သတင်း ဂျာနယ် တွေထဲ၊ အင်တာနက်စာမျက်နှာတွေထဲ
စကားလုံး အကြီးကြီး တွေ နဲ့ ဝေဖန်မှုများ
မရိုးနိုင် အောင် တွေ့နေရ။
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုတောင် တွေ့လိုက်သေး။

.ဝေဖန်ကြပါ။
.ရင်ဖွင့်ကြပါ။
.ပြောကြပါ။

ဒါပေမဲ့
အဲဒီ စကားလုံး တွေ က တရားမျှတမှုအတွက် တိုက်ပွဲဝင်ပေးတာလား။
မတရားမှု ကို ပိုကြီး အောင် အားပေးနေတာလား။
ဆိုတာလေး ကို တော့ စမ်းစစ်ကြပါ။

မဟုတ်ရင်တော့ အဲဒါဟာ ပညာရှိ တဲ့ စကား မဟုတ် ဘဲ ပညာ တွေ ရိ နေတဲ့ စကားဘဲ ဖြစ်မယ်။

တစ်ချို့ က သိပ်ပြီး ပညာကြီးကြတယ်။
လက်ရှိမှာ ဖြစ်နေတဲ့ အကြပ်အတည်း ဒုက္ခ က ဘာလဲ ဆိုတာ ကို မသိဟန်ဆောင်နေကြတယ်။
ပထမ အဆင့် ကို မကျော်နိုင်သေးဘဲ ဒုတိယ အဆင့် ကို ရောက်ရင်ဖြင့် ဘယ်သို့ ဘယ်ချမ်းသာ၊ ဒီပုံ နဲ့ ဖြစ်ပါ့မလား ပေါ့။
မုန့်ဆီကြော် က ဘယ်မှာနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ပြောသလိုဘဲ။

တိုင်းပြည်ကို ဖိနှိပ်ထားတဲ့ လက်ထဲ က ရုန်းထွက်နိုင်ဖို့ စည်းလုံးနေရမဲ့အချိန်မှာ ရှေ့ကတိုးပေးနေသူ ကို ခြေထိုးပေးသလို လို့ ဘဲ ခံစားရတယ်။

လက်တွေ့မှာ အာဏာရှင် ဘဏ္ဍာခိုးများ ကြောက်တာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ဘဲ ရှိတယ်။
ဒါကလဲ တစ်ခြားကြောင့်မဟုတ်ဘူး။
သူ့ ကို ပြပြီး ကမ္ဘာမှာ နည်းလမ်းစုံ နဲ့ လုပ်စားလို့ ကောင်းလို့။
အဲဒီ အတွက်ကြောင့် ဒီအမျိုးသမီးကြီး ကို လူကြားထဲ လွှတ်ခဲ့တာ။
သေချာတာပေါ့။
အဲဒီနောက်မှာ ကျွန်မတို့ ရဲ့ အကြောက်တရားတွေ နဲနဲရော့ သွားတာ မြင်နိုင်သားဘဲ။
ကျွန်မတို့ ရှေ့မှာ အဲဒီ အမျိုးသမီးကြီး ရပ်နေတာကိုး။

အာဏာရှင်များက ဒီအမျိုးသမီးကြီး နဲ့ ယှဉ်ပြီး နာမည်ယူနိုင်ဖို့အတွက် ပြည်သူတွေကို ဟန်လုပ်ပြီး အလျှော့ပေးလာချိန်
အရင် ဟိုမရောက်ဒီမပေါက် ပညာသည်များမှ အဲဒါ ကို မျက်ကွယ်ပြုလာ ကြတယ်။
ပိုဆိုးတာက ကိုယ့်အစွမ်းနည်းပါးလို့ အရင်တုန်းက ဒီစစ်အာဏာရှင်တွေ ကို ထိအောင် မတိုက်နိုင်ခဲ့တဲ့ စကားလုံးကြီး တွေက ဒီ အမျိုးသမီးကြီး ဆီ ကို လှည့်လာကြတယ်။

မရောက်သေးတဲ့ အနာဂါတ် မှာ ဖြစ်လာနိုင်မဲ့ ပြသနာ တွေ ကို ချပြပြီး အာရုံ လွှဲ နေကြတယ်။
ပစ္စုပန် မှာ ရင်ဆိုင်နေရတဲ့ လက်တွေ့ဖြစ်နေတဲ့  ပြသနာ တွေ ကို ရင်မဆိုင် ရဲကြဘူး။
ဖြေရှင်းဖို့ ဉာဏ်မရှိကြဘူး။
အစွမ်းခွန်အား မရှိဘူး။
စကားလုံးချပြီး ရေးရုံကတော့ နိုင်ငံခြား ဘုတ်အုပ်ကြီးများ က အလွယ် ခိုးချ လို့ ပြောနိုင်တာ အလွယ်လေးပါ။
လက်တွေ့ရင်ဆိုင်ပြီး လုပ်ပြဖို့ သာ ခက်တာပါ။
ဒီ လူ တွေ အားလုံး က လက်တွေ့မှာ အာဏာရှင်များ ရဲ့ ခြေလှမ်း ကို ရပ်ဖို့ မပြောနဲ့။
သူတို့ က ကိုယ့်ဘဝ ကို နင်းမသွားအောင်တောင် မနဲ ရှောင်နိုင်ဖို့ လုပ်နေကြသူတွေချည်းဘဲ။
ကိုယ့်ကိုယ်ကိုတောင် ကောင်းကောင်း မကာကွယ်နိုင်ဘဲ အများပြည်သူ ကို ဘယ်လို ကာကွယ်နိုင်ဖို့ အစွမ်းရှိပါ့မလဲ။
ဒါပေမဲ့ ဆရာကြီး လုပ်ပြီး ပညာ လဲ ပြချင်တော့ အဝေး အခြေအနေ ကို လှမ်းပြီး ဝေဖန် နေကြတော့တာ လို့ ဘဲ မြင်ပါတယ်။

လက်ရှိမှာ အာဏာရှင်များရဲ့ မတရားနည်းပေါင်းစုံ ၊ ညစ်လုံးပေါင်းမျိုးစုံ နဲ့ ယုတ်မာနေမှု တွေ ကို ဝေဖန်ဖို့ မကြိုးစားရဲကြဘဲ
အဲဒီ ထောင်ချောက်တွေ ကို လွတ်အောင် ဘောင်ထဲ ကနေ ကြိုးစား ရှောင် နေရတဲ့ အမျိုးသမီး ကြီး ရဲ့ စကားလုံး တွေ ကို တော့
ရဲရဲ ဝင့်ဝင့် ဝေဖန်ရဲ ကြတဲ့/ ဝေဖန်နေကြတဲ့
.မြန်မာပြည် ကရော၊ ပြင်ပကရော ထိုထိုသော ပညာရိ ကြီး များ အားလုံး ရည်ရွယ်ပါသည်။

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..