မ နန်းကေသီလှိုင်ကို အကူအညီတောင်းပြီး ၇ ရက် စာ ရအောင် ဟင်းစပ်ရော ဟင်းချက်နည်းရော ဓာတ်ပုံပါ တောင်းလိုက်တယ်။
အားပေးပါအူးးး

 

 

MONDAY

  1. မုန်ညင်းခါး ဟင်းရည်
  2. ငါးကြော် ပဲငါးပိချက်
  3. ဆင်ခရမ်းချဉ်သီး ပဲတောင့်ရှည်သုပ်
ငါးကြော်ပဲငါးပိချက်ကတော့ ငါးကို ကြော်ထား , ကြက်သွန်ဖြူ တပြားရိုက် , ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို လေးစိတ်ထိုးပြီး ထက်ဝက်ခြမ်း, ဂျငိးကို ပြားပြားလေးလှီးပြီး အချောင်းရှည်လေးတွေဖြစ်အောင် ရိတ်ရိတ်လှီး.. ဆီနဲနဲနဲ့ အရင်ကြော် , တရုတ်ပဲပုတ်စေ့ နဲ့ ငရုပ်ချဉ်ရည် နဲနဲထည့် , ကော်မှုန့်ကို ရေဖျော်ပြီး ထည့်.. စားခါနီးမှ ပြန်တည်ပြီး ငရုပ်ပွလေးတွေ လက်တဆစ်လောက်ထည့်ပြီး ကြော်ထားတဲ့ ငါးကြော်ပေါ်ကိုလောင်းချလို့ ကြက်သွန်မိတ်လေးတွေ အုပ်လိုက်ရင် ရပါပြိလို့.

ငါးကြော်ပဲငါးပိချက်ကတော့
ငါးကို ကြော်ထား , ကြက်သွန်ဖြူ တပြားရိုက် , ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို လေးစိတ်ထိုးပြီး ထက်ဝက်ခြမ်း, ဂျငိးကို ပြားပြားလေးလှီးပြီး အချောင်းရှည်လေးတွေဖြစ်အောင် ရိတ်ရိတ်လှီး.. ဆီနဲနဲနဲ့ အရင်ကြော် , တရုတ်ပဲပုတ်စေ့ နဲ့ ငရုပ်ချဉ်ရည် နဲနဲထည့် , ကော်မှုန့်ကို ရေဖျော်ပြီး ထည့်.. စားခါနီးမှ ပြန်တည်ပြီး ငရုပ်ပွလေးတွေ လက်တဆစ်လောက်ထည့်ပြီး ကြော်ထားတဲ့ ငါးကြော်ပေါ်ကိုလောင်းချလို့ ကြက်သွန်မိတ်လေးတွေ အုပ်လိုက်ရင် ရပါပြိလို့.

 

 

မုန်ညင်းခါးချက်ဖို့ရာ .. ရှမ်းပဲပုတ်အချပ်လေးတွေ မီးကင်ပြီးထောင်းတဲ့ အမှုန့်လေးက ဒီဟင်းမှာ မင်းသား .. ဂျင်း/ ကြက်သွန်ဖြူ ရိုက်ပြားရယ် / ကြက်သွန်နီ ပါးပါးလှီးတာလေး ပိစိညှောင့်တောင့်ထည့် / ပုဇွန်ခြောက်အကောင်လိုက်ကို ထုပြားပြီးထည့် / ပဲပုတ်မှုန့်လေးရယ်ကို ရေထည့်လို့ ပေါ့ ငံထည့်ပြီး တည်ထားရုံ / ပွက်ပြီဆိုမှ ခရမ်းချဉ်သီးတလုံးကို လက်နဲ့ထိုးခွဲပြီး ဖြဲထည့်လိုက်ရော , စားခါနီးမှ မုန်ညင်းခပ်ပြီး မုန်ညင်းလေးစိမ်းလာပီဆို စားလို့ရပါပြီလို့...

မုန်ညင်းခါးချက်ဖို့ရာ .. ရှမ်းပဲပုတ်အချပ်လေးတွေ မီးကင်ပြီးထောင်းတဲ့ အမှုန့်လေးက ဒီဟင်းမှာ မင်းသား .. ဂျင်း/ ကြက်သွန်ဖြူ ရိုက်ပြားရယ် / ကြက်သွန်နီ ပါးပါးလှီးတာလေး ပိစိညှောင့်တောင့်ထည့် / ပုဇွန်ခြောက်အကောင်လိုက်ကို ထုပြားပြီးထည့် / ပဲပုတ်မှုန့်လေးရယ်ကို ရေထည့်လို့ ပေါ့ ငံထည့်ပြီး တည်ထားရုံ / ပွက်ပြီဆိုမှ ခရမ်းချဉ်သီးတလုံးကို လက်နဲ့ထိုးခွဲပြီး ဖြဲထည့်လိုက်ရော , စားခါနီးမှ မုန်ညင်းခပ်ပြီး မုန်ညင်းလေးစိမ်းလာပီဆို စားလို့ရပါပြီလို့…

 

ပဲသီးစိမ်းဆင်ခရမ်းချဉ်သီးသုပ် နဲ့ ငါးဖယ်သုပ်က ဆင်တူတယ် … ပဲသီးစိမ်းကို သင်ပြီး ရေစိမ်ထားလို့ ရေခဲသေတ္တာထဲထားထားလိုက် , စားခါနီးမှ ရိတ်ရိတ်လှီးထည့် .. ဆင်ခရမ်းချဉ်က မီးဖုတ်ပြီးမှ သုတ်ရင် ပိုမွှေးတယ် .. (မားနန်းကတော့ မီးမမွှေးတော့ အစိမ်းလိုက်အခွံခွာတောက်တောက်စင်းပစ်ရော ) ကြက်သွန်ဖြူ ငရုပ်သီး နံနံပင် ရိတ်ရိတ်လှီး , ငါးပိထောင်းထည့် , ပုဇွန်ခြောက်မှုန့်ထည့်လို့ ပေါ့ ငံလေးမြည်းကာ သုပ်လိုက်ရင် ဟင်းတခွက်ဖြစ်ပြီ ..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

TUESDAY

  1. ဝက်သားလုံး ရှမ်းချက် မွှေးမွှေးလေး
  2. အသုပ်က ငါးဖယ်ပေါင်းကိုပဲတောင့်ရှည်အစိမ်းနဲ့ ငါးပိလေးနဲ့ သုပ် ..

 

ဝက်သားလုံးချက်လေးကတော့.. ဝက်သားကိုတောက်တောက်စင်း . ကြက်သွန်ဖြူ/ဂျင်းတောက်တောက်စင်း , နံနံပင် , ကုလားနံနံ, ပင်စိမ်း, ဖက်ဖယ် ရိတ်ရိတ်လှီးလို့ ကော်မှုန့်နဲ့နယ်လို့ အလုံးလေးတွေလုံး (အသားထက်အစာပလာများနေမယ်နေည်.. အသားပမာဏကိုချိန်လို့ အရွက်တွေထည့်ကြပါလို့ ဟိဟိ), အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးစိမ်း ရိတ်ရိတ်လှီးကာ ထညိ့နယ်နိုင်ပါတယ်... အာ့ပြီးတော့ ဆီပါလေကာလေးအိုးလူးပြီး အသားလုံးလေးတွေ စီပြီးထည့်ကြော် ... အာ့ကသပ်သပ်ထားထား . ခရမ်းချဉ်သီးကို ပြုတ်ထားပြီးတောက်တောက်စင်း , ကြက်သွန်နီ/ဖြူ ကို ညက်ညက်လေးထောင်းဆီသတ်ကြော် ပြီးခရမ်းချည်သီးထည့် (ဆီအများကြီးထည့်စရာမလိုပါဘူး) ပဲပုတ်ထောင်းထားတဲ့ အမှုန့်လေးထည့်ပြီး အရောင်ပြောင်းလာရင် ခုနက ကြော်ထားတဲ့ ဝက်သားလုံးလေးထည့်ခဏအုပ်ပြီး ပန်းကန်လေးနဲ့ခူး နံနံပင် အုပ်စားရင် အိုကေသွားပါပြီ... အရမ်းရှည်သွားသလား .. သများက စားချင်တဲ့ အရသာရအောင် အဲ့လိုစိတ်ရှည်လက်ရှည်ချက်တယ် ..

ဝက်သားလုံးချက်လေးကတော့.. ဝက်သားကိုတောက်တောက်စင်း . ကြက်သွန်ဖြူ/ဂျင်းတောက်တောက်စင်း , နံနံပင် , ကုလားနံနံ, ပင်စိမ်း, ဖက်ဖယ် ရိတ်ရိတ်လှီးလို့ ကော်မှုန့်နဲ့နယ်လို့ အလုံးလေးတွေလုံး (အသားထက်အစာပလာများနေမယ်နေည်.. အသားပမာဏကိုချိန်လို့ အရွက်တွေထည့်ကြပါလို့ ဟိဟိ), အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးစိမ်း ရိတ်ရိတ်လှီးကာ ထညိ့နယ်နိုင်ပါတယ်… အာ့ပြီးတော့ ဆီပါလေကာလေးအိုးလူးပြီး အသားလုံးလေးတွေ စီပြီးထည့်ကြော် … အာ့ကသပ်သပ်ထားထား . ခရမ်းချဉ်သီးကို ပြုတ်ထားပြီးတောက်တောက်စင်း , ကြက်သွန်နီ/ဖြူ ကို ညက်ညက်လေးထောင်းဆီသတ်ကြော် ပြီးခရမ်းချည်သီးထည့် (ဆီအများကြီးထည့်စရာမလိုပါဘူး) ပဲပုတ်ထောင်းထားတဲ့ အမှုန့်လေးထည့်ပြီး အရောင်ပြောင်းလာရင် ခုနက ကြော်ထားတဲ့ ဝက်သားလုံးလေးထည့်ခဏအုပ်ပြီး ပန်းကန်လေးနဲ့ခူး နံနံပင် အုပ်စားရင် အိုကေသွားပါပြီ… အရမ်းရှည်သွားသလား .. သများက စားချင်တဲ့ အရသာရအောင် အဲ့လိုစိတ်ရှည်လက်ရှည်ချက်တယ် ..

 

ငါးဖယ်ကိုကျတော့ ကြက်ဥအကာလေးနဲ့နယ် . ပိန်ရှည်ရှည်လေးတွေဖြစ်အောင် လက်ကလေးနဲ့ညစ် , ထမင်းပေါင်းအုးချက်တဲ့ချိန် အပေါ်ကန့်လေးမှာထည့်ထားလိုက်ရော , ရရင် အတုံးလေးတွေလှီး ပဲတောင့်ရှည်ရိတ်ရိတ်လှီးထားတာနဲ့ သံပုရာသီး ငါးပိထောင်း နဲ့ သုပ်ပလိုက်တာ , နံနံပင် နဲ့ ငရုပ်သီးကတော့ ရိတ်ရိတ်လှီးထည့်တာပေါ့ ... အဲ့ အသုပ် ၂ခုလုံးကို မကျည်းမှဲ့ရည်ထည့်သုပ်လို့လဲရသလို, ကြက်သွန်ဖြူကြော်ပြီးသားကို အမှုန့်ဖြစ်အောင် ထောင်းပြီး ထည့်စားရင် ပိုကောင်းတယ် သက်လား .. မွှေးမွှေးလေး ..

ငါးဖယ်ကိုကျတော့ ကြက်ဥအကာလေးနဲ့နယ် . ပိန်ရှည်ရှည်လေးတွေဖြစ်အောင် လက်ကလေးနဲ့ညစ် , ထမင်းပေါင်းအုးချက်တဲ့ချိန် အပေါ်ကန့်လေးမှာထည့်ထားလိုက်ရော , ရရင် အတုံးလေးတွေလှီး ပဲတောင့်ရှည်ရိတ်ရိတ်လှီးထားတာနဲ့ သံပုရာသီး ငါးပိထောင်း နဲ့ သုပ်ပလိုက်တာ , နံနံပင် နဲ့ ငရုပ်သီးကတော့ ရိတ်ရိတ်လှီးထည့်တာပေါ့ … အဲ့ အသုပ် ၂ခုလုံးကို မကျည်းမှဲ့ရည်ထည့်သုပ်လို့လဲရသလို, ကြက်သွန်ဖြူကြော်ပြီးသားကို အမှုန့်ဖြစ်အောင် ထောင်းပြီး ထည့်စားရင် ပိုကောင်းတယ် သက်လား .. မွှေးမွှေးလေး ..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

WEDNESDAY

  1. ချဉ်ပေါင်ရုံးပတီ ကြော်
  2. ကြက်သား အာလူး ချက်
  3. ငံပြာရည်ဆီသတ်
  4. အတို့

 

ချဉ်ပေါင်ကိုကြော်မယ်ဆို ကြက်သွန်နီ/ဖြူ ထောင်း ပုဇွန်ခြောက်ထောင်း ဆီသတ် ငါးပိနဲနဲထည့် ငရုပ်သီးလှော််မှုန့်ထည့် ချဉ်ပေါင်ကိုအရင်ထည့်ကြော်ပြီးမှ နွမ်းပြီဆိုမှ ရုံးပတေသီး ထည့်လိုက်တာပဲ ...

ချဉ်ပေါင်ကိုကြော်မယ်ဆို ကြက်သွန်နီ/ဖြူ ထောင်း ပုဇွန်ခြောက်ထောင်း ဆီသတ် ငါးပိနဲနဲထည့် ငရုပ်သီးလှော််မှုန့်ထည့် ချဉ်ပေါင်ကိုအရင်ထည့်ကြော်ပြီးမှ နွမ်းပြီဆိုမှ ရုံးပတေသီး ထည့်လိုက်တာပဲ …

 

မားနန်းက ခရမ်းချဉ်သီး မသုံး… ကြက်သွန်ဖြူ /နီ/ဂျင်း ကို ထောင်း… ထောင်းလို့ရတဲ့အရည်ကို ကြက်သား/ ဆား အချိုမှုန့်. ကြာညို့ အရောင်တင်မှုန့်နဲနဲ (ပိစိလေးပဲ) ထည့်နယ်ပြီးနပ်ထား …. အာလူးကိုကြော်ပြိးဆယ် ခုနက အရည်ညှစ်ထားတဲ့ ဂျင်းကြက်သွန်ထောင်းကို ကြော်နီလာမှ ကြက်သားထည့်လုံးပြီး အုပ်ထားတာ.. ပြီးမှ အာလူးရောတယ်… မဆလာကြိုက်ရင် နဲနဲလေးထည့်ချက် ကလေးတေမကြိုက်လို့ မားနန်းတော့မထည့် …

 

ငံပြာရည်ကတော့ ကြက်သွန်နီ ပါးပါးလှီး / ဖြူလဲ ကွင်းလိုက်လေးတွေလှီး / ပုဇွန်ခြောကိထောင်းထား .. အာ့ပြီးရင် ကြက်သွန်ဖြူနီကြော် အရောင်ရဲလာရင် ပုဇွန်ခြောက်ထောင်းထည့်ကြော်. ငရုပ်ကြမ်းမှုန့်ထည့်ကြော်ပြီး ယိုးဒယားက ပုဇွန်ထမ်းငံပြာရည်ထည့်ကျိုလိုက်တာ . ရေတော့ရောတာပေါ့

 

34

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

THURSDAY

  1. ပုဇွန်ကို နာနတ်သီးနဲ့ ချိုချဉ်ကြော်မယ်
  2. ငှက်ပျောဖူးကို ပဲပုတ်စေ့အချဉ်နဲ့ ကြော်မယ်
  3. ရေပြောင်းဖူးနဲ့ အော်စွန်း သုပ်မယ်
  4. အခြောက်ကြော်က ဝက်အူချောင်း အငံနဲ့ အမဲခြောက် ကြော် မှာ။

 

ပုဇွန်ခေါင်းမပါ အသားချည်းပဲဝယ်... အတုံးလေးတွေလှီး နာနတ်သီး အတုံးလေးတွေလုပ်.. ကြက်သွန်ဖြူရိုက်ပြီး နီလေးစိတ်ထိုး ခရမ်းချဉ်အတူံးလေးတွေလှီး .. ဂျင်းကို အပြားလိုက်ပါးပါးလှီးပြီး အချောင်းရှည်လေးဖြစ်အောင်ပြန်လှီးဖြတ်ထား ... ငရုပ်ပွ အတုံးလေးတွေလှီး... ဆီနဲနဲနဲ့ ဖြူနီ ကြော် ဂျင်းကြော် ခရမ်းချဉ်သီးထည့်လို့ အနံလေးတွေထွက်လာရင် ပုဇွန်ထည့် နာနာတ်သီးထည့် ကြက်ာဆော့ထည့်ပြီး ငရုပ်ပွထည့်ကြော်လိုက်ရင် ရပြီ.. ချို ငံ ထည့်တာတွေ ပြောတော့ဘူး

ပုဇွန်ခေါင်းမပါ အသားချည်းပဲဝယ်… အတုံးလေးတွေလှီး
နာနတ်သီး အတုံးလေးတွေလုပ်.. ကြက်သွန်ဖြူရိုက်ပြီး နီလေးစိတ်ထိုး ခရမ်းချဉ်အတူံးလေးတွေလှီး .. ဂျင်းကို အပြားလိုက်ပါးပါးလှီးပြီး အချောင်းရှည်လေးဖြစ်အောင်ပြန်လှီးဖြတ်ထား … ငရုပ်ပွ အတုံးလေးတွေလှီး…
ဆီနဲနဲနဲ့ ဖြူနီ ကြော် ဂျင်းကြော် ခရမ်းချဉ်သီးထည့်လို့ အနံလေးတွေထွက်လာရင် ပုဇွန်ထည့် နာနာတ်သီးထည့် ကြက်ာဆော့ထည့်ပြီး ငရုပ်ပွထည့်ကြော်လိုက်ရင် ရပြီ.. ချို ငံ ထည့်တာတွေ ပြောတော့ဘူး

 

ရေပြောင်းဖူး ကအခွံခွာ
အော်စွန်းနဲ့ ရေပြောင်းဖူး ကိုအချောင်းရှည်လေးတွေလှီး ..ရေစိမ်ထား
ခါကြက်ဥလဲလှီးထား
ခရမ်းချဉ်သီးပြုတ်တောက်တော်က်စင်း ကြက်သွန်ဖြူ ငရုပ်သီး တောက်တောက်စင်း
နံနံပင် ပါးပါးလှီး . ငရုပ်သီးကြော်ပြီးသားလဲထည့် သံပုရာသီးညှစ်
ပန်ထွေဖျော်လိုပဲပေါ့ .. အဲ့လိုလုပ်ထားပြီးမှ စားခါနီးမှ ရေစိမ်ထားတာတွေဆယ်လိုက် ဆားဟင်းချိုမှုန့်နဲ့နယ်.. ခုနက ခရမ်းချဉ်သီးဖျော်ထားတာလောင်းထည့် နယ်ပြီး အပေါ်ကနေ မြေပဲဆံထောငိးလေးဖြူး နံနံပင်အုပ်ပြီး စားလို့ရပြီ
ပုဇွန်ထမ်းငံပြာရည်လေးပါထည့်လိုက်…မှိုဆီကြော်ရှိရင် ထညိ့သုပ်တယ်

 

 

ငှက်ပျောဖူး ဝယ် ၂ရေလောက်ပြုတ် … အရင့်တွေသင် ..အနုတေ်ွပဲရွေးထား
ဖြူ နီ ထောင်း .. ခရမ်းချဉ်တလုံးလောက်တောက်တောက်စင်း.
ဆီသတ်
ပြီးမှ ငပျောဖူးထည့်
နူးအိပြီဆို တရုတ်ကလာတဲ့ ပဲပုတ်စေ့ချဉ်ဗူး ထည့်ကြော်ပြီး ငရုပ်သီးတောင့်အခြောက်ကြော်လေးဖြူးလိုက်ရော

 

အခြောက်ကြော်ကတော့ ရယ်ဒီမတ်ကို ဒီတိုငိးဆီထဲ ရှလောဆို ကြော်တာ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

FRIDAY

  1. ရှမ်းဝက်သားလုံးဟင်းရည်
  2. ပဲပုတ်ထောင်း
  3. မုန်ညင်းခါးကြော်

 

ဝက်သားကို တောက်တောက်စင်းလို့ ပင်စိမ်း၊ဖက်ဖယ်၊ နံနံ ၊ ကြက်သွန်ဖြူ/နီ ၊ ခရမ်းချဉ် တို့ တောက်တောက်စင်းကာ ပဲပုတ်မုန့်နဲနဲ ၊ ရာဖစ်(အစပ်အရသာအနည်းငယ်ရှိတဲ့ အမှုန့်) တို့နဲ့နယ်ကာ အလုံးကလေးတွေ လုံးကာကြော် ထား.. အသားလုံးတဲ့ထဲ ခရမ်းချဉ်သီးကိုပါထည့် လုံးတယ်.. ပြီးရင် ဆီမကပ်တဲ့အိုးထဲ ဆီးပါးပါးသုပ်ပြီး အရင်ကြော်တယ်..

 

ဟင်းရည်မှာကျတော့ (ချက်တုန်းကတိုင်းအရွက်ပလက်တွေထည့်)
ဟင်းရည်ထဲကို ဆား ဟင်းချိုမှုန့်ဂျင်း/ကြက်သွန်ဖြူ တပြားရိုက်လို့ ပဲပုတ်မှုန့် / ရာဖစ် (ရှမ်းလိုအခေါ် ဆေးခါးစပ်စပ်လေး) ထည့်လို့ နံနံပင်အုပ်ပြီး သောက်လိုက်ရုံ… ဟင်းရည်ကတော့ မလှပဘူးဖြစ်နေတယ် ..
ဂျင်း/ကြက်သွန်ဖြူ ခရမ်းချဉ်နဲနဲနဲ့ ဟင်းရည်တည်ထား အရွက်နဲနဲအုပ်ထား
(စားခါနီးမှ အသားလုံးထည့် နွေးလိုက်မလို့)

 

မုန်ညင်းခါးကြော်တာကျ ... ကြက်သွန်နီနဲ့ ခရမ်းချဉ်လေးစိတ်ထိုး ဖြူနဲ့ ဂျင်းဒါးပြားရိုက်. ပုဇွန်ခြောက်ထောင်းထား ... ပြီးရင် အာ့တွေဆီသတ်ကြော် .. မုန်ညင်းခါးလေးထည့်ပြီး ရခါနီးကျ ပဲပုတ်ထောင်းအမှုန့်လေးထည့်လို့ အရည်စပ်စပ်လေးကြော်ချက် ချက်စားနိုင်ပါတယ်ရှင့်

မုန်ညင်းခါးကြော်တာကျ … ကြက်သွန်နီနဲ့ ခရမ်းချဉ်လေးစိတ်ထိုး ဖြူနဲ့ ဂျင်းဒါးပြားရိုက်. ပုဇွန်ခြောက်ထောင်းထား … ပြီးရင် အာ့တွေဆီသတ်ကြော် .. မုန်ညင်းခါးလေးထည့်ပြီး ရခါနီးကျ ပဲပုတ်ထောင်းအမှုန့်လေးထည့်လို့ အရည်စပ်စပ်လေးကြော်ချက် ချက်စားနိုင်ပါတယ်ရှင့်

 

ပဲပုတ်ချပ်မီးဖုတ်ထောင်းထား . ခရမ်းချဉ်သီးပြုတ် (ဖုတ်ပါက ပိုမွှေး) တောက်တောက်စင်း . ပင်စိမ်း ငရုပ်သီး ကြက်သွန်ဖြူ ဂျင်းကိုထောင်း ..အားလုံးရောပြီး ငရုပ်ဆုံထဲထည့်ထောင်းလို့ ပေါ့ငံမြည်းကာ စားသုံးနိုင်ပါတယ်..

ပဲပုတ်ချပ်မီးဖုတ်ထောင်းထား . ခရမ်းချဉ်သီးပြုတ် (ဖုတ်ပါက ပိုမွှေး) တောက်တောက်စင်း . ပင်စိမ်း ငရုပ်သီး ကြက်သွန်ဖြူ ဂျင်းကိုထောင်း ..အားလုံးရောပြီး ငရုပ်ဆုံထဲထည့်ထောင်းလို့ ပေါ့ငံမြည်းကာ စားသုံးနိုင်ပါတယ်..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

SATURDAY

  1. ဗူးညွှန့် ဆူးပုတ် ရွှေဖရုံသီး မှို နဲနဲ ကို ပုဇွန်ခြောက်နဲ့ ဟင်းရည်ချက် ပင်စိမ်းခပ်။
  2. မှိုချက်
  3. ကြက်သွန်ဖြူ ငရုတ်သီး ပုဇွန်ခြောက်ကို ထောင်း သံပုရာသီးညစ်ပြီး ဟင်းရည်ထဲက အရွက် / မှိုချက်နဲ့ မြှုပ်စာ  သားကြီး ငါးကြီး မပါတဲ့ဟင်း

 

ဗူးညွှန့် ဟင်းရည် က
ဖြူ နီ ထောင်း
ပုဇွန်ခြောက်ထောင်း
ဆီလေး တစက်ထည့်
ရေနဲ့တည်ထား ဆား အချိုမှုန့်ထည့်ပြီး
ပွက်မှ ဖရုသီးထည့်
ဖရုံသီးရပြီဆို မှိုထည့် , ဆူးပုတ် ဘူးညွှန့် ကတော့ ထမင်းစားခါနီးမှ ထည့်တာ , ပီးမှ ခူးခါနီး ပင်စိမ်းလေး ပစ်ထည့်လိုက်ရော …

 

 မှိုချက် တာကြတော့ ဖြူနီထောင်း /ခရမ်းချဉ်တောက်တောက်စင်း , အာ့တွေ ဆီသတ် / ဆီပျံလာ မှိုထည့်ချက် မှိုရခါနီးမှ ကန်ဇွန်းရွက် နဲနဲထည့် ငရုပ်သီးစိမ်းတောင့် ရိုက်ပြားလေးထည့်လ်ု့ မွှေးမွှေးလေးနဲ့ စားလို့ရပါပြီ


မှိုချက် တာကြတော့ ဖြူနီထောင်း /ခရမ်းချဉ်တောက်တောက်စင်း ,
အာ့တွေ ဆီသတ် / ဆီပျံလာ မှိုထည့်ချက် မှိုရခါနီးမှ ကန်ဇွန်းရွက် နဲနဲထည့်
ငရုပ်သီးစိမ်းတောင့် ရိုက်ပြားလေးထည့်လ်ု့ မွှေးမွှေးလေးနဲ့ စားလို့ရပါပြီ

 

ကြက်သွန်ဖြူ ငရုတ်သီး ပုဇွန်ခြောက်ကို ထောင်း၊ သံပုရာသီးညစ်ပြီး ဟင်းရည်ထဲက အရွက် / မှိုချက်နဲ့ မြှုပ်စား

ကြက်သွန်ဖြူ ငရုတ်သီး ပုဇွန်ခြောက်ကို ထောင်း၊
သံပုရာသီးညစ်ပြီး ဟင်းရည်ထဲက အရွက် / မှိုချက်နဲ့ မြှုပ်စား

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

SUNDAY

  1. ငါးမာလာချက်၊
  2. အာလူးထောင်း၊
  3. စွန်တန်ဟင်းရည်

 

 ငါးမာလာချက်​လဲ မာလာအနှစ်​ဝယ်​လိုက်​တာ .. ကြက်​သွန်​ဖြူနီ ​ထောင်း ခရမ်းချဉ်​​တော်က်​​တောက်​စင်း . ငါးကိုအရင်​​ကြော်​ထား . ပြီးရင်​ ခရမ်းချဉ်​အနှစ်​ဆီသတ်​ထဲ့ထဲ ဆား​ကောထည့်​ချက်​ / ဂျင်းပါးပါးရှည်​ရှည်​​လေး​တွေလှီး မာလာနှစ်​ထည့်​... . ငါးထည့်​ပြီး... ပင်​စိမ်း ဖက်​ဖယ်​ ကုလားနံနံ အုပ်​လိုက်​တာ


ငါးမာလာချက်​လဲ မာလာအနှစ်​ဝယ်​လိုက်​တာ .. ကြက်​သွန်​ဖြူနီ ​ထောင်း ခရမ်းချဉ်​​တော်က်​​တောက်​စင်း
.
ငါးကိုအရင်​​ကြော်​ထား
.
ပြီးရင်​ ခရမ်းချဉ်​အနှစ်​ဆီသတ်​ထဲ့ထဲ ဆား​ကောထည့်​ချက်​ / ဂျင်းပါးပါးရှည်​ရှည်​​လေး​တွေလှီး မာလာနှစ်​ထည့်​…
.
ငါးထည့်​ပြီး… ပင်​စိမ်း ဖက်​ဖယ်​ ကုလားနံနံ အုပ်​လိုက်​တာ

 

 အာလူးကိုပြုတ်​ . ​စေး​နေ​အောင်​​ထောင်း . ကြက်​သွန်​ဖြူ ရိုကိပြား . တရုတ်​မုန်​ညင်းချဉ်​အစပ်​ကို ရိတ်​ရိတ်​လှီးထား . ဆီပါးပါး​လေးကို ကြက်​သွန်​ဖြူ ထည့်​​ကြော်​ မူန်​ညင်းချဉ်​ထည့်​ . ပြီးရင်​​ထောင်းထားတဲ့အာလူးထည့်​ . ​ကော်​မှုန့်​နဲနဲနဲ့​ရေနဲ့ ​ဖျော်​ထားတဲ့ အရည်​ထည့်​ . ​ပျော့ပြီး​ရေခမ်းပြီထင်​ရင်​ ခူးလိုက်​ပြီး ငရုပ်​​ကြော်​ဆီဆမ်းပြီး စားရုံပဲ . တရုတ်​ဟင်းအားလုံး ဆား​ကော နဲနဲဆီထည့်​တယ်​​နော်


အာလူးကိုပြုတ်
.
စေး​နေ​အောင်​​ထောင်း
.
ကြက်​သွန်​ဖြူ ရိုကိပြား
.
တရုတ်​မုန်​ညင်းချဉ်​အစပ်​ကို ရိတ်​ရိတ်​လှီးထား
.
ဆီပါးပါး​လေးကို ကြက်​သွန်​ဖြူ ထည့်​​ကြော်​ မူန်​ညင်းချဉ်​ထည့်
.
ပြီးရင်​​ထောင်းထားတဲ့အာလူးထည့်
.
ကော်​မှုန့်​နဲနဲနဲ့​ရေနဲ့ ​ဖျော်​ထားတဲ့ အရည်​ထည့်
.
ပျော့ပြီး​ရေခမ်းပြီထင်​ရင်​ ခူးလိုက်​ပြီး ငရုပ်​​ကြော်​ဆီဆမ်းပြီး စားရုံပဲ
.
တရုတ်​ဟင်းအားလုံး ဆား​ကော နဲနဲဆီထည့်​တယ်​​နော်

 

 စွန်​ထန်​​ခြောကိကို ​ရေ​ဆေး . အရိုးဟင်းရည်​ရှိရင်​ ပို​ကောင်းတယ်​.... . အရိုးဟင်းရည်​ထဲ ဆွန်​တန်​​ခြောက်​ထည့်​ . ဟင်းရည်​ထည့်​မယ့် ပန်းကန်​ထဲ . ကြက်​သွန်​ဖြူ ဂျင်းငရုပ်​သီးစိမ်း ရိုက်​ပြား . ခရမ်းချဉ်​ ကြက်​သွန်​နီ ​လေးစိတ်​ထိုး . နံနံပင်​ထည့်​ . စားခါနီးမှ ဆွနိထန်​​ခြောကိနဲ့ အရိုးဟင်းရည်​​လေး​လောင်းထည့်​ . နမ်းဆီ​မွှေး တစက်​ ၂စင်​ထည့်​ . အချို ငံ ထည့်​တာ ​ရေး​တော့ဝူး . ကွကိုယ်​မြည်းကြ​တော့ . ဟီး


စွန်​ထန်​​ခြောကိကို ​ရေ​ဆေး
.
အရိုးဟင်းရည်​ရှိရင်​ ပို​ကောင်းတယ်​….
.
အရိုးဟင်းရည်​ထဲ ဆွန်​တန်​​ခြောက်​ထည့်
.
ဟင်းရည်​ထည့်​မယ့် ပန်းကန်​ထဲ
.
ကြက်​သွန်​ဖြူ ဂျင်းငရုပ်​သီးစိမ်း ရိုက်​ပြား
.
ခရမ်းချဉ်​ ကြက်​သွန်​နီ ​လေးစိတ်​ထိုး
.
နံနံပင်​ထည့်
.
စားခါနီးမှ ဆွနိထန်​​ခြောကိနဲ့ အရိုးဟင်းရည်​​လေး​လောင်းထည့်
.
နမ်းဆီ​မွှေး တစက်​ ၂စင်​ထည့်
.
အချို ငံ ထည့်​တာ ​ရေး​တော့ဝူး
.
ကွကိုယ်​မြည်းကြ​တော့
.
ဟီး

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120