အခုတလော တက္ကစီ တွေပဲ ဆက်တိုက် အစီးများဖြစ်တယ်ဆိုပါတော့..အဲ့ဒီလိုစီးဖြစ်တိုင်းလည်း ကျွန်တော့်ဝသီအတိုင်း တက္ကစီသမားကို ဟိုမေးဒီမေးအစုံမေးလေ့ရှိတယ်အဓိကပြောချင်တာကတော့ တက္ကစီသမားတွေရဲ့ ဘ၀တွေကို နည်းနည်းမျှဝေချင်တာပါ.. ဘာမှထူးခြားတဲ့အကြောင်းမဟုတ်ပေမဲ့ သူတို့ရဲ့ဘ၀ တစ်စိတ်တစ်ပိုင်းကို တင်ပြချင်တာသက်သက်ပါ(လျှာရှည်လို့ပြောလဲတတ်နိုင်ဘူး) တက္ကစီသမားနှစ်ယောက်ရဲ့ ဘ၀ကိုပဲ အခုလိုတိုတိုတုတ်တုတ် လေးပဲ တင်ပြလိုက်ရပါတယ်ခင်ဗျာ..

ပထမ တက္ကစီ သမားရဲ့ဘ၀လေးက ဒီလို .. သူက အရင်က လိုင်းကားမောင်းတာတဲ့ ရှားရှားပါးပါး.. ယာဉ်နောက်လိုက်စပယ်ယာတွေရဲ့ အကြိုက်မလိုက်နိုင်လို့တဲ့.. အဲ့ဒါလေးကြားမိတော့ တစ်ခါတစ်ခါ လိုင်းကားစီးရင်းတွေ့မိတာလေးကို သတိရတယ်.. ကိုယ်စီးနေတဲ့ကားက ယာဉ်မောင်းဘယ်သူဆိုတာ မကွဲပြားတော့ဘူး.. driver ခမျာ စပယ်ယာပါးစပ်က ထွက်လာတဲ့ စကားအတိုင်း လိုက်မောင်းပေးနေရတယ်.. မမောင်းပေးရင်လည်း နောက်ကနေ အတင်းတုတ်တာ ခံရမယ် မတော်ရင် အဆဲပါခံရတာမလား… အင်း ခေတ်ကပြောင်းပြီလေ.. နွားရှေ့ထွန်ကျူးတဲ့ခေတ်မလား…

ဒုတိယ တက္ကစီသမား.. သူကတော့ ဘ၀စုံတယ်ပဲပြောရမယ်.. သူ ဘွဲ့ရတော့ ကုမ္ပဏီတစ်ခုမှာ ခုနှစ် နှစ်လောက်လုပ်ဖူးတယ်တဲ့.. ပြီးတော့ အလုပ်ထွက် ရဲထဲဝင်တယ်ပြောတယ်.. နောက် စစ်တပ်ထဲထပ်ဝင်တယ်တဲ့… နောက်ထွက်ပြေးလို့သေနတ်နဲ့အပစ်ခံရ(ကံကောင်းလို့မသေ) ပြီး ထောင်ကျတယ်… နောက် လူသတ်မှုနဲ့ထောင်ကျတယ် သူ့အပြောအရတော့ လူဆိုတာ အသက်တစ်ရာမနေရ အမှုတစ်ရာ  ကြုံရတယ်တဲ့.. ထောင်ကထွက်လာတော့ ပထမနှစ်ကျောင်းသူလေးနဲ့အကြောင်းပါပြီး.. အခုတော့ ခြေငြိမ်ငြိမ်နဲ့ တက္ကစီးမောင်းပြီး       အသက်မွေးနေတာတဲ့လေ…အင်း ဘ၀ကစုံသလို အိမ်ထောင်ရေးကတော့ကံကောင်းတယ်ပဲပြောရမယ် ကိုယ့်ထက် အသက်ထက်ဝက်လောက်ငယ်တဲ့သူနဲ့ဖူးစာစုံတယ်ဆိုတော့လေ..(အားကျတယ်ကွယ် အဲ ထောင်ကျတာတော့တို့ ကျန်တာတွေတော့မပါရေးချမပါ..)..

ကျွန်တော်ရဲ့မဖြစ်ညစ်ကျယ် ဦးဏှောက် က တွေးကြည့်မိတာလေးရှိတယ်ဗျ.. ဒီလိုလေ… အခုခေတ် တက္ကစီ သမားတွေတိုင်းကို အကို ဒီနေ့ဆွဲကောင်းလား မေးကြည့်လိုက်ရင် အဖြေကတစ်သံတည်းထွက်လာမှာပါ.. အားလုံးသိတဲ့အတိုင်း မကောင်းပါဘူးညီရာ အိမ်ပြန်ရင် ကိုယ့်အတွက် ၃ထောင်လောက်မနည်းပြန်ပါအောင် လုပ်နေရတယ်ပဲ ပြောမှာ .. ဟုတ်တယ်လေ သေချာတာပေါ့.. ဒီနေ့ခေတ်လမ်းတွေ ပိတ်ပုံနဲ့ ၃ထောင်လောက်ကျန်အောင်တောင်မနည်း မောင်းနေရမလား.. ဘာပဲပြောပြော ပြောင်းလဲဖို့တော့လိုပြီလေ.. ဟုတ်တယ်မလား..(ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောသည်) အဲ့တော့ ကျွန်တော် ရွာသားအသစ်က ရွာထဲက ရေခံမြေခံ လူကြီးသူမ တွေကို တောင်းဆိုချက်လေးတစ်ခု ပြောချင်တာက တက္ကစီစီးရင် အရမ်းဈေးမစစ်ပါနဲ့လို့.. တတ်နိုင်ရင် သူတို့တောင်းတဲ့အတိုင်းသာပေးလိုက်..ဟုတ်ပြီလား..( ရိုက်ပေါက်တော့လုပ်လိုက်ပြီငါ့ကွ)

ကဲကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ် အခုတော့ တော်သေးပြီ…

 

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ.. လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ…

About Mr. Pocket

Mr. Pocket has written 9 post in this Website..