.com/IndiaToday

kai

About kai

Kai has written 858 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.