ကဲ တရားနာပိတ်သတ် မတွေ့ရတာလဲကြာဘီ…

အ၀ှာအုပဒေအောင်ပွဲခြိမ့်ခြိမ့်သဲပီး သကာလ ကျောက်ဖြုံသီးစကပ်နဲ့ အုပ်… မိုးကြိုးလွှဲပါ တရားနာ ပိတ်သတ်ရဲ့…. :mrgreen:

အားလုံးဝိုင်းမဆဲခင်… လိုရင်းလေး ပြောရရင်….

တမြန်နေ့က ဂျီးဒေါ်တို့ရုံးကို ချင်ကျားပူနှစ်ယောက် ရောက်လာပြီး marketing ဆင်းသပေါ့ကွယ်…

(အဲ့လို လူကြုံရှိမှန်းသိ ဂျီးဒေါ်ချွိဆီက 6+ လေး အလှူခံခိုင်းလိုက်ပါတယ်)

:mrgreen:

လူမိုက်ခင်ဇော်သာ နာမည်ကြီးနေတာ အလှူအတန်းအင်မတန်ရက်ရောပြီး ရုပ်ချော သဘောကောင်းလေးဘာာာာာာာာ ရှိတာ အကုန်ချွတ်လှူ… အဲလေ… အကုန်တော့မချွတ်ဝူးပေါ့…..

ကလေးတွေ ပြန်ဂျပြန်ဂျ.. တန်းစီကြည့်မနေနဲ့ :mrgreen:

.

.

ပိတ်သတ်ကြီး…. အ၀ှာလေးဆက်ရရင် အဲလေ.. လိုရင်းလေးဆက်ရရင်….

ဘစ်ဇနက်အကြောင်း ဆွေးနွေးကြရင်း နိုင်ငံရေးပါလာသပေါ့ကွယ်….

ချင်ကျားနှစ်ယောက်က ရွေးကောက်ပွဲပြီးမှပဲ စီးပွားရေးတွေ ရင်းနှီးမြုတ်နှံမှုတွေ ပိုမိုပွင့်လမ်းလာမယ်ထင်ကြောင်း ပြောရင်းနဲ့ နိတို့ တိုင်းပြည်မှာဘယ်လို နာတို့တိုင်းပြည်မှာဘယ်လို အကြီးအကျယ်ပြိုင်ဂျရင်း သူတို့ပြောသွားတာက…

စင်္ကပူမှာကတော့ လီကွမ်ယုက ဖောင်ဒေးရှင်းကောင်းကောင်းချပြီးဖြစ်လို့ ဘယ်အစိုးရ/ဘယ်သူတက်တက် အများကြီးပြောင်းလဲ မသွားဘူး၊ အခြေခိုင်သွားပြီပြောပါတယ်….

လီကွမ်ယုက ပညာရေးကို အဓိက အခြေခံကောင်းကောင်းတည်ဆောက်ပေးခဲ့တယ်၊ နိုင်ငံရဲ့ လူလတ်တန်းစား တိုးတက်မှ နိုင်ငံတိုးတက်တာ၊ ပညာတတ်များလာတော့ ပညာတတ်တွေက အဖြောင့်အတိုင်းကောင်းကောင်းတွေးတယ်…

တွေးခေါ်ပုံတွေ အဆင့်တူတော့ တိုင်းပြည်အုပ်ချုပ်ရတာ လွယ်တယ်၊ တိုင်းပြည်တိုးတက်တယ်ပေါ့…. စသဖြင့် ဆွေးနွေးသွားပါတယ်…

ဆိုတော့..

ဒေါ်စုကလည်း ဒီလမ်းအတိုင်းသွားနေတာပါလားဆိုတဲ့ အတွေးလေးဝင်လာတယ်…

ဘယ်သူက ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား… ပြောပြော သူမကတော့ သူမလမ်းကြောင်းအတိုင်း မှန်မှန်သွားနေတာပါပဲ..

အမေ့အိမ်ပညာရေးသင်တန်းကျောင်းတွေ၊ စာကြည့်တိုက်တွေနဲ့ NLD လူငယ်တွေနဲ့ ပြည်သူတွေကို စနစ်တကျ အခြေခံကစ သင်တန်းပေးနေပါတယ်…

အောက်စဖို့ဆင်း သူမကိုယ်တိုင် အရည်အချင်းအပြင်… ချင်ကျားပူကို လေယဉ်စီးလုံးနဲ့ ဖိတ်ခေါ်ပြီး လီကွမ်ယုကြီးက ဂိုဒ်လိုင်းတွေ အကြံမပေးခဲ့ဘူးလို့ မပြောနိုင်ပါဘူး….

သူမရဲ့ NLD ကိုယ်စားလှယ်တွေကလည်း မှတ်ကျောက်အတင်ခံဝံ့တဲ့သူတွေချည်း ရွေးထားတာပါ။

ဒီလူတွေအားလုံး မြန်မာနိုင်ငံရေးထဲ ၀င်လာရင် မြန်မာ့နိုင်ငံရေး အနည်းနဲ့အများ အခြေအနေကောင်းလာမှာပါ….

ဒါပေသိ ပြသနာက အစိတ်သားနဲ့ အ၀ါရောင်အုပ်စု…..

(အီနေရာမှစပြီး မန်းဂွဇက် ဒဂျီး မဖတ်ရ) :mrgreen:

.

.

.

ကျနော်က အစိတ်သားတောင် အဲ့လောက်ပြသနာမထင်ဝူး… ချင်ကျားပူမှာလို စစ်မှုမထမ်းမနေရ အုပဒေပြဒါန်းလိုက်ရင် ကြာရင် တသွေးတသားထဲ ဖြစ်သွားမှာပဲ….

အဲ့မှာ စတွေ့တာ တရားနာပိတ်သတ်….. :mrgreen:

၁၈နှစ်ပြည့် ဘုန်းကြီး မဖြစ်မနေ၀တ်ရမယ် အုပဒေလဲ ပြဌာန်းလို့မရ….

စားအူးစားဖျားစားပြီး… ထင်ရာလုပ်နေတဲ့ အုပ်စု…… ဆိုတော့ ကျနော့်သဘောသာဆို သာသနာတော် သန့်ရှင်းရေးလုပ်ဖို့ လိုပြီ….

စီးမျဉ်းအုပဒေတွေထုတ် ဖောက်ဖျက်ရင် ဒဏ်ချ၊ ရာထူးချ…

ဟီးးးး ကိုယ်တော်တို့တောင် ဒဂါမဒွေအုစောင့်… အဲလေ မျိုးစောင့်ဂျသေးးးတာ ….

ဒဂါ/ဒဂါမဒွေလဲ ကိုယ်တော်တို့ပြန် အုပဒေ ထုတ်ပျဇေ….. :mrgreen:

ကိုယ်တော်တွေ ဘောမရှိရ…. အဲလေ.. ဘောပွဲမကျိရ၊ (၂)လုံး (၃)လုံး မလုပ်ရ၊ အတိတ်စိမ်းမပေးရ…. :mrgreen:

.

.

.

ဒါလေးက ကျွိကျွိ ဆီက “မ” လာတာ

.

Credit ဘိန်းစားဘွန်ဟောင်း

ဒီပုံပြင်ကို ၁၈+ ထဲထည့်ထားပါတယ်။

ကိုယ်ပိုင်ဦးဏှောက်နဲ့ဆုံးဖြတ်နိုင်ဖို့အတွက်ပေါ့။

နောက်တစ်ခုသေသေချာချာအသိပေးချင်တာက ဒီပုံပြင်ဟာ မဘသ မပေါ်ခင်ကထည်းကရှိခဲ့တဲ့ပုံပြင်ဖြစ်ပြီး ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးလို့။

ကဲ….. စပြီ။
တစ်ခါကရွာတစ်ရွာမှာမြန်မာပြည်ပေါက်တရုတ်ကြီးလင်မယားဟာ သားသမီးမထွန်းကားရှာတော့ သားသမီးမွေးစားဖို့ကြံစည်သတဲ့။

အလွန်ချေးများတဲ့တရုတ်ကြီးဟာ သားသမီးမွေးစားဖို့အခွင့်ကြုံလာတိုင်း…
“တီခလေးက မျိုးရိုးမီကောင်းဘူး။ သူ့အီဖေက အသားမည်းတဲ့မျိုးရိုး၊

သူ့အီမေက အကျင့်မီကောင်းဘူး။ သူ့အမေက ရီးစားများလယ် မီကြိုက်ဖူး၊ သူ့အီဖေကခိုးတဲ့အကျင့်စိလယ်..”
ဆိုပြီး အပြစ်ရှာပြီးချေးများနေတော့ မွေးစားခလေးတောင် မရနိုင်ဘူးဖြစ်နေသတဲ့။

ဒီလိုရှိနေစဉ် တစ် ရက်မတော့ တရုတ်ကြီးဟာ ကောင်လေးတစ်ယောက်ကို မွေးစားလိုက်တယ်ဆိုတော့ ဒီရွာထဲမှာဒီသတင်းဟာ အဆန်းဖြစ်သွားပြီး စုံစမ်းဖို့အတွက်

တရုတ်ကြီးအိမ်ကို လူတွေတော်တော်များများတောင် ရောက်နေကြတယ်ဆိုပဲ။ ဒါနဲ့လူတစ်ယောက်ကမေးတယ်……
“တရုတ်ကြီး မွေးစားဖို့ခလေးကို ဘယ်လိုအရည်အချင်းကြည့်ပြီးရွေးလိုက်တာလဲ” လို့မေးလိုက်တော့ ကျေနပ်အားရနေတဲ့ တရုတ်ကြီးက…

“ဒီခလေးက တကယ့်ကို ဆူတော်ကောင်းခလေးပဲ… ဘယ်လောက်ထိ ဆူတော်ကောင်းလဲဆို သူ့အီဖေက ဘုန်းကြီး၊ သူ့အီမေက မယ်သီလရှင်” တဲ့……။

ဆိုတော့ တရားနာပိတ်သတ်…..

ဒန်ပေါက်ထုတ်လေးများ ယူပြီးပြန်လို့ရပါဘီ….

.

.

ဘယ်ရမလဲ တရားပွဲပြီးမှဝေတာ နို့မိုမပြီးခင်ပြန်ရင် မရှိတဲ့ အခွက်တွေရှဲကုန်မာာာာ

:mrgreen:

Wow

About Wow

has written 59 post in this Website..